ငြိမ်းချမ်းရေးဆွေးနွေးမှုများ၏ နောက်ဆုံးအဆင့်တွင်သာ ဇီလန်စကီးနှင့်တွေ့ဆုံသွားမည်ဟု ရုရှားသမ္မတပြော

 179

Pika (NP News) - ဇွန် ၂ဝ
ရုရှားနှင့်ယူကရိန်းကြား အချိန်(၃)နှစ်ကျော်ကြာဖြစ်ပွားနေသော စစ်ပွဲကိုအဆုံးသတ်ရန်အတွက် စေ့စပ်ညှိနှိုင်းမှု များ၏ နောက်ဆုံးအဆင့်တွင်သာ ယူကရိန်းသမ္မတဇီလန်စကီးကို တွေ့ဆုံသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဇီလန်စကီးနှင့်တွေ့ဆုံမှုများလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း အဆိုပါအချက်များနှင့်ကိုက်ညီမှ သာ တွေ့ဆုံမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပူတင်က ထပ်မံပြောဆိုခဲ့သည်။ ထို့ပြင် ဇီလန်စကီး၏ သမ္မတ သက်တမ်းမှာ ကုန်ဆုံးသွားပြီဖြစ်သောကြောင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပိုင်ခွင့်မရှိ ကြောင်းလည်း ပူတင်က အကြံပြုခဲ့သည်။
ပူတင်က “လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခကို အဆုံးသတ်စေရုံသာမက ရေရှည်မှာ အလားတူအခြေအနေမျိုး ထပ်မကြုံရစေဖို့ တားဆီးနိုင်မယ့် အခြေအနေတွေကို ဖန်တီးနိုင်မယ့်ဖြေရှင်းချက်တစ်ခုကို ကျွန်တော်တို့ရှာဖို့ လိုအပ်ပါတယ်။ ဇီလန်စကီး အပါအဝင် လူတိုင်းနဲ့တွေ့ဆုံဖို့ ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီ။ အကယ်၍ ယူကရိန်းကသာ စေ့စပ်ညှိနှိုင်းမှုတွေ အမှန်တကယ်လုပ်ဆောင်မယ်ဆိုရင် ဇီလန်စကီးနဲ့ ကျွန်တော်တွေ့ဆုံသွားမှာ ပါ” ဟု ပြောခဲ့သည်။
သို့သော်လည်း ယူကရိန်းဘက်က အလားတူဆန္ဒမျိုးမရှိခဲ့ဘူးဆိုပါက ဇီလန်စကီးဖြစ်ခဲ့မည်ဆိုလျှင်တောင် ဂရုစိုက် နေမည်မဟုတ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ပူတင်က “ဒီစစ်ပွဲကို အမှန်တကယ်အဆုံးသတ်မယ့် စေ့စပ်ညှိနှိုင်းမှုတွေရဲ့နောက်ဆုံးအဆင့်မှာသာ ဇီလန်စကီးနဲ့တွေ့ဆုံမှုတွေက ဖြစ်လာနိုင်ပါလိမ့်မယ်” ဟု ထပ်မံပြောကြားခဲ့သည်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား၏ ေနာက္ဆုံးအဆင့္တြင္သာ ဇီလန္စကီးႏွင့္ေတြ႕ဆုံသြားမည္ဟု ႐ုရွားသမၼတေျပာ
Pika (NP News) - ဇြန္ ၂ဝ
႐ုရွားႏွင့္ယူကရိန္းၾကား အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျဖစ္ပြားေနေသာ စစ္ပြဲကိုအဆုံးသတ္ရန္အတြက္ ေစ့စပ္ညႇိႏႈိင္းမႈ မ်ား၏ ေနာက္ဆုံးအဆင့္တြင္သာ ယူကရိန္းသမၼတဇီလန္စကီးကို ေတြ႕ဆုံသြားမည္ျဖစ္ေၾကာင္း ႐ုရွားသမၼတ ပူတင္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဇီလန္စကီးႏွင့္ေတြ႕ဆုံမႈမ်ားလုပ္ေဆာင္ရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေသာ္လည္း အဆိုပါအခ်က္မ်ားႏွင့္ကိုက္ညီမွ သာ ေတြ႕ဆုံမႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ပူတင္က ထပ္မံေျပာဆိုခဲ့သည္။ ထို႔ျပင္ ဇီလန္စကီး၏ သမၼတ သက္တမ္းမွာ ကုန္ဆုံးသြားၿပီျဖစ္ေသာေၾကာင့္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးပိုင္ခြင့္မရွိ ေၾကာင္းလည္း ပူတင္က အႀကံျပဳခဲ့သည္။
ပူတင္က “လက္ရွိျဖစ္ပြားေနတဲ့ပဋိပကၡကို အဆုံးသတ္ေစ႐ုံသာမက ေရရွည္မွာ အလားတူအေျခအေနမ်ိဳး ထပ္မႀကဳံရေစဖို႔ တားဆီးႏိုင္မယ့္ အေျခအေနေတြကို ဖန္တီးႏိုင္မယ့္ေျဖရွင္းခ်က္တစ္ခုကို ကြၽန္ေတာ္တို႔ရွာဖို႔ လိုအပ္ပါတယ္။ ဇီလန္စကီး အပါအဝင္ လူတိုင္းနဲ႔ေတြ႕ဆုံဖို႔ ကြၽန္ေတာ္အဆင္သင့္ျဖစ္ေနပါၿပီ။ အကယ္၍ ယူကရိန္းကသာ ေစ့စပ္ညႇိႏႈိင္းမႈေတြ အမွန္တကယ္လုပ္ေဆာင္မယ္ဆိုရင္ ဇီလန္စကီးနဲ႔ ကြၽန္ေတာ္ေတြ႕ဆုံသြားမွာ ပါ” ဟု ေျပာခဲ့သည္။
သို႔ေသာ္လည္း ယူကရိန္းဘက္က အလားတူဆႏၵမ်ိဳးမရွိခဲ့ဘူးဆိုပါက ဇီလန္စကီးျဖစ္ခဲ့မည္ဆိုလွ်င္ေတာင္ ဂ႐ုစိုက္ ေနမည္မဟုတ္ေၾကာင္း ပူတင္က ေျပာၾကားခဲ့သည္။ ပူတင္က “ဒီစစ္ပြဲကို အမွန္တကယ္အဆုံးသတ္မယ့္ ေစ့စပ္ညႇိႏႈိင္းမႈေတြရဲ႕ေနာက္ဆုံးအဆင့္မွာသာ ဇီလန္စကီးနဲ႔ေတြ႕ဆုံမႈေတြက ျဖစ္လာႏိုင္ပါလိမ့္မယ္” ဟု ထပ္မံေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.