ကျောက်မဲမြို့ရှိ အစိုးရရုံးများနှင့် အဆောက်အဦအချို့ကို TNLA တို့က မီးရှို့ဖျက်ဆီး

635

သန့်ဇင်(NP News)-စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို တပ်မတော်ကမကြာမီရရှိတော့မည်ဖြစ်ရာ TNLA တို့က အစိုးရရုံးများနှင့် အဆောက် အဦ အချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့(စက်တင်ဘာ ၃၀ရက်)၊ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က စတင်ကာ ကျောက်မဲမြို့အတွင်းရှိ တရားရုံး၊ ရဲစခန်း၊ မီးသက်စခန်း၊ ခရိုင်ထွေအုပ်ရုံး၊ စည်ပင်ရုံး၊ ဆောက်လုပ်ရေးရုံး၊ စက်မှုလယ်ယာရုံးနှင့် USDP ရုံးများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စုစုပေါင်း (၉)ရုံးလောက်ရှိတယ်။ ပြီးတော့ ကြံ့ခိုင်ရေးကားဝန်းနဲ့ ဆိုင်ခန်းတွေလည်းပါသွားတယ်။ ထွက်တာကို ကောင်းကောင်း မထွက်ဘူး။ မီးပတ်ရှို့သွားတယ်။ မီးသတ်ပါရှို့တာ။ ရှို့ပြီးတချို့ကားတွေသယ်သွားတယ်။ ကုန်ပြီဗျာ။ ဒီနေ့ နေ့လည်လောက်က စရှို့တာ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
TNLA က အစိုးရရုံးများအား မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးနေသူများရှိုပြီး အချို့မှာ နေအိမ်အတွင်း ပုန်းအောင်းနေထိုင်နေရကြောင်း သိရသည်။
“ဓာတ်ဆီဖန်ပုလင်းထဲကို အဝတ်စထည့်ပြီးတော့ မီးရှို့ပြီးပစ်ထည့်တာ။ မီးပုလင်းပစ်တဲ့ပုံစံမျိုးရှိ့တာ။ တပ်က ဒီနေ့ (၆) နာရီမှာ မြို့ထဲကို ဝင်မယ် လို့ခန့်မှန်းထားတာ။ ဒေသခံတွေကတော့ ပြေးတဲ့လူနဲ့ ပုန်းနဲ့လူတွေနဲ့ပေါ့။ တအားကြီးဆိုးဆိုးရွားရွားမဖြစ်လို့ တော်သေးတယ်။ ဒီကောင်တွေက နောင်ချိုမှာတုန်းကလည်း ဒီလိုပဲ ကောင်းကောင်းမထွက်ပဲ မီးရှို့သွားတာ”ဟု ၎င်းကဆက်ပြောသည်။
တပ်မတော်စစ်ကြောင်းများသည် ကျောက်မဲမြို့သို့ ထိုးစစ်ဆင်ရန် ပြီးခဲ့သည့် ဩဂုတ်လ တတိယအပတ်ကစတင်လာခဲ့ခြင်းဖြစ်ပြီး ထန်းတပင်၊ ပင်တိန်၊ မက်မန်း(ကုန်းသာ)၊ နောင်ပိန်၊ ခိုက်တုန်ဟုန်း ကျေးရွာရှိ TNLAစခန်းများကို သိမ်းပိုက်ခဲ့ပြီး ထိုမှတစ်ဆင့် လက်ရှိတွင် ကျောက်မဲမြို့အနီးရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေက်ာက္မဲၿမိဳ႕ရွိ အစိုးရ႐ုံးမ်ားႏွင့္ အေဆာက္အဦအခ်ိဳ႕ကို TNLA တို႔က မီးရႈိ႕ဖ်က္ဆီး
