တရုတ်နိုင်ငံမှာ ဆက်ကပ်ကပြ ဖျော်ဖြေသူတစ်ဦး ဖျော်ဖြေပွဲအတွင်း အမြင့်မှပြုတ်ကျ သေဆုံး

 391

ရောင်နီ (NP News) - ဧပြီ ၁၉

ပြီးခဲ့တဲ့ စနေနေ့က တရုတ်နိုင်ငံ၊ ဆူကျူမြို့မှာ flying-trapeze performance ဆက်ကပ်ဖျော်ဖြေတဲ့ စုံတွဲတစ်တွဲမှာ ဇနီးဖြစ်သူရဲ့အမြင့်ခုန်ပြကွက်မှာ ခင်ပွန်းဖြစ်သူက အချိန်မီ မဖမ်းနိုင်ခဲ့ခြင်းကြောင့် အမြင့်မှ ပြုတ်ကျကာ ဇနီးဖြစ်သူ သေဆုံးခဲ့ပါတယ်။ အဆိုပါသတင်းနဲ့ပတ်သတ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဂရပ်ဖစ်ဗီဒီယိုတွေအရ စုံတွဲဟာ ကရိန်းပုံသဏ္ဍာန် ကိရိယာနဲ့ မြေပြင်ကနေ လေထဲ အမြင့်သို့ ဆွဲခေါ်သွားချိန်မှာ ခင်ပွန်းသည်က ဖျော်ဖြေနေစဉ်အတွင်း ဇနီးဖြစ်သူရဲ့ခြေထောက်ကို မဖမ်းနိုင်ဘဲ အမြင့် ၉ မီတာကျော်မှ ပြုတ်ကျလာတာကို မြင်တွေ့ခဲ့ရပါတယ်။

ပြည်တွင်းမီဒီယာများမှ ဖော်ပြတဲ့ဗီဒီယိုဖိုင်မှာ မစ္စဆန်း (ခေါ်) အမျိုးသမီဟာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျနေတာကို မြင်တွေ့ရပြီး သူမအမြင့်မှ ကျလာစဉ်မှာ ကြည့်ရှုသူတွေရဲ့အော်ဟစ်သံကို ဗီဒီယိုထဲမှာ မြင်တွေ့နိုင်ပါတယ်။ မစ္စ ဆန်းကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ပေမယ့်လည်း ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါတယ်။

ဧပြီလ ၁၇ ရက်၊ တနင်္လာနေ့မှာတော့ အာဏာပိုင်များက ဥပဒေနဲ့စည်းမျဉ်းများအတိုင်း စုံစမ်းစစ်ဆေးမှုပြုလုပ်သွား မယ်လို့ ကတိပြုခဲ့ပါတယ်။ အခင်းဖြစ်ပွားပြီးနောက် သီတင်းပတ်ကုန်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အခြားရှိုးများနဲ့ ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းခဲ့ရပါတယ်။ ၎င်းတို့စုံတွဲဟာ ဆက်ကပ်ကရာမှာ နှစ်ပေါင်းများစွာ လက်တွဲလုပ်ကိုင်ခဲ့ ကြတဲ့ အတွေ့အကြုံရှိ အနုပညာရှင်များဖြစ်ကြပေမယ့်လည်း “ကြည့်ကောင်းစေဖို့အတွက်” လုံခြုံရေးခါးပတ်မပါ ဘဲ မကြာခဏ ဖျော်ဖြေလေ့ ရှိတယ်လို့ သိရပါတယ်။ အာဏာပိုင်တွေက ပြဇာတ် ဖန်တီးသူနဲ့ ပြဇာတ်ကုမ္ပဏီတို့က ဆက်ကပ် စွမ်းဆောင်ရည်ဘေးကင်းမှုအတွက် တာဝန်ရှိတယ်လို့ ဧပြီလ ၁၈ ရက်၊ အင်္ဂါနေ့က ဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရှိ အင်တာနက်သုံးစွဲသူများဟာ ဘာကြောင့် ဒီလိုမတော်တဆမှု ဖြစ်ခဲ့တယ်ဆိုတာ မေးခွန်းထုတ်ခဲ့ကြ ပြီး ကာယဗလလုပ်ငန်းနယ်ပယ်မှာ ပိုမိုကောင်းမွန်သော လုံခြုံရေးစည်းမျဉ်းတွေ ထားရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံမွာ ဆက္ကပ္ကျပ ေဖ်ာ္ေျဖသူတစ္ဦး ေဖ်ာ္ေျဖပြဲအတြင္း အျမင့္မွျပဳတ္က် ေသဆုံး
ေရာင္နီ (NP News) - ဧၿပီ ၁၉

