TikTok အသုံးပြုမှုပိတ်ပင်ခြင်းမှာ နယူးဇီလန်က အမေရိကန်နဲ့ ပူးပေါင်းလာ

 550

ရောင်နီ (NP News) - မတ် ၁၈

နယူးဇီလန်နိုင်ငံဟာ ယခုလကုန်မှာ ၎င်းရဲ့ပါလီမန်သို့ဝင်ရောက်ခွင့်ရှိတဲ့ မိုဘိုင်းပစ္စည်းများအားလုံးမှာ TikTok ကို ပိတ်ပင်သွားမှာဖြစ်ပြီး ဘေဂျင်းအခြေစိုက် နည်းပညာလုပ်ငန်းစုတစ်ခုပိုင်ဆိုင်တဲ့ နာမည်ကြီး လူမှုမီဒီယာ ပလပ်ဖောင်းကို တားမြစ်ပိတ်ပင်တဲ့နိုင်ငံအဖြစ် အမေရိကန်နဲ့ ပူးပေါင်းလာခဲ့ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံ အများအပြားဟာ နိုင်ငံတော်လုံခြုံရေးကို ကိုးကားပြီး အစိုးရ စက်ပစ္စည်း များမှာ Tik Tok အသုံးပြုမှုကန့်သတ်ချက်များ ပြုလုပ်လာလာလျက်ရှိပါတယ်။ နယူးဇီလန်ပါလီမန်ရေးရာ ဝန်ဆောင်မှု အမှုဆောင်အရာရှိချုပ် ရာဖယ်လ်ဂွန်ဇာလက်ဇ်မွန်တာရိုက ဗီဒီယိုမျှဝေခြင်း အက်ပ်ကို ပိတ်သိမ်းခြင်း အပေါ် "ကျွန်ုပ်တို့ရဲ့ကျွမ်းကျင်ပညာရှင်များရဲ့ ခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံပြီး အစိုးရနဲ့ နိုင်ငံတကာမှ လုပ်ဖော် ကိုင်ဖက်များနဲ့ဆွေးနွေးပြီးနောက် ယင်းဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်တယ်" လို့ ၎င်းက ရေးသားခဲ့ပါတယ်။

"ကျွန်ုပ်တို့ရဲ့ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူများရဲ့အကြံဉာဏ်အရ၊ လွှတ်တော်ရေးရာ ဝန်ဆောင်မှုမှ TikTok အက်ပ်ကို ပါလီမန်ကွန်ရက်သို့ ဝင်ရောက်ခွင့်ရှိတဲ့ စက်ပစ္စည်းများအားလုံးမှ ဖယ်ရှားမှာဖြစ်ကြောင်း အဖွဲ့ဝင်များနဲ့ ဝန်ထမ်းများအား အသိပေးထားပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

သို့ပေမယ့် "၎င်းတို့ရဲ့ ဒီမိုကရေစီတာဝန်များကို ထမ်းဆောင်ရန်" အက်ပ်ကို လိုအပ်သူများအားခြွင်းချက်အဖြစ် ခွင့်ပြုနိုင်တယ်လို့ ၎င်းက ပြောပါတယ်။

မွန်တာရိုမှ ပါလီမန်အမတ်များထံ ပေးပို့တဲ့ အီးမေးလ်တစ်စောင်မှာ အက်ပ်ကို မတ်လ ၃၁ ရက်နေ့မှာ သူတို့ရဲ့ ကော်ပိုရိတ်စက်များမှ ဖယ်ရှားပစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ လိုက်နာဖို့ ပျက်ကွက်ပါက ပါလီမန်ကွန်ရက်သို့ ဝင်ရောက်နိုင်ခြင်း မရှိစေရလို့ ၎င်းရဲ့ကိုယ်ပိုင်စက်ပစ္စည်းများမှ အက်ပ်အား ဖယ်ရှားဖို့ ဥပဒေပြုအမတ်တွေကို ညွှန်ကြားထားပါတယ်။

