ပေထုန်တန်နဲ့ ဟွန်ဆန် ဖုန်းခေါ်ဆိုမှု ပေါက်ကြားအပြီး ထိုင်းနိုင်ငံရေး လှုပ်လှုပ်ရှားရှားဖြစ်နေ

1008

ALynn (NP News) - ဇွန် ၁၉
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာရဲ့ ညွှန့်ပေါင်းအစိုးရအဖွဲ့ကနေ Bhumjaithai Party ဟာ ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၈ ရက်) မှာ နုတ်ထွက်သွားခဲ့ပါတယ်။ ဒါဟာ အခုလို အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်အတွက် အကြီးအကျယ် ထိုးနှက်ချက်ဖြစ်ပြီး အာဏာရညွန့်ပေါင်းအဖွဲ့မှာ မဲအနည်းငယ်ပဲ ကျန်တော့တာကို တွေ့ရပါတယ်။
မဟာမိတ်အဖွဲ့မှာ ဒုတိယအကြီးဆုံးဖြစ်ပြီး အောက်လွှတ်တော် (၆၉) နေရာ ပိုင်ဆိုင်ထားတဲ့ အဲဒီပါတီက သူတို့နုတ်ထွက်ရခြင်းဟာ ပေထုန်တန်နဲ့ သြဇာကြီးမားတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့အကြား ဖုန်းပြောဆိုမှု ပေါက်ကြားခဲ့တာက နိုင်ငံအပေါ် သက်ရောက်မှုတွေ ရှိလာတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားဟာ နယ်စပ်အငြင်းပွားမှုတွေ ပိုပြီး ပြင်းထန်လာနေပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းက မြန်မာ-ထိုင်း-လာအို နယ်စပ်ဆုံရာ “မြစိမ်းရောင်တြိဂံ” လို့ ခေါ်တဲ့ အငြင်းပွားနယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲငယ် တစ်ခုအတွင်း ကမ္ဘောဒီးယားစစ်သားတစ်ဦး ကျဆုံးသွားပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်ဖက်စလုံးက သူတို့ဟာ ကိုယ်ပိုင်ကာကွယ်ရေးအတွက် လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။
ဒီအငြင်းပွားမှုဟာ (၂၀) ရာစုအစောပိုင်း၊ ပြင်သစ်ကိုလိုနီနယ်ချဲ့တွေ ဒီဒေသကို သိမ်းပိုက်စဉ်ကာလကတည်းက (၈၀၀) ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ်မျဉ်းတွေ သတ်မှတ်ခဲ့ချိန်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။
နယ်စပ်ဒေသအချို့ဟာ သတ်မှတ်ထားခြင်း မရှိသေးပါဘူး။ ဘုရားကျောင်းသုံးခုကလည်း ဒီအငြင်းပွားမှုရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်နေပါသေးတယ်။
ကမ္ဘောဒီးယားက တနင်္ဂနွေနေ့ (ဇွန်လ ၁၅ ရက်) မှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို ဒီအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံကိုလည်း ဒီလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ဖို့ ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပေမဲ့ ထိုင်းကတော့ ICJ ရဲ့ တရားစီရင်ချက်ကို အသိအမှတ်မပြုပါဘူး။
