ဟာလန်းကို ပေါင်(၄)သန်းဖြင့် ခေါ်ယူနိုင်မည့်အခွင့်အရေးကို မန်ယူအသင်း ငြင်းပယ်ခဲ့ဟု နည်းပြဟောင်းဆိုးရှား ပြော

533

Pika (NP News) - မေ ၁၃
မန်ယူအသင်းသည် (၂ဝ၁၈)ခုနှစ်တွင် ဟာလန်းကို ပေါင်(၄)သန်းဖြင့် ခေါ်ယူနိုင်ရန် အခွင့်အရေးရှိခဲ့ကြောင်း မန်ယူနည်းပြဟောင်းဆိုးရှားက ထုတ်ဖော်ပြောဆိုခဲ့သည်။
ဆိုးရှားသည် မန်ယူအသင်းနည်းပြအဖြစ် တာဝန်မယူမီခြောက်လအလိုတွင် ဟာလန်းကို ခေါ်ယူရန် မန်ယူအသင်း တာဝန်ရှိသူများကို ပြောကြားခဲ့သော်လည်း အသင်းတာဝန်ရှိသူများသည် ၎င်း၏စကားကို နားမထောင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
မန်ယူအသင်းသည် ဟာလန်းကို ပေါင်(၄)သန်းဖြင့် ခေါ်ယူနိုင်ရန် အခွင့်အရေးရှိခဲ့သော်လည်း မန်ယူအသင်း တာဝန်ရှိသူများသည် ၎င်းကိုခေါ်ယူရန် ငြင်းဆိုခဲ့ကြောင်းသိရသည်။ ဆိုးရှား က "ကျွန်တော်နည်းပြအဖြစ် တာဝန် မယူခင် ခြောက်လလောက်အလိုမှာ မန်ယူအသင်းတာဝန်ရှိသူတွေကို ဖုန်းခေါ်ခဲ့ပါတယ်။ ပြီးတော့ ဟာလန်းကို ခေါ်ယူဖို့ပြောခဲ့ပေမယ့် သူတို့က ကျွန်တော့်စကားကိုနားမထောင်ခဲ့ပါဘူး။ ဟာလန်းရဲ့ပြောင်းရွှေ့ကြေးအတွက် ပေါင်(၄)သန်းတောင်းခဲ့ပေမယ့် မန်ယူအသင်းတာဝန်ရှိသူတွေက လက်မှတ် မထိုးခဲ့ပါဘူး" ဟု ပြောဆိုခဲ့သည်။
မန်ယူအသင်းက ခေါ်ယူခြင်းမရှိသောကြောင့် ဟာလန်းသည် နောက်ဆုံးတွင် RB Salzburg အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး (၂ဝ၂ဝ) ပြည့်နှစ်တွင် ဒေါ့မွန်အသင်းသို့ ထပ်မံပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။ ထို့နောက် ဟာလန်း သည် (၂ဝ၂၂)ခုနှစ်တွင် မန်ယူအသင်း၏ ပြိုင်ဖက်အသင်းဖြစ်သော မန်စီးတီးအသင်းသို့ပြောင်းရွှေ့ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြ ကစားလျက်ရှိနေကြောင်း သိရသည်။
ဟာလန်းသည် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းနိုင်သည့်စံချိန်ကို ချိုးဖျက် ခဲ့ပြီး မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၄၇)ပွဲကစားကာ (၅၁)ဂိုး သွင်းယူထားကြောင်း သိရသည်။ မန်ယူအသင်း သည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့်လေးနေရာမှာ ရပ်တည်နေပြီး မေလ(၁၃)ရက် ညတွင် ဝုဖ်အသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version;