နိုင်ငံတကာပါလီမန်များမဟာမိတ်အဖွဲ့ (IPAC) ရဲ့ တွဲဖက်ဥက္ကဋ္ဌလည်းဖြစ်တဲ့ နယူးဇီလန်လွှတ်တော်အမတ် စီမွန်အိုကွန်နာက ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး ဒါဟာ "ကောင်းမွန်သော ဆုံးဖြတ်ချက်” လို့ ပြောကြားခဲ့ပါတယ်။ IPAC ဟာ တရုတ်နဲ့ဆက်ဆံရေးကို အာရုံစိုက်တဲ့ ဒီမိုကရေစီနိုင်ငံများမှ ဥပဒေပြုအမတ်များဖြင့် ဖွဲ့စည်းထားတဲ့ နယ်စပ်ဖြတ်ကျော်အဖွဲ့ဖြစ်ပြီး ဘေဂျင်းခေါင်းဆောင်များကို မကြာခဏ ဝေဖန်လေ့ရှိပါတယ်။ Tik Tok ဟာ ကမ္ဘာ့အအောင်မြင်ဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းများထဲမှ တစ်ခုဖြစ်လာပြီး လူငယ်များကြား အလွန်ရေပန်းစား နေပါတယ်။ ဗီဒီယိုတိုများမျှဝေခြင်း အက်ပ်ဟာ အမေရိကန်တစ်နိုင်ငံတည်းမှာပဲ အသုံးပြုသူ သန်း ၁ဝဝ ကျော်ရှိပါ တယ်။

တရုတ်နိုင်ငံက TikTok ကို ကျိုးကြောင်းဆီလျော်စွာ ဖိနှိပ်ပြီး ဒေတာလုံခြုံရေးနဲ့ ပတ်သက်တဲ့ မှားယွင်းသော အချက်အလက်များကို ဖြန့်ဝေနေတယ်ဆိုတာဟာ အမေရိကန်မှ စွပ်စွဲပြောဆိုနေတာဖြစ်တယ်လို့ ဆိုပါတယ်။

Zawgyi Version;
TikTok အသုံးျပဳမႈပိတ္ပင္ျခင္းမွာ နယူးဇီလန္က အေမရိကန္နဲ႔ ပူးေပါင္းလာ
ေရာင္နီ (NP News) - မတ္ ၁၈

နယူးဇီလန္ႏိုင္ငံဟာ ယခုလကုန္မွာ ၎ရဲ႕ပါလီမန္သို႔ဝင္ေရာက္ခြင့္ရွိတဲ့ မိုဘိုင္းပစၥည္းမ်ားအားလုံးမွာ TikTok ကို ပိတ္ပင္သြားမွာျဖစ္ၿပီး ေဘဂ်င္းအေျခစိုက္ နည္းပညာလုပ္ငန္းစုတစ္ခုပိုင္ဆိုင္တဲ့ နာမည္ႀကီး လူမႈမီဒီယာ ပလပ္ေဖာင္းကို တားျမစ္ပိတ္ပင္တဲ့ႏိုင္ငံအျဖစ္ အေမရိကန္နဲ႔ ပူးေပါင္းလာခဲ့ပါတယ္။

အေမရိကန္ဦးေဆာင္တဲ့ အေနာက္ႏိုင္ငံ အမ်ားအျပားဟာ ႏိုင္ငံေတာ္လုံၿခဳံေရးကို ကိုးကားၿပီး အစိုးရ စက္ပစၥည္း မ်ားမွာ Tik Tok အသုံးျပဳမႈကန႔္သတ္ခ်က္မ်ား ျပဳလုပ္လာလာလ်က္ရွိပါတယ္။ နယူးဇီလန္ပါလီမန္ေရးရာ ဝန္ေဆာင္မႈ အမႈေဆာင္အရာရွိခ်ဳပ္ ရာဖယ္လ္ဂြန္ဇာလက္ဇ္မြန္တာ႐ိုက ဗီဒီယိုမွ်ေဝျခင္း အက္ပ္ကို ပိတ္သိမ္းျခင္း အေပၚ "ကြၽႏ္ုပ္တို႔ရဲ႕ကြၽမ္းက်င္ပညာရွင္မ်ားရဲ႕ ခြဲျခမ္းစိတ္ျဖာမႈအေပၚအေျခခံၿပီး အစိုးရနဲ႔ ႏိုင္ငံတကာမွ လုပ္ေဖာ္ ကိုင္ဖက္မ်ားနဲ႔ေဆြးေႏြးၿပီးေနာက္ ယင္းဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ျခင္းျဖစ္တယ္" လို႔ ၎က ေရးသားခဲ့ပါတယ္။

