အိန္ဒိယနိုင်ငံမှာ ဘုရားကျောင်းတစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံး

648

ရောင်နီ (NP News) - မတ် ၃၁
အိန္ဒိယနိုင်ငံ အလယ်ပိုင်းမှာ ဘုရားပွဲကျင်းပဖို့အတွက် ဘုရားဝတ်ပြုသူတွေ စုဝေးနေတဲ့ ဘုရားကျောင်းတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃၅ ဦး သေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
မတ်လ ၃ဝ ရက်၊ ကြသပတေးနေ့က ဟိန္ဒူပွဲတော် ကျင်းပရန် မတ်ဟ်ရာပရာဒက်ရှ် ပြည်နယ်၊ အိုင်ဒိုရာပြည်နယ်ရှိ ဘုရားကျောင်းတစ်ခုမှာ ဘုရားဝတ်ပြုမယ့်သူများ စုဝေးနေစဉ် ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ တာဝန်ရှိသူများ က ပြောကြားခဲ့ပါတယ်။
“လူ ၁၈ ဦးကို ကျွန်တော်တို့ ကယ်ဆယ်နိုင်ခဲ့ပါပြီ၊ ဒါပေမယ့် သေဆုံးသူ ၃၅ ဦး ရှိပြီး၊ ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်” လို့ အိုင်ဒိုရာ ခရိုင်တရားသူကြီး အိုင်လာယာရာဂျာတီ က မတ်လ ၃၁ ရက်၊ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာမှာ မြင်တွေ့ရတဲ့ပုံရိပ်တွေအရ အပျက်အစီးများကြား ဘုရားကျောင်းအနီး ရေကန်ပျက်ထဲ ပြုတ်ကျ နေတဲ့ ရွံ့နွံတွေဖုံးလွှမ်းနေတဲ့အလောင်းတွေကို မြင်တွေ့ရပြီး မတ်လ ၃ဝ ရက်၊ ကြသပတေးနေ့၊ ညပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
ကယ်ဆယ်ရေးသမား ၁၄ဝ နီးပါးဟာ ကြိုးများနဲ့ လှေကားများကိုအသုံးပြုကာ ရေတွင်းမှ အလောင်းများကို ဆယ်ယူနေကြပြီး လမ်းရဲ့ကျဉ်းမြောင်းမှုနဲ့ ရေတွင်းရှိ အမှိုက်သရိုက်များကြောင့် အလုပ်တာဝန်ကို နှောင့်နှေးစေခဲ့ ပါတယ်။ အဆိုပါ ဘုရားကျောင်းဝင်းအတွင်းရှိ ရေတွင်းထဲသို့ လူဒါဇင်ပေါင်းများစွာ ပြုတ်ကျခဲ့ပြီး သေဆုံးခဲ့ကြောင်း ရဲမင်းကြီး မာခ်ရန်ဒိုစကာ က ပြောကြားခဲ့ပါတယ်။
ဘုရားကျောင်း အာဏာပိုင်များဟာ ပြီးခဲ့တဲ့နှစ်များက အဆိုပါရေတွင်းအသုံးပြုမှုကိုရပ်တန့်ခဲ့ပြီး ရေတွင်းကို သံကပ် နဲ့ ကြွေပြားများဖြင့် ဖုံးအုပ်ထားခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ၁၈ ဦးကို ကယ်ဆယ်ခဲ့ပြီး ဆေးရုံတင်ထားကြောင်း၊ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အာဏာပိုင်များက အမိန့်ပေးထားကြောင်း သိရပါတယ်။
ဇန်နဝါရီလက မြူနီစီပယ် အာဏာပိုင်များက အဆိုပါရေတွင်းအဖုံးများကို ဖယ်ရှားဖို့ ဘုရားကျောင်းပိုင်ရှင်များကို အမိန့်ပေးခဲ့ပေမယ့်လည်း ၎င်းဟာ အန္တရာယ်ကင်းတယ်လို့ဆိုကာ ဘုရားကျောင်းအာဏာပိုင်များက သတိပေးချက် ကို လျစ်လျူရှုခဲ့ပါတယ်။
ဆောက်လုပ်မှုညံ့ဖျင်းပြီး စည်းမျဉ်းစည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် အိန္ဒိယမှာ အဆောက်အအုံပြိုကျမှု များ အဖြစ်များပါတယ်။ အောက်တိုဘာလက အနောက်ဂူဂျာရတ်ပြည်နယ်မှာ ရာစုနှစ်တစ်ခုစာ သက်တမ်းရှိ ကေဘယ်ကြိုးကြိုးတံတားပြုတ်ကျခဲ့ရာ လူရာနဲ့ချီ ရေထဲပြုတ်ကျခဲ့ပြီး အနည်းဆုံး လူ ၁၃၂ ဦး သေဆုံးခဲ့ပါတယ်။