ၿပီးခဲ့တဲ့ စေနေန႔က တ႐ုတ္ႏိုင္ငံ၊ ဆူက်ဴၿမိဳ႕မွာ flying-trapeze performance ဆက္ကပ္ေဖ်ာ္ေျဖတဲ့ စုံတြဲတစ္တြဲမွာ ဇနီးျဖစ္သူရဲ႕အျမင့္ခုန္ျပကြက္မွာ ခင္ပြန္းျဖစ္သူက အခ်ိန္မီ မဖမ္းႏိုင္ခဲ့ျခင္းေၾကာင့္ အျမင့္မွ ျပဳတ္က်ကာ ဇနီးျဖစ္သူ ေသဆုံးခဲ့ပါတယ္။ အဆိုပါသတင္းနဲ႔ပတ္သတ္ၿပီး ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

ဆိုရွယ္မီဒီယာမွာ တင္ထားတဲ့ ဂရပ္ဖစ္ဗီဒီယိုေတြအရ စုံတြဲဟာ ကရိန္းပုံသ႑ာန္ ကိရိယာနဲ႔ ေျမျပင္ကေန ေလထဲ အျမင့္သို႔ ဆြဲေခၚသြားခ်ိန္မွာ ခင္ပြန္းသည္က ေဖ်ာ္ေျဖေနစဥ္အတြင္း ဇနီးျဖစ္သူရဲ႕ေျခေထာက္ကို မဖမ္းႏိုင္ဘဲ အျမင့္ ၉ မီတာေက်ာ္မွ ျပဳတ္က်လာတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ျပည္တြင္းမီဒီယာမ်ားမွ ေဖာ္ျပတဲ့ဗီဒီယိုဖိုင္မွာ မစၥဆန္း (ေခၚ) အမ်ိဳးသမီဟာ ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်ေနတာကို ျမင္ေတြ႕ရၿပီး သူမအျမင့္မွ က်လာစဥ္မွာ ၾကည့္ရႈသူေတြရဲ႕ေအာ္ဟစ္သံကို ဗီဒီယိုထဲမွာ ျမင္ေတြ႕ႏိုင္ပါတယ္။ မစၥ ဆန္းကို ေဆး႐ုံသို႔ အျမန္ပို႔ေဆာင္ခဲ့ေပမယ့္လည္း ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ပါတယ္။

ဧၿပီလ ၁၇ ရက္၊ တနလၤာေန႔မွာေတာ့ အာဏာပိုင္မ်ားက ဥပေဒနဲ႔စည္းမ်ဥ္းမ်ားအတိုင္း စုံစမ္းစစ္ေဆးမႈျပဳလုပ္သြား မယ္လို႔ ကတိျပဳခဲ့ပါတယ္။ အခင္းျဖစ္ပြားၿပီးေနာက္ သီတင္းပတ္ကုန္မွာ က်င္းပဖို႔ စီစဥ္ထားတဲ့ အျခားရႈိးမ်ားနဲ႔ ေဖ်ာ္ေျဖပြဲေတြကို ဖ်က္သိမ္းခဲ့ရပါတယ္။ ၎တို႔စုံတြဲဟာ ဆက္ကပ္ကရာမွာ ႏွစ္ေပါင္းမ်ားစြာ လက္တြဲလုပ္ကိုင္ခဲ့ ၾကတဲ့ အေတြ႕အႀကဳံရွိ အႏုပညာရွင္မ်ားျဖစ္ၾကေပမယ့္လည္း “ၾကည့္ေကာင္းေစဖို႔အတြက္” လုံၿခဳံေရးခါးပတ္မပါ ဘဲ မၾကာခဏ ေဖ်ာ္ေျဖေလ့ ရွိတယ္လို႔ သိရပါတယ္။ အာဏာပိုင္ေတြက ျပဇာတ္ ဖန္တီးသူနဲ႔ ျပဇာတ္ကုမၸဏီတို႔က ဆက္ကပ္ စြမ္းေဆာင္ရည္ေဘးကင္းမႈအတြက္ တာဝန္ရွိတယ္လို႔ ဧၿပီလ ၁၈ ရက္၊ အဂၤါေန႔က ဆိုခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံရွိ အင္တာနက္သုံးစြဲသူမ်ားဟာ ဘာေၾကာင့္ ဒီလိုမေတာ္တဆမႈ ျဖစ္ခဲ့တယ္ဆိုတာ ေမးခြန္းထုတ္ခဲ့ၾက ၿပီး ကာယဗလလုပ္ငန္းနယ္ပယ္မွာ ပိုမိုေကာင္းမြန္ေသာ လုံၿခဳံေရးစည္းမ်ဥ္းေတြ ထားရွိဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

Related news

© 2021. All rights reserved.