ဟာလန္းကို ေပါင္(၄)သန္းျဖင့္ ေခၚယူႏိုင္မည့္အခြင့္အေရးကို မန္ယူအသင္း ျငင္းပယ္ခဲ့ဟု နည္းျပေဟာင္းဆိုးရွား ေျပာ
Pika (NP News) - ေမ ၁၃
မန္ယူအသင္းသည္ (၂ဝ၁၈)ခုႏွစ္တြင္ ဟာလန္းကို ေပါင္(၄)သန္းျဖင့္ ေခၚယူႏိုင္ရန္ အခြင့္အေရးရွိခဲ့ေၾကာင္း မန္ယူနည္းျပေဟာင္းဆိုးရွားက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဆိုးရွားသည္ မန္ယူအသင္းနည္းျပအျဖစ္ တာဝန္မယူမီေျခာက္လအလိုတြင္ ဟာလန္းကို ေခၚယူရန္ မန္ယူအသင္း တာဝန္ရွိသူမ်ားကို ေျပာၾကားခဲ့ေသာ္လည္း အသင္းတာဝန္ရွိသူမ်ားသည္ ၎၏စကားကို နားမေထာင္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
မန္ယူအသင္းသည္ ဟာလန္းကို ေပါင္(၄)သန္းျဖင့္ ေခၚယူႏိုင္ရန္ အခြင့္အေရးရွိခဲ့ေသာ္လည္း မန္ယူအသင္း တာဝန္ရွိသူမ်ားသည္ ၎ကိုေခၚယူရန္ ျငင္းဆိုခဲ့ေၾကာင္းသိရသည္။ ဆိုးရွား က "ကြၽန္ေတာ္နည္းျပအျဖစ္ တာဝန္ မယူခင္ ေျခာက္လေလာက္အလိုမွာ မန္ယူအသင္းတာဝန္ရွိသူေတြကို ဖုန္းေခၚခဲ့ပါတယ္။ ၿပီးေတာ့ ဟာလန္းကို ေခၚယူဖို႔ေျပာခဲ့ေပမယ့္ သူတို႔က ကြၽန္ေတာ့္စကားကိုနားမေထာင္ခဲ့ပါဘူး။ ဟာလန္းရဲ႕ေျပာင္းေ႐ႊ႕ေၾကးအတြက္ ေပါင္(၄)သန္းေတာင္းခဲ့ေပမယ့္ မန္ယူအသင္းတာဝန္ရွိသူေတြက လက္မွတ္ မထိုးခဲ့ပါဘူး" ဟု ေျပာဆိုခဲ့သည္။
မန္ယူအသင္းက ေခၚယူျခင္းမရွိေသာေၾကာင့္ ဟာလန္းသည္ ေနာက္ဆုံးတြင္ RB Salzburg အသင္းသို႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး (၂ဝ၂ဝ) ျပည့္ႏွစ္တြင္ ေဒါ့မြန္အသင္းသို႔ ထပ္မံေျပာင္းေ႐ႊ႕ခဲ့ေၾကာင္းသိရသည္။ ထို႔ေနာက္ ဟာလန္း သည္ (၂ဝ၂၂)ခုႏွစ္တြင္ မန္ယူအသင္း၏ ၿပိဳင္ဖက္အသင္းျဖစ္ေသာ မန္စီးတီးအသင္းသို႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး အေကာင္းဆုံးေျခစြမ္းျပ ကစားလ်က္ရွိေနေၾကာင္း သိရသည္။
ဟာလန္းသည္ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ တစ္ရာသီအတြင္း ဂိုးအမ်ားဆုံးသြင္းႏိုင္သည့္စံခ်ိန္ကို ခ်ိဳးဖ်က္ ခဲ့ၿပီး မန္စီးတီးအသင္းအတြက္ ၿပိဳင္ပြဲစုံ(၄၇)ပြဲကစားကာ (၅၁)ဂိုး သြင္းယူထားေၾကာင္း သိရသည္။ မန္ယူအသင္း သည္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားတြင္ အဆင့္ေလးေနရာမွာ ရပ္တည္ေနၿပီး ေမလ(၁၃)ရက္ ညတြင္ ဝုဖ္အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္းသိရသည္။