နယ်စပ်နှစ်ဖက်စလုံးမှာ စစ်အင်အားတွေ တိုးချဲ့ချထားခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးက အခြေအနေကို ထိန်းချုပ်ဖို့ တောင်းဆိုခဲ့ကြပေမဲ့ သူတို့ရဲ့အချုပ်အခြာအာဏာကို ကာကွယ်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနဲ့ နယ်စပ်ထိန်းချုပ်မှုတွေကို တင်းကြပ်လိုက်တာကြောင့် လက်ရှိဝန်ကြီးချုပ် ဟွန်မာနက်ရဲ့ ဖခင်ဖြစ်သူ ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်က ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။ သူက ထိုင်း "အစွန်းရောက်တွေ" နဲ့ ထိုင်းစစ်တပ်က တင်းမာမှုတွေဖြစ်အောင် လှုံ့ဆော်နေတယ်လို့ ပြစ်တင်ပြောဆိုခဲ့ပြီး ထိုင်းအစိုးရဟာ "ငါတို့နိုင်ငံလို သူ့စစ်တပ်ကို ထိန်းချုပ်နိုင်စွမ်း မရှိဘူး" လို့လည်း ပြောကြား ခဲ့ပါတယ်။
ထိုင်းနိုင်ငံက နယ်စပ်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည် လည်ပတ်ခြင်း မလုပ်တော့တဲ့ အခါ ကမ္ဘောဒီးယားက ထိုင်းကနေ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တင်သွင်းမှုအပြင် ထိုင်းရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေကိုပါ ပိတ်ပင်လိုက်ပါတယ်။ ဒါ့အပြင် နယ်စပ်ဖြတ်ကျော်ဝင်ထွက်သွားလာမှုများတဲ့ စစ်ဆေးရေးဂိတ် တစ်ခုကို ပိတ်လိုက်ပြီး ထိုင်းနိုင်ငံကနေ ရရှိတဲ့ အင်တာနက် bandwidth ကိုလည်း ဖြတ်တောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက နှစ်ဖက်စလုံးဟာ အခြေအနေကို ပြေလည်အောင် ကြိုးပမ်းဖို့ အစည်းအဝေးတွေပြုလုပ်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံကလည်း တင်းမာမှုတွေကို လျှော့ချဖို့အတွက် တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ တနင်္လာနေ့မှာ ဟွန်ဆန်ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာပြီးနောက် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က သူမရဲ့ နိုင်ငံဟာ အနိုင်ကျင့်တာ၊ ခြိမ်းခြောက်တာမျိုးတွေကို သည်းခံမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် "တရားမဝင်" ဆက်သွယ်မှုတွေဟာ သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို ထိခိုက်စေလိမ့်မယ်လို့လည်း သတိပေး ခဲ့ပါတယ်။
