ပီရူးနိုင်ငံရှိ ရွှေရှာဖွေသောမိုင်းတွင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၂၇)ဦးသေဆုံး

 605

Pika (NP News) - မေ ၈

ပီရူးနိုင်ငံတောင်ပိုင်း ဝေးလံခေါင်သီသောဒေသရှိ ရွှေတွင်းတစ်ခုတွင် မေလ(၇)ရက်က ပေါက်ကွဲမှုကြောင့် မီးလောင်မှုများဖြစ်ပွားခဲ့ရာ အလုပ်သမား အနည်းဆုံး(၂၇)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်သည် ပီရူးနိုင်ငံတွင် ဖြစ်ပွားခဲ့သော အဆိုးရွားဆုံးသတ္တုတွင်း ဖြစ်ရပ်ဆိုးများထဲတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်ရပ်ဖြစ်ပွားပြီးနောက် အလုပ်သမားများ၏ ဆွေမျိုးသားချင်းများသည် ရွှေရှာဖွေ သော သတ္တုမိုင်းတွင်းအနီးတွင် စုနေကာ နောက်ထပ်သတင်းများကို စောင့်ဆိုင်းနေလျက်ရှိကြောင်း သိရသည်။

သေဆုံးသူတစ်ဦး၏ ညီဖြစ်သူ Francisco Idme Mamani က "ပေါက်ကွဲမှုကြောင့် ဝါယာရှော့ဖြစ်တာကို ကျွန်တော် တို့ သိပါတယ်။ ဒီလိုဖြစ်ပျက်ခဲ့တာတွေအတွက် တကယ်ကို တုန်လှုပ်မိပါတယ်" ဟု ပြောဆိုခဲ့သည်။

Arequipaဒေသ La Esperanza 1 ရှိ မိုင်းတွင်းရှိ ဥမင်လှိုဏ်ခေါင်းတစ်ခုအတွင်း မီးလောင်ကျွမ်းမှုသည် ဝါယာရှော့ ကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် အစိုးရရှေ့နေရုံးတို့က အတည်ပြုခဲ့သည်။ အစိုးရရှေ့နေ Giovanni Matos က "မိုင်းတွင်းထဲမှာ လူ(၂၇)ဦး သေဆုံးခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။

Arequipa မြို့မှ (၁ဝ)နာရီကြာ ကားမောင်းရသည့် ဝေးလံခေါင်သီသော Condesuyos ပြည်နယ်ရှိ မိုင်းတွင်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းမီဒီယာများ က ဖော်ပြခဲ့သည်။ ပေါက်ကွဲမှု ကြောင့် မိုင်းတွင်းထဲတွင် ထောက်ထားသော သစ်သားထောက်တိုင်များ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

သေဆုံးသူများသည် မြေအောက်အနက် မီတာ(၁ဝဝ) တွင် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများ က ပြောကြားခဲ့သည်။ မီးလောင်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့သည် သေဆုံးသူများ၏အချက်အလက်များကို စုဆောင်း ကာ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစိုးရရှေ့နေ Giovanni Matos က "မိုင်းတွင်းထဲကို ကယ်ဆယ်ရေးသမားတွေ ဝင်ရောက်ဖို့ ဘေးကင်းမှု ရှိ/မရှိ ဆိုတဲ့အချက် ကို အရင်အတည်ပြုလုပ်ဆောင်သွားမှာပါ။ အဲဒါမှပဲ သေဆုံးသူတွေရဲ့ရုပ်အလောင်းကို ပြန်လည်ဆယ်ယူနိုင်မှာပါ" ဟု ပြောဆိုခဲ့သည်။

မီးလောင်မှုအတွင်း အသက်ရှင်ကျန်ရစ်သူ ရှိ/မရှိ ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ထုတ်ပြန်ပြောကြားခြင်း မျိုး မရှိကြောင်းလည်း သိရသည်။ မိုင်းတွင်းအလုပ်သမားအများစုသည် အသက်ရှုကြပ်ကာ မီးလောင်ဒဏ်ရာများ နှင့် သေဆုံးခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း Yanaquihua မြို့တော်ဝန် James Casquino က ပြောကြားခဲ့သည်။

Zawgyi Version;
ပီ႐ူးႏိုင္ငံရွိ ေ႐ႊရွာေဖြေသာမိုင္းတြင္းတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၂၇)ဦးေသဆုံး
Pika (NP News) - ေမ ၈

