NLD အစိုးရလက်ထက် ဒုဝန်ကြီးဦးဆက်အောင် ရမည်းသင်းထောင်မှ ပြန်လွတ်လာ

1173
Np News ဇွန်လ ၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် စီမံဘဏ္ဍာနဲ့ စက်မှုဒုတိယဝန်ကြီး ဦးဆက်အောင် ယနေ့ မနက်ပိုင်းမှာ ပြန်လွတ်လာကြောင်း ၎င်းနဲ့နီးစပ်သူတွေဆီက သိရသည်။
ယနေ့ဇွန်လ ၂ ရက် မနက်ပိုင်းမှာ မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်က ပြန်လွတ် လာခြင်းဖြစ်ကြောင်း သိရသည်။
ဦးဆက်အောင်ဟာ ယခင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်နဲ့ စီမံဘဏ္ဍာဝန်ကြီးတွေဖြစ်တဲ့ ဦးကျော်ဝင်း နဲ့ ဦးစိုးဝင်း တို့နဲ့အတူ အစိုးရလျှို့ဝှက်ချက်အက် နဲ့ တရားစွဲ ထောင်ချခံခဲ့ရခြင်းဖြစ်သည်။
ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ ဦးဆက်အောင်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ထောင် ၃ နှစ် ချမှတ်ခံရ တာဖြစ်ပြီး ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ပြုလို့ ယနေ့ ဇွန် ၂ ရက်မှာ ပြန်လွတ်လာတာဖြစ်ပါတယ်။
Zawgyi Version;
NLD အစိုးရလက္ထက္ ဒုဝန္ႀကီးဦးဆက္ေအာင္ ရမည္းသင္းေထာင္မွ ျပန္လြတ္လာ
Np News ဇြန္လ ၂
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)အစိုးရလက္ထက္ စီမံဘ႑ာနဲ႔ စက္မႈဒုတိယဝန္ႀကီး ဦးဆက္ေအာင္ ယေန႔ မနက္ပိုင္းမွာ ျပန္လြတ္လာေၾကာင္း ၎နဲ႔နီးစပ္သူေတြဆီက သိရသည္။
ယေန႔ဇြန္လ ၂ ရက္ မနက္ပိုင္းမွာ မႏၲေလးတိုင္း ရမည္းသင္းအက်ဥ္းေထာင္က ျပန္လြတ္ လာျခင္းျဖစ္ေၾကာင္း သိရသည္။
ဦးဆက္ေအာင္ဟာ ယခင္ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ စီးပြားေရးအႀကံေပး မစၥတာ ေရွာင္တာနယ္နဲ႔ စီမံဘ႑ာဝန္ႀကီးေတြျဖစ္တဲ့ ဦးေက်ာ္ဝင္း နဲ႔ ဦးစိုးဝင္း တို႔နဲ႔အတူ အစိုးရလွ်ိဳ႕ဝွက္ခ်က္အက္ နဲ႔ တရားစြဲ ေထာင္ခ်ခံခဲ့ရျခင္းျဖစ္သည္။
ဗဟိုဘဏ္ ဒုဥကၠ႒ေဟာင္းလည္းျဖစ္တဲ့ ဦးဆက္ေအာင္ဟာ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာမွာ ေထာင္ ၃ ႏွစ္ ခ်မွတ္ခံရတာျဖစ္ၿပီး ခ်ဳပ္ရက္ေတြကို ထုတ္ႏုတ္ခံစားခြင့္ျပဳလို႔ ယေန႔ ဇြန္ ၂ ရက္မွာ ျပန္လြတ္လာတာျဖစ္ပါတယ္။