Zawgyi Version;
အိႏၵိယႏိုင္ငံမွာ ဘုရားေက်ာင္းတစ္ခု ၿပိဳက်မႈေၾကာင့္ အနည္းဆုံး လူ ၃၅ ဦး ေသဆုံး
ေရာင္နီ (NP News) - မတ္ ၃၁
အိႏၵိယႏိုင္ငံ အလယ္ပိုင္းမွာ ဘုရားပြဲက်င္းပဖို႔အတြက္ ဘုရားဝတ္ျပဳသူေတြ စုေဝးေနတဲ့ ဘုရားေက်ာင္းတစ္ခု ၿပိဳက်မႈျဖစ္ပြားခဲ့ရာ အနည္းဆုံး လူ ၃၅ ဦး ေသဆုံးၿပီး တစ္ဒါဇင္ေက်ာ္ ဒဏ္ရာရခဲ့တယ္လို႔ ေဒသဆိုင္ရာ အာဏာပိုင္ေတြက ေျပာပါတယ္။
မတ္လ ၃ဝ ရက္၊ ၾကသပေတးေန႔က ဟိႏၵဴပြဲေတာ္ က်င္းပရန္ မတ္ဟ္ရာပရာဒက္ရွ္ ျပည္နယ္၊ အိုင္ဒိုရာျပည္နယ္ရွိ ဘုရားေက်ာင္းတစ္ခုမွာ ဘုရားဝတ္ျပဳမယ့္သူမ်ား စုေဝးေနစဥ္ ၿပိဳက်မႈျဖစ္ပြားခဲ့ျခင္းျဖစ္တယ္လို႔ တာဝန္ရွိသူမ်ား က ေျပာၾကားခဲ့ပါတယ္။
“လူ ၁၈ ဦးကို ကြၽန္ေတာ္တို႔ ကယ္ဆယ္ႏိုင္ခဲ့ပါၿပီ၊ ဒါေပမယ့္ ေသဆုံးသူ ၃၅ ဦး ရွိၿပီး၊ ၁၆ ဦး ဒဏ္ရာရခဲ့ပါတယ္” လို႔ အိုင္ဒိုရာ ခ႐ိုင္တရားသူႀကီး အိုင္လာယာရာဂ်ာတီ က မတ္လ ၃၁ ရက္၊ ေသာၾကာေန႔မွာ ေျပာၾကားခဲ့ပါတယ္။ ဆိုရွယ္မီဒီယာမွာ ျမင္ေတြ႕ရတဲ့ပုံရိပ္ေတြအရ အပ်က္အစီးမ်ားၾကား ဘုရားေက်ာင္းအနီး ေရကန္ပ်က္ထဲ ျပဳတ္က် ေနတဲ့ ႐ြံ႕ႏြံေတြဖုံးလႊမ္းေနတဲ့အေလာင္းေတြကို ျမင္ေတြ႕ရၿပီး မတ္လ ၃ဝ ရက္၊ ၾကသပေတးေန႔၊ ညပိုင္းမွာ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္ေနတာကို ေတြ႕ရပါတယ္။
ကယ္ဆယ္ေရးသမား ၁၄ဝ နီးပါးဟာ ႀကိဳးမ်ားနဲ႔ ေလွကားမ်ားကိုအသုံးျပဳကာ ေရတြင္းမွ အေလာင္းမ်ားကို ဆယ္ယူေနၾကၿပီး လမ္းရဲ႕က်ဥ္းေျမာင္းမႈနဲ႔ ေရတြင္းရွိ အမႈိက္သ႐ိုက္မ်ားေၾကာင့္ အလုပ္တာဝန္ကို ေႏွာင့္ေႏွးေစခဲ့ ပါတယ္။ အဆိုပါ ဘုရားေက်ာင္းဝင္းအတြင္းရွိ ေရတြင္းထဲသို႔ လူဒါဇင္ေပါင္းမ်ားစြာ ျပဳတ္က်ခဲ့ၿပီး ေသဆုံးခဲ့ေၾကာင္း ရဲမင္းႀကီး မာခ္ရန္ဒိုစကာ က ေျပာၾကားခဲ့ပါတယ္။
ဘုရားေက်ာင္း အာဏာပိုင္မ်ားဟာ ၿပီးခဲ့တဲ့ႏွစ္မ်ားက အဆိုပါေရတြင္းအသုံးျပဳမႈကိုရပ္တန႔္ခဲ့ၿပီး ေရတြင္းကို သံကပ္ နဲ႔ ေႂကြျပားမ်ားျဖင့္ ဖုံးအုပ္ထားခဲ့တာျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့ပါတယ္။ ဒဏ္ရာရရွိသူ ၁၈ ဦးကို ကယ္ဆယ္ခဲ့ၿပီး ေဆး႐ုံတင္ထားေၾကာင္း၊ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးဖို႔ အာဏာပိုင္မ်ားက အမိန႔္ေပးထားေၾကာင္း သိရပါတယ္။
ဇန္နဝါရီလက ျမဴနီစီပယ္ အာဏာပိုင္မ်ားက အဆိုပါေရတြင္းအဖုံးမ်ားကို ဖယ္ရွားဖို႔ ဘုရားေက်ာင္းပိုင္ရွင္မ်ားကို အမိန႔္ေပးခဲ့ေပမယ့္လည္း ၎ဟာ အႏၲရာယ္ကင္းတယ္လို႔ဆိုကာ ဘုရားေက်ာင္းအာဏာပိုင္မ်ားက သတိေပးခ်က္ ကို လ်စ္လ်ဴရႈခဲ့ပါတယ္။
ေဆာက္လုပ္မႈညံ့ဖ်င္းၿပီး စည္းမ်ဥ္းစည္းကမ္းလိုက္နာမႈ အားနည္းျခင္းေၾကာင့္ အိႏၵိယမွာ အေဆာက္အအုံၿပိဳက်မႈ မ်ား အျဖစ္မ်ားပါတယ္။ ေအာက္တိုဘာလက အေနာက္ဂူဂ်ာရတ္ျပည္နယ္မွာ ရာစုႏွစ္တစ္ခုစာ သက္တမ္းရွိ ေကဘယ္ႀကိဳးႀကိဳးတံတားျပဳတ္က်ခဲ့ရာ လူရာနဲ႔ခ်ီ ေရထဲျပဳတ္က်ခဲ့ၿပီး အနည္းဆုံး လူ ၁၃၂ ဦး ေသဆုံးခဲ့ပါတယ္။