စင်ကာပူမှာ အပူထိန်း အစားအသောက်ပေးပို့တဲ့ စွန့်ပစ်အိတ် ၂ လုံးထဲမှ ပူး ၁၅ ကောင်ထိ တွေ့ရှိ

1164

ရောင်နီ (NP News) - မတ် ၁၄
စင်ကာပူမှာ လမ်းဘေးတစ်နေရာမှာ ချစ်စရာပူးလေးတွေကိုထည့်ကာ စွန့်ပစ်ထားတဲ့ အပူထိန်း အစားအစာ ပို့ဆောင်တဲ့ အိတ် ၂ လုံးကိုတွေ့ရှိခဲ့ပြီး ဒီအမှုကို သက်ဆိုင်ရာက အရေးယူပေးဖို့ တိုင်ကြားထားပါတယ်။
တိရစ္ဆာန်များအပေါ် ရက်စက်ကြမ်းကြုတ်မှု တားဆီးကာကွယ်ရေးအသင်း (SPCA) က တနင်္လာနေ့ (မတ်လ ၁၃ ရက်) မှာ Instagram ပို့စ်တစ်ခုမှာ ယခုဖြစ်စဉ်ကို တင်ခဲ့ပါတယ်။ ယနေ့မေးမြန်းချက်များအရ ဖေဖော်ဝါရီ ၉ ရက် ညနေ ၃ နာရီ ၂၇ မိနစ်က ဖုန်းခေါ်ဆိုသူတစ်ဦးထံမှ 67 Sungei Tengah မှာ အပူထိန်း အိတ်အတွင်း ပုံမှန်မဟုတ်တဲ့ အရာတစ်ခုကိုတွေ့ရှိခဲ့ကြောင်း ခေါ်ဆိုမှု ရရှိခဲ့ပါတယ်။
ဖုန်းခေါ်တိုင်ကြားသူက "ကျွန်တော် စွန့်ပစ်အိတ်ထဲမှာ အမွေးအမှင်တစ်စုံတစ်ခုကို တွေ့လိုက်ရတဲ့အတွက် အိတ် တွေကို စစ်ဆေးဖို့သွားတော့ ပူးတွေရဲ့စိုက်ကြည့်နေတဲ့မျက်လုံးတွေကို တွေ့ရတယ်" ပြောကြားခဲ့ပါတယ်။
SPCA ရဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးအရာရှိများက အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာတဲ့အခါမှာ မိုးရေတွေ ရွှဲစို နေတဲ့ ပူး ၁၅ ကောင်ကို တွေ့ရှိခဲ့ပါတယ်။ SPCA အမှုဆောင် ဒါရိုက်တာ မစ္စ အာသီဆန်ကာ က အိတ် ၂ လုံးထဲမှာ ပူး ၁၅ ကောင်ထိရှိပြီး ပူးတစ်ကောင် သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ကျန်ရှိတဲ့ ပူးတွေကို ဆေးစစ်ဖို့အတွက် SPCA ရဲ့ Community Animal Clinic သို့ ခေါ်ဆောင်သွားခဲ့ကာ အစာ၊ ရေနဲ့ သင့်လျော်တဲ့ အမိုးအကာမရှိဘဲ စွန့်ပစ်ထားခဲ့ပါက ပူးများ အသက်ရှင်နိုင်မည်မဟုတ်ကြောင်း ဆန်ကာ က ပြော ကြားခဲ့ပါတယ်။ ပူး ၈ ကောင်ကို SPCA ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေက မွေးစားဖို့ အိမ်ခေါ်သွားခဲ့ပြီး ကျန်တဲ့ ပူးတွေကိုတော့ Guinea Pig Rescue Singapore မှာ ပြုစုစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
SPCA ရဲ့ Instagram ပို့စ်မှာ လူအချို့က တိရစ္ဆာန် ရက်စက်ကြမ်းကြုတ်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ တိရစ္ဆာန်အလွဲသုံးစား လုပ်သူများအား ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်သင့်သတယ်လို့ မှတ်ချက်ပေးကြပါ တယ်။ အထူးသဖြင့် မကြာသေးမီ နှစ်များတစ်လျှောက် ယုန်နဲ့ ဟမ်းစတာကဲ့သို့သော နို့တိုက်သတ္တဝါငယ်များ စွန့်ပစ်ခြင်းခံရတဲ့ကိစ္စများဟာ တိုးများလာကြောင်း SPCA မှ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Zawgyi Version;
