လက်နက်ကိုင် အဖွဲ့များက ဂုတ်ကြီး တောင်တန်းသာသနာပြုဆရာတော် နှင့် လူပုဂ္ဂိုလ် ၇၀ ကျော်ကို ဖမ်းဆီး

963

သုတကျော် (NP News) - စက်တင်ဘာ ၃၀
လက်နက်ကိုင် အဖွဲ့များက ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတွင် သီတင်းသုံးတော်မူနေသည့် တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တဝဏ္ဍိ နှင့် လူပုဂ္ငိုလ် ၇၀ ကျော် ကို ဖမ်းဆီး သွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက် နှင့် ၂၉ ရက်တို့တွင် ဂုတ်ကြီးကျေးရွာကို AA၊ PRA၊ ACDF၊ CDF၊ SAF တို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ယမန့်နေ့ (စက်တင်ဘာလ ၂၉ ရက်) နံနက်ပိုင်းက ဂုတ်ကြီးနယ်မြေရဲစခန်းအား စီးနင်းတိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၀ဉီးခန့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ညနေပိုင်းတွင် ဂုတ်ကြီးတောင်တန်းသာသနာပြုကျောင်းမှ တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တဝဏ္ဍိတ နှင့် သက်ကြီးရွယ်အိုအများစုပါဝင်သော ဂုတ်ကြီးကျေးရွာသား ၇၃ ဦီးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
"သူတို့ ပြန်အဆုတ်မှာ ဂုတ်ကြီး တောင်တန်းသာသနာပြု ဆရာတော် နဲ့ လူ ၇၃ ယောက်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားတာလို့ သိရတယ်" ဟု ဒေသခံတစ်ဦးက ယနေ့ (စက်တင်ဘာလ ၃၀ ရက်) ညပိုင်းတွင် ပြောသည်။
ဂုတ်ကြီးကျေးရွာသည် ပြည်သူ့စစ်ကျေးရွာ ဖြစ်သည့်အတွက် ယခုကဲ့သို့ ပူးပေါင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇင်ပြွန်း ပြည်သူ့စစ်ရွာကိုလည်း ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ပြောကြားသွားကြောင်းသိရသည်။
zawgyi version
လက္နက္ကိုင္ အဖြဲ႕မ်ားက ဂုတ္ႀကီး ေတာင္တန္းသာသနာျပဳဆရာေတာ္ ႏွင့္ လူပုဂၢိဳလ္ ၇၀ ေက်ာ္ကို ဖမ္းဆီး
သုတေက်ာ္ (NP News) - စက္တင္ဘာ ၃၀
လက္နက္ကိုင္ အဖြဲ႕မ်ားက ငဖဲၿမိဳ႕နယ္၊ ဂုတ္ႀကီးေက်း႐ြာတြင္ သီတင္းသုံးေတာ္မူေနသည့္ ေတာင္တန္းသာသနာျပဳဆရာေတာ္ ဘဒၵႏၲဝ႑ိ ႏွင့္ လူပုဂ္ငိဳလ္ ၇၀ ေက်ာ္ ကို ဖမ္းဆီး သြားခဲ့ေၾကာင္း ေဒသခံမ်ားထံက သိရသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ ၂၈ ရက္ ႏွင့္ ၂၉ ရက္တို႔တြင္ ဂုတ္ႀကီးေက်း႐ြာကို AA၊ PRA၊ ACDF၊ CDF၊ SAF တို႔က ျပင္းျပင္းထန္ထန္ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ယမန႔္ေန႔ (စက္တင္ဘာလ ၂၉ ရက္) နံနက္ပိုင္းက ဂုတ္ႀကီးနယ္ေျမရဲစခန္းအား စီးနင္းတိုက္ခိုက္ခဲ့ၿပီး စခန္းမႉးအပါအဝင္ ရဲတပ္ဖြဲ႕ဝင္ ၁၀ဉီးခန႔္အား ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ညေနပိုင္းတြင္ ဂုတ္ႀကီးေတာင္တန္းသာသနာျပဳေက်ာင္းမွ ေတာင္တန္းသာသနာျပဳဆရာေတာ္ ဘဒၵႏၲဝ႑ိတ ႏွင့္ သက္ႀကီး႐ြယ္အိုအမ်ားစုပါဝင္ေသာ ဂုတ္ႀကီးေက်း႐ြာသား ၇၃ ဦီးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ျခင္း ျဖစ္သည္။
"သူတို႔ ျပန္အဆုတ္မွာ ဂုတ္ႀကီး ေတာင္တန္းသာသနာျပဳ ဆရာေတာ္ နဲ႔ လူ ၇၃ ေယာက္ကို ဓားစာခံအျဖစ္ ဖမ္းေခၚသြားတာလို႔ သိရတယ္" ဟု ေဒသခံတစ္ဦးက ယေန႔ (စက္တင္ဘာလ ၃၀ ရက္) ညပိုင္းတြင္ ေျပာသည္။
ဂုတ္ႀကီးေက်း႐ြာသည္ ျပည္သူ႔စစ္ေက်း႐ြာ ျဖစ္သည့္အတြက္ ယခုကဲ့သို႔ ပူးေပါင္း ပစ္မွတ္ထား တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ဇင္ႁပြန္း ျပည္သူ႔စစ္႐ြာကိုလည္း ဆက္လက္ပစ္မွတ္ထား တိုက္ခိုက္သြားမည္ဟု ေျပာၾကားသြားေၾကာင္းသိရသည္။