သန႔္ဇင္(NP News)-စက္တင္ဘာ ၃၀
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕ကို တပ္မေတာ္ကမၾကာမီရရွိေတာ့မည္ျဖစ္ရာ TNLA တို႔က အစိုးရ႐ုံးမ်ားႏွင့္ အေဆာက္ အဦ အခ်ိဳ႕ကို မီးရႈိ႕ဖ်က္ဆီးသြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ယေန႔(စက္တင္ဘာ ၃၀ရက္)၊ မြန္းလြဲ ၁ နာရီဝန္းက်င္ခန႔္က စတင္ကာ ေက်ာက္မဲၿမိဳ႕အတြင္းရွိ တရား႐ုံး၊ ရဲစခန္း၊ မီးသက္စခန္း၊ ခ႐ိုင္ေထြအုပ္႐ုံး၊ စည္ပင္႐ုံး၊ ေဆာက္လုပ္ေရး႐ုံး၊ စက္မႈလယ္ယာ႐ုံးႏွင့္ USDP ႐ုံးမ်ားကို မီးရႈိ႕ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“စုစုေပါင္း (၉)႐ုံးေလာက္ရွိတယ္။ ၿပီးေတာ့ ႀကံ့ခိုင္ေရးကားဝန္းနဲ႔ ဆိုင္ခန္းေတြလည္းပါသြားတယ္။ ထြက္တာကို ေကာင္းေကာင္း မထြက္ဘူး။ မီးပတ္ရႈိ႕သြားတယ္။ မီးသတ္ပါရႈိ႕တာ။ ရႈိ႕ၿပီးတခ်ိဳ႕ကားေတြသယ္သြားတယ္။ ကုန္ၿပီဗ်ာ။ ဒီေန႔ ေန႔လည္ေလာက္က စရႈိ႕တာ”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
TNLA က အစိုးရ႐ုံးမ်ားအား မီးရႈိ႕ဖ်က္ဆီးေနျခင္းေၾကာင့္ ေဒသခံမ်ား ထြက္ေျပးေနသူမ်ားရႈိၿပီး အခ်ိဳ႕မွာ ေနအိမ္အတြင္း ပုန္းေအာင္းေနထိုင္ေနရေၾကာင္း သိရသည္။
“ဓာတ္ဆီဖန္ပုလင္းထဲကို အဝတ္စထည့္ၿပီးေတာ့ မီးရႈိ႕ၿပီးပစ္ထည့္တာ။ မီးပုလင္းပစ္တဲ့ပုံစံမ်ိဳးရွိ႕တာ။ တပ္က ဒီေန႔ (၆) နာရီမွာ ၿမိဳ႕ထဲကို ဝင္မယ္ လို႔ခန႔္မွန္းထားတာ။ ေဒသခံေတြကေတာ့ ေျပးတဲ့လူနဲ႔ ပုန္းနဲ႔လူေတြနဲ႔ေပါ့။ တအားႀကီးဆိုးဆိုး႐ြား႐ြားမျဖစ္လို႔ ေတာ္ေသးတယ္။ ဒီေကာင္ေတြက ေနာင္ခ်ိဳမွာတုန္းကလည္း ဒီလိုပဲ ေကာင္းေကာင္းမထြက္ပဲ မီးရႈိ႕သြားတာ”ဟု ၎ကဆက္ေျပာသည္။
တပ္မေတာ္စစ္ေၾကာင္းမ်ားသည္ ေက်ာက္မဲၿမိဳ႕သို႔ ထိုးစစ္ဆင္ရန္ ၿပီးခဲ့သည့္ ဩဂုတ္လ တတိယအပတ္ကစတင္လာခဲ့ျခင္းျဖစ္ၿပီး ထန္းတပင္၊ ပင္တိန္၊ မက္မန္း(ကုန္းသာ)၊ ေနာင္ပိန္၊ ခိုက္တုန္ဟုန္း ေက်း႐ြာရွိ TNLAစခန္းမ်ားကို သိမ္းပိုက္ခဲ့ၿပီး ထိုမွတစ္ဆင့္ လက္ရွိတြင္ ေက်ာက္မဲၿမိဳ႕အနီးေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။