စင္ကာပူမွာ အပူထိန္း အစားအေသာက္ေပးပို႔တဲ့ စြန္႔ပစ္အိတ္ ၂ လုံးထဲမွ ပူး ၁၅ ေကာင္ထိ ေတြ႕ရွိ
ေရာင္နီ (NP News) - မတ္ ၁၄
စင္ကာပူမွာ လမ္းေဘးတစ္ေနရာမွာ ခ်စ္စရာပူးေလးေတြကိုထည့္ကာ စြန္႔ပစ္ထားတဲ့ အပူထိန္း အစားအစာ ပို႔ေဆာင္တဲ့ အိတ္ ၂ လုံးကိုေတြ႕ရွိခဲ့ၿပီး ဒီအမႈကို သက္ဆိုင္ရာက အေရးယူေပးဖို႔ တိုင္ၾကားထားပါတယ္။
တိရစာၦန္မ်ားအေပၚ ရက္စက္ၾကမ္းၾကဳတ္မႈ တားဆီးကာကြယ္ေရးအသင္း (SPCA) က တနလၤာေန႔ (မတ္လ ၁၃ ရက္) မွာ Instagram ပို႔စ္တစ္ခုမွာ ယခုျဖစ္စဥ္ကို တင္ခဲ့ပါတယ္။ ယေန႔ေမးျမန္းခ်က္မ်ားအရ ေဖေဖာ္ဝါရီ ၉ ရက္ ညေန ၃ နာရီ ၂၇ မိနစ္က ဖုန္းေခၚဆိုသူတစ္ဦးထံမွ 67 Sungei Tengah မွာ အပူထိန္း အိတ္အတြင္း ပုံမွန္မဟုတ္တဲ့ အရာတစ္ခုကိုေတြ႕ရွိခဲ့ေၾကာင္း ေခၚဆိုမႈ ရရွိခဲ့ပါတယ္။
ဖုန္းေခၚတိုင္ၾကားသူက "ကြၽန္ေတာ္ စြန္႔ပစ္အိတ္ထဲမွာ အေမြးအမွင္တစ္စုံတစ္ခုကို ေတြ႕လိုက္ရတဲ့အတြက္ အိတ္ ေတြကို စစ္ေဆးဖို႔သြားေတာ့ ပူးေတြရဲ႕စိုက္ၾကည့္ေနတဲ့မ်က္လုံးေတြကို ေတြ႕ရတယ္" ေျပာၾကားခဲ့ပါတယ္။
SPCA ရဲ႕ တိရစာၦန္ကယ္ဆယ္ေရးအရာရွိမ်ားက အခင္းျဖစ္ပြားရာေနရာသို႔ေရာက္ရွိလာတဲ့အခါမွာ မိုးေရေတြ ႐ႊဲစို ေနတဲ့ ပူး ၁၅ ေကာင္ကို ေတြ႕ရွိခဲ့ပါတယ္။ SPCA အမႈေဆာင္ ဒါ႐ိုက္တာ မစၥ အာသီဆန္ကာ က အိတ္ ၂ လုံးထဲမွာ ပူး ၁၅ ေကာင္ထိရွိၿပီး ပူးတစ္ေကာင္ ေသဆုံးခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
က်န္ရွိတဲ့ ပူးေတြကို ေဆးစစ္ဖို႔အတြက္ SPCA ရဲ႕ Community Animal Clinic သို႔ ေခၚေဆာင္သြားခဲ့ကာ အစာ၊ ေရနဲ႔ သင့္ေလ်ာ္တဲ့ အမိုးအကာမရွိဘဲ စြန႔္ပစ္ထားခဲ့ပါက ပူးမ်ား အသက္ရွင္ႏိုင္မည္မဟုတ္ေၾကာင္း ဆန္ကာ က ေျပာ ၾကားခဲ့ပါတယ္။ ပူး ၈ ေကာင္ကို SPCA ဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြက ေမြးစားဖို႔ အိမ္ေခၚသြားခဲ့ၿပီး က်န္တဲ့ ပူးေတြကိုေတာ့ Guinea Pig Rescue Singapore မွာ ျပဳစုေစာင့္ေရွာက္ထားတယ္လို႔ သိရပါတယ္။
SPCA ရဲ႕ Instagram ပို႔စ္မွာ လူအခ်ိဳ႕က တိရစာၦန္ ရက္စက္ၾကမ္းၾကဳတ္မႈျပႆနာကို ကိုင္တြယ္ေျဖရွင္းဖို႔ တိရစာၦန္အလြဲသုံးစား လုပ္သူမ်ားအား ျပင္းထန္ေသာ ျပစ္ဒဏ္မ်ား ခ်မွတ္သင့္သတယ္လို႔ မွတ္ခ်က္ေပးၾကပါ တယ္။ အထူးသျဖင့္ မၾကာေသးမီ ႏွစ္မ်ားတစ္ေလွ်ာက္ ယုန္နဲ႔ ဟမ္းစတာကဲ့သို႔ေသာ ႏို႔တိုက္သတၱဝါငယ္မ်ား စြန႔္ပစ္ျခင္းခံရတဲ့ကိစၥမ်ားဟာ တိုးမ်ားလာေၾကာင္း SPCA မွ ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။