ကချင်ပြည်နယ်၌ စက္ကူဂျပ်ဖာအတွင်းမှ ငွေကျပ်သိန်း(၁၆ဝဝ)ကျော် တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ

702

စော (NP News) - ဇွန် ၃
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် စက္ကူဂျပ်ဖာအတွင်းမှ ငွေကျပ်သိန်း(၁၆ဝဝ)ကျော်တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့ (ဇွန် ၂ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့များသည် ပြီးခဲ့သည့် (မေလ ၃၁ ရက်) ညနေ(၅)နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့သိုရှာဖွေနေစဉ် သိန်းသန်းဝင်းမောင်းနှင်လာသည့် Nissan AD Van အမျိုးအစား ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုများအရ အဆိုပါယာဉ်ပေါ်တွင် သယ်ဆောင်လာသော စက္ကူဂျပ်ဖာအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ငွေကျပ်သိန်း(၁၆၅ဝ)တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် (၆ ဒသမ ၆) ကီလိုနှင့် လက်ကိုင်ဖုန်း (၁)လုံး တို့အား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သိန်းသန်းဝင်းအား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များလည်း ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
Zawgyi Version;
စော (NP News) - ဇွန် ၃