"ကြၽႏ္ုပ္တို႔ရဲ႕ဆိုက္ဘာလုံၿခဳံေရးကြၽမ္းက်င္သူမ်ားရဲ႕အႀကံဉာဏ္အရ၊ လႊတ္ေတာ္ေရးရာ ဝန္ေဆာင္မႈမွ TikTok အက္ပ္ကို ပါလီမန္ကြန္ရက္သို႔ ဝင္ေရာက္ခြင့္ရွိတဲ့ စက္ပစၥည္းမ်ားအားလုံးမွ ဖယ္ရွားမွာျဖစ္ေၾကာင္း အဖြဲ႕ဝင္မ်ားနဲ႔ ဝန္ထမ္းမ်ားအား အသိေပးထားပါတယ္" လို႔ ၎က ေျပာၾကားခဲ့ပါတယ္။

သို႔ေပမယ့္ "၎တို႔ရဲ႕ ဒီမိုကေရစီတာဝန္မ်ားကို ထမ္းေဆာင္ရန္" အက္ပ္ကို လိုအပ္သူမ်ားအားႁခြင္းခ်က္အျဖစ္ ခြင့္ျပဳႏိုင္တယ္လို႔ ၎က ေျပာပါတယ္။

မြန္တာ႐ိုမွ ပါလီမန္အမတ္မ်ားထံ ေပးပို႔တဲ့ အီးေမးလ္တစ္ေစာင္မွာ အက္ပ္ကို မတ္လ ၃၁ ရက္ေန႔မွာ သူတို႔ရဲ႕ ေကာ္ပိုရိတ္စက္မ်ားမွ ဖယ္ရွားပစ္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။ လိုက္နာဖို႔ ပ်က္ကြက္ပါက ပါလီမန္ကြန္ရက္သို႔ ဝင္ေရာက္ႏိုင္ျခင္း မရွိေစရလို႔ ၎ရဲ႕ကိုယ္ပိုင္စက္ပစၥည္းမ်ားမွ အက္ပ္အား ဖယ္ရွားဖို႔ ဥပေဒျပဳအမတ္ေတြကို ၫႊန္ၾကားထားပါတယ္။

ႏိုင္ငံတကာပါလီမန္မ်ားမဟာမိတ္အဖြဲ႕ (IPAC) ရဲ႕ တြဲဖက္ဥကၠ႒လည္းျဖစ္တဲ့ နယူးဇီလန္လႊတ္ေတာ္အမတ္ စီမြန္အိုကြန္နာက ဆုံးျဖတ္ခ်က္ကို ႀကိဳဆိုခဲ့ၿပီး ဒါဟာ "ေကာင္းမြန္ေသာ ဆုံးျဖတ္ခ်က္” လို႔ ေျပာၾကားခဲ့ပါတယ္။ IPAC ဟာ တ႐ုတ္နဲ႔ဆက္ဆံေရးကို အာ႐ုံစိုက္တဲ့ ဒီမိုကေရစီႏိုင္ငံမ်ားမွ ဥပေဒျပဳအမတ္မ်ားျဖင့္ ဖြဲ႕စည္းထားတဲ့ နယ္စပ္ျဖတ္ေက်ာ္အဖြဲ႕ျဖစ္ၿပီး ေဘဂ်င္းေခါင္းေဆာင္မ်ားကို မၾကာခဏ ေဝဖန္ေလ့ရွိပါတယ္။ Tik Tok ဟာ ကမာၻ႔အေအာင္ျမင္ဆုံး ဆိုရွယ္မီဒီယာပလက္ေဖာင္းမ်ားထဲမွ တစ္ခုျဖစ္လာၿပီး လူငယ္မ်ားၾကား အလြန္ေရပန္းစား ေနပါတယ္။ ဗီဒီယိုတိုမ်ားမွ်ေဝျခင္း အက္ပ္ဟာ အေမရိကန္တစ္ႏိုင္ငံတည္းမွာပဲ အသုံးျပဳသူ သန္း ၁ဝဝ ေက်ာ္ရွိပါ တယ္။

တ႐ုတ္ႏိုင္ငံက TikTok ကို က်ိဳးေၾကာင္းဆီေလ်ာ္စြာ ဖိႏွိပ္ၿပီး ေဒတာလုံၿခဳံေရးနဲ႔ ပတ္သက္တဲ့ မွားယြင္းေသာ အခ်က္အလက္မ်ားကို ျဖန႔္ေဝေနတယ္ဆိုတာဟာ အေမရိကန္မွ စြပ္စြဲေျပာဆိုေနတာျဖစ္တယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.