ပေထုန်တန်ရဲ့ လက်တွေ့နဲ့အပြော မညီညွတ်တဲ့ သံတမန်ရေးရာ တုံ့ပြန်ချက်တွေကြောင့် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ (၂၀၂၄) ခုနှစ်မှာ ဖူထိုင်းပါတီနဲ့ ရှေးရိုးစွဲ စစ်တပ်လိုလားတဲ့ ပါတီအုပ်စုတွေ ပေါင်းထားတဲ့ သိပ်ပြီး ညီညွတ်မှုမရှိတဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် အာဏာရလာခဲ့တာပါ။ ဒီပါတီဝင်အများစုဟာ လွန်ခဲ့တဲ့ အနှစ် (၂၀) လုံး သူမရဲ့ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို တိုက်ခိုက်ခဲ့ကြသူတွေဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်နဲ့ ဟွန်ဆန်တို့ရဲ့ ဖုန်းပြောဆိုမှုဟာ ဗုဒ္ဓဟူးနေ့မှာ ပေါက်ကြားခဲ့ပေမဲ့ အမှန်တကယ်တော့ တနင်္လာနေ့က ပြောခဲ့ကြတာ ဖြစ်ပါတယ်။ ဟွန်ဆန်က သူ အသံမှတ်တမ်းကို မျှဝေခဲ့တဲ့ နိုင်ငံရေးသမား (၈၀) ထဲက တစ်ဦးဦးဆီကနေ ပေါက်ကြားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
အဲ့ဒီဖုန်းပြောဆိုမှုမှာ ပေထုန်တန်က နယ်စပ်အရေးအခင်းကို ဆွေးနွေးနေပြီး အဲ့ဒီကနေ ဖြစ်လာတဲ့ မကောင်းတဲ့ သတင်းတွေကြောင့် သူမ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ညည်းတွားနေတာ ကြားရပါတယ်။ သူမက ဟွန်ဆန်ကို "ဦးလေး" လို့ ခေါ်ပြီး နယ်စပ်က ထိုင်းဗိုလ်ချုပ်ကြီးတစ်ဦး အပါအဝင် သူမ အတိုက်အခံတွေရဲ့ စကားကို နားမထောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ပေါက်ကြားခဲ့တဲ့ အသံဖိုင်ထဲမှာ ပေထုန်တန်က ဘာသာပြန်တစ်ဦးကနေတစ်ဆင့် ဟွန်ဆန်ကို "သူ [ထိုင်းဗိုလ်ချုပ်ကြီး] က အရေးပါတဲ့ ပုံစံဖမ်းချင်နေတာ၊ ပြီးတော့ နိုင်ငံအတွက် အကျိုးမရှိတာတွေကိုပဲ ပြောနေတာ ဒါပေမဲ့ တကယ်တမ်းမှာ ကျွန်မတို့ လိုချင်တာက ငြိမ်းချမ်းရေးပဲလေ”လို့ ပြောခဲ့တာ သိရပါတယ်။
ပေ့ထုန်တန်ဟာ နောက်ပိုင်းမှာ သတင်းထောက်တွေကို သူမရဲ့ ဟွန်ဆန်နဲ့ ပြောဆိုမှုဟာ ညှိနှိုင်းမှု နည်းဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထိုင်းစစ်တပ်နဲ့ ပြဿနာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ "သူ [ဟွန်ဆန်] နဲ့ ဘယ်တော့မှ သီးသန့် စကားပြောတော့မှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ယုံကြည်လို့ မရလို့ပဲ" လို့ သူမက ဆိုပါတယ်။
ဒါ့ပြင် ထိုင်းလွှတ်တော်ကို တရားဝင် ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပဖို့ အတိုက်အခံပါတီ ဖြစ်တဲ့ ပြည်သူ့ပါတီ (ယခင် Move Forward ပါတီဝင်များ) ခေါင်းဆောင် Nattapong Ruangpanyawut က ဒီနေ့ (ဇွန်လ ၁၉) မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဇွန်လ (၁၉) ရက်နေ့ နံနက်ပိုင်းက လွှတ်တော်မှာ အရေးပေါ်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတိုက်အခံ ပါတီဖြစ်တဲ့ ပြည်သူ့ပါတီဘက်က ပြောကြားလာခြင်းဖြစ်ပါတယ်။