ပီ႐ူးႏိုင္ငံေတာင္ပိုင္း ေဝးလံေခါင္သီေသာေဒသရွိ ေ႐ႊတြင္းတစ္ခုတြင္ ေမလ(၇)ရက္က ေပါက္ကြဲမႈေၾကာင့္ မီးေလာင္မႈမ်ားျဖစ္ပြားခဲ့ရာ အလုပ္သမား အနည္းဆုံး(၂၇)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္ရပ္သည္ ပီ႐ူးႏိုင္ငံတြင္ ျဖစ္ပြားခဲ့ေသာ အဆိုး႐ြားဆုံးသတၱဳတြင္း ျဖစ္ရပ္ဆိုးမ်ားထဲတြင္ တစ္ခု အပါအဝင္ ျဖစ္ေၾကာင္း သိရသည္။ ယင္းျဖစ္ရပ္ျဖစ္ပြားၿပီးေနာက္ အလုပ္သမားမ်ား၏ ေဆြမ်ိဳးသားခ်င္းမ်ားသည္ ေ႐ႊရွာေဖြ ေသာ သတၱဳမိုင္းတြင္းအနီးတြင္ စုေနကာ ေနာက္ထပ္သတင္းမ်ားကို ေစာင့္ဆိုင္းေနလ်က္ရွိေၾကာင္း သိရသည္။

ေသဆုံးသူတစ္ဦး၏ ညီျဖစ္သူ Francisco Idme Mamani က "ေပါက္ကြဲမႈေၾကာင့္ ဝါယာေရွာ့ျဖစ္တာကို ကြၽန္ေတာ္ တို႔ သိပါတယ္။ ဒီလိုျဖစ္ပ်က္ခဲ့တာေတြအတြက္ တကယ္ကို တုန္လႈပ္မိပါတယ္" ဟု ေျပာဆိုခဲ့သည္။

Arequipaေဒသ La Esperanza 1 ရွိ မိုင္းတြင္းရွိ ဥမင္လႈိဏ္ေခါင္းတစ္ခုအတြင္း မီးေလာင္ကြၽမ္းမႈသည္ ဝါယာေရွာ့ ေၾကာင့္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ႏွင့္ အစိုးရေရွ႕ေန႐ုံးတို႔က အတည္ျပဳခဲ့သည္။ အစိုးရေရွ႕ေန Giovanni Matos က "မိုင္းတြင္းထဲမွာ လူ(၂၇)ဦး ေသဆုံးခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။

Arequipa ၿမိဳ႕မွ (၁ဝ)နာရီၾကာ ကားေမာင္းရသည့္ ေဝးလံေခါင္သီေသာ Condesuyos ျပည္နယ္ရွိ မိုင္းတြင္းတြင္ ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ေဒသတြင္းမီဒီယာမ်ား က ေဖာ္ျပခဲ့သည္။ ေပါက္ကြဲမႈ ေၾကာင့္ မိုင္းတြင္းထဲတြင္ ေထာက္ထားေသာ သစ္သားေထာက္တိုင္မ်ား မီးေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

ေသဆုံးသူမ်ားသည္ ေျမေအာက္အနက္ မီတာ(၁ဝဝ) တြင္ အလုပ္လုပ္ကိုင္ေနၾကျခင္းျဖစ္ေၾကာင္း ေဒသခံမ်ား က ေျပာၾကားခဲ့သည္။ မီးေလာင္မႈျဖစ္ပြားၿပီးေနာက္ ရဲတပ္ဖြဲ႕သည္ ေသဆုံးသူမ်ား၏အခ်က္အလက္မ်ားကို စုေဆာင္း ကာ သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အစိုးရေရွ႕ေန Giovanni Matos က "မိုင္းတြင္းထဲကို ကယ္ဆယ္ေရးသမားေတြ ဝင္ေရာက္ဖို႔ ေဘးကင္းမႈ ရွိ/မရွိ ဆိုတဲ့အခ်က္ ကို အရင္အတည္ျပဳလုပ္ေဆာင္သြားမွာပါ။ အဲဒါမွပဲ ေသဆုံးသူေတြရဲ႕႐ုပ္အေလာင္းကို ျပန္လည္ဆယ္ယူႏိုင္မွာပါ" ဟု ေျပာဆိုခဲ့သည္။

မီးေလာင္မႈအတြင္း အသက္ရွင္က်န္ရစ္သူ ရွိ/မရွိ ဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္အထိ ထုတ္ျပန္ေျပာၾကားျခင္း မ်ိဳး မရွိေၾကာင္းလည္း သိရသည္။ မိုင္းတြင္းအလုပ္သမားအမ်ားစုသည္ အသက္ရႈၾကပ္ကာ မီးေလာင္ဒဏ္ရာမ်ား ႏွင့္ ေသဆုံးခဲ့ျခင္းျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း Yanaquihua ၿမိဳ႕ေတာ္ဝန္ James Casquino က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.