တာချီလိတ်မြို့တွင် ငွေကျပ်သိန်း(၄၆ဝဝ)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

483

Pearl (NP News) - ဇွန် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း (၄၆ဝဝ)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ(၁)ရက်၊ ညနေ ၃ နာရီအချိန် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဝမ်ကျောက်လုံကျေးရွာဘက်မှ ဆေခမ်းရပ်ကွက်ဘက်သို့ စိုင်းရှဲန်ကျောက် မောင်းနှင်လာသည့် TOYOTA CROWN မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(Happy Water) (၄ ဒသမ ၂)ကီလိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖော်ထုတ်ချက်များအရ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ပါဝင်သူ အိုက်ရီအား TOYOTA CROWN မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ည ၉ နာရီအချိန်တွင် ၎င်းနေထိုင်သည့် တာချီလိတ်မြို့နယ်၊ ဟိုခိုကျေးရွာရှိနေအိမ်မှ ဆေးခြောက်(၇ဝဝ)ဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
zawgyi version
တာခ်ီလိတ္ၿမိဳ႕တြင္ ေငြက်ပ္သိန္း(၄၆ဝဝ)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
Pearl (NP News) - ဇြန္ ၅
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေငြက်ပ္သိန္း (၄၆ဝဝ)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇြန္လ(၁)ရက္၊ ညေန ၃ နာရီအခ်ိန္ တာခ်ီလိတ္ၿမိဳ႕၊ ေဆခမ္းရပ္ကြက္၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕သည္ ဝမ္ေက်ာက္လုံေက်း႐ြာဘက္မွ ေဆခမ္းရပ္ကြက္ဘက္သို႔ စိုင္းရွဲန္ေက်ာက္ ေမာင္းႏွင္လာသည့္ TOYOTA CROWN ေမာ္ေတာ္ယာဥ္အား ရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြ စစ္ေဆးရာ ယာဥ္ေပၚမွ စိတ္ေျပာင္းေဆးဝါး(Happy Water) (၄ ဒသမ ၂)ကီလိုသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ေဖာ္ထုတ္ခ်က္မ်ားအရ ညေန ၃ နာရီခြဲအခ်ိန္ခန႔္တြင္ စိတ္ေျပာင္းေဆးဝါးမ်ား သယ္ေဆာင္ေရာင္းဝယ္ရာ၌ပါဝင္သူ အိုက္ရီအား TOYOTA CROWN ေမာ္ေတာ္ယာဥ္ႏွင့္အတူ ဆက္လက္ဖမ္းဆီးရမိခဲ့ၿပီး ည ၉ နာရီအခ်ိန္တြင္ ၎ေနထိုင္သည့္ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဟိုခိုေက်း႐ြာရွိေနအိမ္မွ ေဆးေျခာက္(၇ဝဝ)ဂရမ္ ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
လက္ရွိတြင္ ၎တို႔အား ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။