Zawgyi Version:
ေပထုန္တန္နဲ႔ ဟြန္ဆန္ ဖုန္းေခၚဆိုမႈ ေပါက္ၾကားအၿပီး ထိုင္းႏိုင္ငံေရး လႈပ္လႈပ္ရွားရွားျဖစ္ေန
ALynn (NP News) - ဇြန္ ၁၉
ထိုင္းႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ေပထုန္တန္ ရွင္နာဝပ္ထရာရဲ႕ ၫႊန႔္ေပါင္းအစိုးရအဖြဲ႕ကေန Bhumjaithai Party ဟာ ဗုဒၶဟူးေန႔ (ဇြန္လ ၁၈ ရက္) မွာ ႏုတ္ထြက္သြားခဲ့ပါတယ္။ ဒါဟာ အခုလို အက်ပ္အတည္းေတြ ရင္ဆိုင္ေနရတဲ့ ဝန္ႀကီးခ်ဳပ္အတြက္ အႀကီးအက်ယ္ ထိုးႏွက္ခ်က္ျဖစ္ၿပီး အာဏာရၫြန႔္ေပါင္းအဖြဲ႕မွာ မဲအနည္းငယ္ပဲ က်န္ေတာ့တာကို ေတြ႕ရပါတယ္။
မဟာမိတ္အဖြဲ႕မွာ ဒုတိယအႀကီးဆုံးျဖစ္ၿပီး ေအာက္လႊတ္ေတာ္ (၆၉) ေနရာ ပိုင္ဆိုင္ထားတဲ့ အဲဒီပါတီက သူတို႔ႏုတ္ထြက္ရျခင္းဟာ ေပထုန္တန္နဲ႔ ၾသဇာႀကီးမားတဲ့ ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္တို႔အၾကား ဖုန္းေျပာဆိုမႈ ေပါက္ၾကားခဲ့တာက ႏိုင္ငံအေပၚ သက္ေရာက္မႈေတြ ရွိလာတာေၾကာင့္ ျဖစ္တယ္လို႔ ေျပာပါတယ္။
ထိုင္းႏိုင္ငံနဲ႔ ကေမာၻဒီးယားဟာ နယ္စပ္အျငင္းပြားမႈေတြ ပိုၿပီး ျပင္းထန္လာေနပါတယ္။ ၿပီးခဲ့တဲ့ လကုန္ပိုင္းက ျမန္မာ-ထိုင္း-လာအို နယ္စပ္ဆုံရာ “ျမစိမ္းေရာင္ႀတိဂံ” လို႔ ေခၚတဲ့ အျငင္းပြားနယ္ေျမမွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲငယ္ တစ္ခုအတြင္း ကေမာၻဒီးယားစစ္သားတစ္ဦး က်ဆုံးသြားပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယား ႏွစ္ဖက္စလုံးက သူတို႔ဟာ ကိုယ္ပိုင္ကာကြယ္ေရးအတြက္ လုပ္ေဆာင္ခဲ့တာလို႔ ေျပာပါတယ္။
ဒီအျငင္းပြားမႈဟာ (၂၀) ရာစုအေစာပိုင္း၊ ျပင္သစ္ကိုလိုနီနယ္ခ်ဲ႕ေတြ ဒီေဒသကို သိမ္းပိုက္စဥ္ကာလကတည္းက (၈၀၀) ကီလိုမီတာ ရွည္လ်ားတဲ့ နယ္နိမိတ္မ်ဥ္းေတြ သတ္မွတ္ခဲ့ခ်ိန္ကတည္းက စတင္ခဲ့တာ ျဖစ္ပါတယ္။
နယ္စပ္ေဒသအခ်ိဳ႕ဟာ သတ္မွတ္ထားျခင္း မရွိေသးပါဘူး။ ဘုရားေက်ာင္းသုံးခုကလည္း ဒီအျငင္းပြားမႈရဲ႕တစ္စိတ္တစ္ပိုင္း ျဖစ္ေနပါေသးတယ္။
ကေမာၻဒီးယားက တနဂၤေႏြေန႔ (ဇြန္လ ၁၅ ရက္) မွာ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) ကို ဒီအျငင္းပြားမႈနဲ႔ ပတ္သက္ၿပီး ဆုံးျဖတ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ထိုင္းႏိုင္ငံကိုလည္း ဒီလုပ္ငန္းစဥ္မွာ ပူးေပါင္းပါဝင္ဖို႔ ထပ္ခါတလဲလဲ ေတာင္းဆိုခဲ့ေပမဲ့ ထိုင္းကေတာ့ ICJ ရဲ႕ တရားစီရင္ခ်က္ကို အသိအမွတ္မျပဳပါဘူး။
