ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော An Ses နယ်စပ်ဒေသစစ်ဆေးရေးဂိတ်ကို ကမ္ဘောဒီးယားအစိုးရ ပိတ်ပင်

 94

ဂျန်ဇက် (NP News) - ဇွန် ၂၁

ထိုင်းနိုင်ငံနှင့်နယ်စပ်ဒေသအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် ကမ္ဘောဒီးယားအစိုးရသည် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော An Ses နယ်စပ်ဒေသစစ်ဆေးရေးဂိတ်ကို ပိတ်လိုက်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ သည် နယ်စပ်ဒေသပိုင်နက်အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ် ဂိတ်များကို ပိတ်လိုက်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံဘက်မှ လက်တုံ့ပြန်လာခြင်းဖြစ်သည်။
ကမ္ဘောဒီးယားအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သည့် Mr. Nhan က Preah Vihear ပြည်နယ်ရှိ An Ses စစ်ဆေးရေးဂိတ်ကို ဇွန်လ ၁၉ ရက်တွင် ပိတ်လိုက်ကြောင်း အတည်ပြုထားသည်။ ထိုင်းအစိုးရဘက်မှ နယ်စပ် စစ်ဆေးရေးဂိတ်ကို ပြန်ဖွင့်ပေးရန် တောင်းဆိုနေသော်လည်း ကမ္ဘောဒီးယားအစိုးရ ပြန်လည်ဖွင့်လှစ်ပေးမည် မဟုတ်ကြောင်း ဆိုသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် မေလအတွင်းတွင် နယ်စပ်ဒေသမှာ ပိုင်နက်နယ်မြေအငြင်းပွားမှုများ ဖြစ်လာခဲ့ပြီးနောက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုင်းအစိုးရ နှင့် ကမ္ဘောဒီးယားအစိုးရ တာဝန်ရှိသူများသည် ပိုင်နက်နယ်မြေအငြင်းပွားမှုများကို သံတမန်နည်းလမ်းအရ ဖြေရှင်းရန်ကြိုးပမ်းနေသော် လည်း လက်ရှိအချိန်အထိ ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံက အငြင်းပွားမှုများကို နိုင်ငံတကာရာဇဝတ်တရားရုံးတွင်ဖြေရှင်းရန်လိုလားနေသော်လည်း ထိုင်းအစိုးရက နိုင်ငံတကာရာဇဝတ်တရားရုံးတွင်ဖြေရှင်းမည့်အစီအစဉ်ကို လက်ခံခြင်းမရှိကြောင်း သိရသည်။

Zawgyi Version:
ထိုင္းႏိုင္ငံႏွင့္နယ္စပ္ခ်င္းထိစပ္ေနေသာ An Ses နယ္စပ္ေဒသစစ္ေဆးေရးဂိတ္ကို ကေမာၻဒီးယားအစိုးရ ပိတ္ပင္
ဂ်န္ဇက္ (NP News) - ဇြန္ ၂၁

ထိုင္းႏိုင္ငံႏွင့္နယ္စပ္ေဒသအျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ ကေမာၻဒီးယားအစိုးရသည္ ထိုင္းႏိုင္ငံႏွင့္ နယ္စပ္ခ်င္းထိစပ္ေနေသာ An Ses နယ္စပ္ေဒသစစ္ေဆးေရးဂိတ္ကို ပိတ္လိုက္ေၾကာင္း သိရသည္။ ထိုင္းႏိုင္ငံ သည္ နယ္စပ္ေဒသပိုင္နက္အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ ကေမာၻဒီးယားႏိုင္ငံႏွင့္ထိစပ္ေနသည့္ နယ္စပ္ ဂိတ္မ်ားကို ပိတ္လိုက္ၿပီးေနာက္ ကေမာၻဒီးယားႏိုင္ငံဘက္မွ လက္တုံ႔ျပန္လာျခင္းျဖစ္သည္။
ကေမာၻဒီးယားအစိုးရအဖြဲ႕တာဝန္ရွိသူတစ္ဦးျဖစ္သည့္ Mr. Nhan က Preah Vihear ျပည္နယ္ရွိ An Ses စစ္ေဆးေရးဂိတ္ကို ဇြန္လ ၁၉ ရက္တြင္ ပိတ္လိုက္ေၾကာင္း အတည္ျပဳထားသည္။ ထိုင္းအစိုးရဘက္မွ နယ္စပ္ စစ္ေဆးေရးဂိတ္ကို ျပန္ဖြင့္ေပးရန္ ေတာင္းဆိုေနေသာ္လည္း ကေမာၻဒီးယားအစိုးရ ျပန္လည္ဖြင့္လွစ္ေပးမည္ မဟုတ္ေၾကာင္း ဆိုသည္။
ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံတို႔သည္ ေမလအတြင္းတြင္ နယ္စပ္ေဒသမွာ ပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ား ျဖစ္လာခဲ့ၿပီးေနာက္အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ထိုင္းအစိုးရ ႏွင့္ ကေမာၻဒီးယားအစိုးရ တာဝန္ရွိသူမ်ားသည္ ပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ားကို သံတမန္နည္းလမ္းအရ ေျဖရွင္းရန္ႀကိဳးပမ္းေနေသာ္ လည္း လက္ရွိအခ်ိန္အထိ ေျဖရွင္းႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။
ကေမာၻဒီးယားႏိုင္ငံက အျငင္းပြားမႈမ်ားကို ႏိုင္ငံတကာရာဇဝတ္တရား႐ုံးတြင္ေျဖရွင္းရန္လိုလားေနေသာ္လည္း ထိုင္းအစိုးရက ႏိုင္ငံတကာရာဇဝတ္တရား႐ုံးတြင္ေျဖရွင္းမည့္အစီအစဥ္ကို လက္ခံျခင္းမရွိေၾကာင္း သိရသည္။

© 2021. All rights reserved.