နယ္စပ္ႏွစ္ဖက္စလုံးမွာ စစ္အင္အားေတြ တိုးခ်ဲ႕ခ်ထားခဲ့ပါတယ္။ ႏွစ္ႏိုင္ငံစလုံးက အေျခအေနကို ထိန္းခ်ဳပ္ဖို႔ ေတာင္းဆိုခဲ့ၾကေပမဲ့ သူတို႔ရဲ႕အခ်ဳပ္အျခာအာဏာကို ကာကြယ္သြားမယ္လို႔လည္း ကတိျပဳခဲ့ပါတယ္။
ထိုင္းႏိုင္ငံက ကေမာၻဒီးယားနဲ႔ နယ္စပ္ထိန္းခ်ဳပ္မႈေတြကို တင္းၾကပ္လိုက္တာေၾကာင့္ လက္ရွိဝန္ႀကီးခ်ဳပ္ ဟြန္မာနက္ရဲ႕ ဖခင္ျဖစ္သူ ကေမာၻဒီးယားေခါင္းေဆာင္ေဟာင္း ဟြန္ဆန္က ျပင္းျပင္းထန္ထန္ ေဝဖန္ေျပာဆိုခဲ့ပါတယ္။ သူက ထိုင္း "အစြန္းေရာက္ေတြ" နဲ႔ ထိုင္းစစ္တပ္က တင္းမာမႈေတြျဖစ္ေအာင္ လႈံ႕ေဆာ္ေနတယ္လို႔ ျပစ္တင္ေျပာဆိုခဲ့ၿပီး ထိုင္းအစိုးရဟာ "ငါတို႔ႏိုင္ငံလို သူ႔စစ္တပ္ကို ထိန္းခ်ဳပ္ႏိုင္စြမ္း မရွိဘူး" လို႔လည္း ေျပာၾကား ခဲ့ပါတယ္။
ထိုင္းႏိုင္ငံက နယ္စပ္ကူးသန္းေရာင္းဝယ္ေရးလုပ္ငန္းေတြကို ပုံမွန္အတိုင္း ျပန္လည္ လည္ပတ္ျခင္း မလုပ္ေတာ့တဲ့ အခါ ကေမာၻဒီးယားက ထိုင္းကေန သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္တင္သြင္းမႈအျပင္ ထိုင္း႐ုပ္သံဇာတ္လမ္းတြဲေတြနဲ႔ ႐ုပ္ရွင္ေတြကိုပါ ပိတ္ပင္လိုက္ပါတယ္။ ဒါ့အျပင္ နယ္စပ္ျဖတ္ေက်ာ္ဝင္ထြက္သြားလာမႈမ်ားတဲ့ စစ္ေဆးေရးဂိတ္ တစ္ခုကို ပိတ္လိုက္ၿပီး ထိုင္းႏိုင္ငံကေန ရရွိတဲ့ အင္တာနက္ bandwidth ကိုလည္း ျဖတ္ေတာက္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ပိုင္းက ႏွစ္ဖက္စလုံးဟာ အေျခအေနကို ေျပလည္ေအာင္ ႀကိဳးပမ္းဖို႔ အစည္းအေဝးေတြျပဳလုပ္ခဲ့ၾကပါတယ္။ ထိုင္းႏိုင္ငံကလည္း တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔အတြက္ တိုးတက္မႈေတြ ရွိခဲ့တယ္လို႔ ေျပာပါတယ္။
ဒါေပမဲ့ တနလၤာေန႔မွာ ဟြန္ဆန္ရဲ႕မွတ္ခ်က္ေတြ ထြက္ေပၚလာၿပီးေနာက္ ထိုင္းဝန္ႀကီးခ်ဳပ္ ေပထုန္တန္က သူမရဲ႕ ႏိုင္ငံဟာ အႏိုင္က်င့္တာ၊ ၿခိမ္းေျခာက္တာမ်ိဳးေတြကို သည္းခံမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ "တရားမဝင္" ဆက္သြယ္မႈေတြဟာ သံတမန္ေရးရာ ႀကိဳးပမ္းမႈေတြကို ထိခိုက္ေစလိမ့္မယ္လို႔လည္း သတိေပး ခဲ့ပါတယ္။
ေပထုန္တန္ရဲ႕ လက္ေတြ႕နဲ႔အေျပာ မညီၫြတ္တဲ့ သံတမန္ေရးရာ တုံ႔ျပန္ခ်က္ေတြေၾကာင့္ ေဝဖန္မႈေတြ ျမင့္တက္ေနပါတယ္။
ထိုင္းဝန္ႀကီးခ်ဳပ္ဟာ (၂၀၂၄) ခုႏွစ္မွာ ဖူထိုင္းပါတီနဲ႔ ေရွး႐ိုးစြဲ စစ္တပ္လိုလားတဲ့ ပါတီအုပ္စုေတြ ေပါင္းထားတဲ့ သိပ္ၿပီး ညီၫြတ္မႈမရွိတဲ့ ၫြန႔္ေပါင္းအဖြဲ႕ရဲ႕ေခါင္းေဆာင္အျဖစ္ အာဏာရလာခဲ့တာပါ။ ဒီပါတီဝင္အမ်ားစုဟာ လြန္ခဲ့တဲ့ အႏွစ္ (၂၀) လုံး သူမရဲ႕ ဖခင္ျဖစ္သူ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ ရွင္နာဝပ္ထရာကို တိုက္ခိုက္ခဲ့ၾကသူေတြျဖစ္ပါတယ္။
ထိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ဟြန္ဆန္တို႔ရဲ႕ ဖုန္းေျပာဆိုမႈဟာ ဗုဒၶဟူးေန႔မွာ ေပါက္ၾကားခဲ့ေပမဲ့ အမွန္တကယ္ေတာ့ တနလၤာေန႔က ေျပာခဲ့ၾကတာ ျဖစ္ပါတယ္။ ဟြန္ဆန္က သူ အသံမွတ္တမ္းကို မွ်ေဝခဲ့တဲ့ ႏိုင္ငံေရးသမား (၈၀) ထဲက တစ္ဦးဦးဆီကေန ေပါက္ၾကားခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။
အဲ့ဒီဖုန္းေျပာဆိုမႈမွာ ေပထုန္တန္က နယ္စပ္အေရးအခင္းကို ေဆြးေႏြးေနၿပီး အဲ့ဒီကေန ျဖစ္လာတဲ့ မေကာင္းတဲ့ သတင္းေတြေၾကာင့္ သူမ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြကို ညည္းတြားေနတာ ၾကားရပါတယ္။ သူမက ဟြန္ဆန္ကို "ဦးေလး" လို႔ ေခၚၿပီး နယ္စပ္က ထိုင္းဗိုလ္ခ်ဳပ္ႀကီးတစ္ဦး အပါအဝင္ သူမ အတိုက္အခံေတြရဲ႕ စကားကို နားမေထာင္ဖို႔ တိုက္တြန္းခဲ့ပါတယ္။
ေပါက္ၾကားခဲ့တဲ့ အသံဖိုင္ထဲမွာ ေပထုန္တန္က ဘာသာျပန္တစ္ဦးကေနတစ္ဆင့္ ဟြန္ဆန္ကို "သူ [ထိုင္းဗိုလ္ခ်ဳပ္ႀကီး] က အေရးပါတဲ့ ပုံစံဖမ္းခ်င္ေနတာ၊ ၿပီးေတာ့ ႏိုင္ငံအတြက္ အက်ိဳးမရွိတာေတြကိုပဲ ေျပာေနတာ ဒါေပမဲ့ တကယ္တမ္းမွာ ကြၽန္မတို႔ လိုခ်င္တာက ၿငိမ္းခ်မ္းေရးပဲေလ”လို႔ ေျပာခဲ့တာ သိရပါတယ္။
ေပ့ထုန္တန္ဟာ ေနာက္ပိုင္းမွာ သတင္းေထာက္ေတြကို သူမရဲ႕ ဟြန္ဆန္နဲ႔ ေျပာဆိုမႈဟာ ညႇိႏႈိင္းမႈ နည္းဗ်ဴဟာရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး ထိုင္းစစ္တပ္နဲ႔ ျပႆနာမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ "သူ [ဟြန္ဆန္] နဲ႔ ဘယ္ေတာ့မွ သီးသန႔္ စကားေျပာေတာ့မွာ မဟုတ္ဘူး၊ ဘာလို႔လဲဆိုေတာ့ ယုံၾကည္လို႔ မရလို႔ပဲ" လို႔ သူမက ဆိုပါတယ္။
ဒါ့ျပင္ ထိုင္းလႊတ္ေတာ္ကို တရားဝင္ ဖ်က္သိမ္းၿပီး ေ႐ြးေကာက္ပြဲအသစ္ ျပန္လည္က်င္းပဖို႔ အတိုက္အခံပါတီ ျဖစ္တဲ့ ျပည္သူ႔ပါတီ (ယခင္ Move Forward ပါတီဝင္မ်ား) ေခါင္းေဆာင္ Nattapong Ruangpanyawut က ဒီေန႔ (ဇြန္လ ၁၉) မွာ တိုက္တြန္းေျပာၾကားလိုက္ပါတယ္။
ဇြန္လ (၁၉) ရက္ေန႔ နံနက္ပိုင္းက လႊတ္ေတာ္မွာ အေရးေပၚျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ အတိုက္အခံ ပါတီျဖစ္တဲ့ ျပည္သူ႔ပါတီဘက္က ေျပာၾကားလာျခင္းျဖစ္ပါတယ္။