မင်းလှတွင် ဆိုင်ကယ်စီးလာသော အမျိုးသား(၂)ဦးကို PDF အဖွဲ့က “ဒလန်များ”ဟု ဆိုကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

 420

သန့်ဇင်(NP News)-စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ဆိုင်ကယ်စီးလာသော အမျိုးသား(၂)ဦးကို PDF အဖွဲ့က “ဒလန်များ”ဟု ဆိုကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည် စက်တင်ဘာ ၂၈ရက်၊ ညနေ ၆ နာရီ ၂၀ မိနစ်အချိန်ခန့် မင်းလှမြို့နယ်၊ နွားလဲကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရေနံမကျေးရွာနေသူများဖြစ်သည့် အသက် (၄၉)နှစ်အရွယ် ဦးလွင်မျိုး၊ အသက် (၈)နှစ်အရွယ် မောင်ဟိန်းထက်အောင်နှင့် ကျောက်ပုံ ကျေးရွာနေ အသက် (၃၃)နှစ်အရွယ် ဦးအောင်အောင်တို့သည် ရေနံမကျေးရွာမှ ကန်တုတ်ကျေးရွာဘက်သို ဆိုင်ကယ်(၂)စီးဖြင့် မောင်းနှင်ထွက်ခွာခဲ့ကြောင်း သိရသည်။
ထို့နောက် နွားလဲကျေးရွာအနီးအရောက် PDF အဖွဲ့ဝင်(၄)ဦးက ဆိုင်ကယ်အား တားဆီး၍ ဦးလွင်မျိုး နှင့် ဦးအောင်အောင်တိုနှစ်ဦးအား "ဒလန်များ" ဟုစွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ၎င်းတို့ (၂)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၂၇ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းကျေးရွာတွင် အရပ်သားတစ်ဦးကို PDF အဖွဲ့ဝင်များက နေအိမ်အထိ လာရောက်ပစ်သတ်သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ရွှေတဲသဲကုန်းကျေးရွာတွင်ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးရွှေတိုး(၇၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိ လာခဲ့ပြီး ဦးရွှေတိုးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
မင္းလွတြင္ ဆိုင္ကယ္စီးလာေသာ အမ်ိဳးသား(၂)ဦးကို PDF အဖြဲ႕က “ဒလန္မ်ား”ဟု ဆိုကာ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္
သန႔္ဇင္(NP News)-စက္တင္ဘာ ၃၀
မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္တြင္ ဆိုင္ကယ္စီးလာေသာ အမ်ိဳးသား(၂)ဦးကို PDF အဖြဲ႕က “ဒလန္မ်ား”ဟု ဆိုကာ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည္ စက္တင္ဘာ ၂၈ရက္၊ ညေန ၆ နာရီ ၂၀ မိနစ္အခ်ိန္ခန႔္ မင္းလွၿမိဳ႕နယ္၊ ႏြားလဲေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ေရနံမေက်း႐ြာေနသူမ်ားျဖစ္သည့္ အသက္ (၄၉)ႏွစ္အ႐ြယ္ ဦးလြင္မ်ိဳး၊ အသက္ (၈)ႏွစ္အ႐ြယ္ ေမာင္ဟိန္းထက္ေအာင္ႏွင့္ ေက်ာက္ပုံ ေက်း႐ြာေန အသက္ (၃၃)ႏွစ္အ႐ြယ္ ဦးေအာင္ေအာင္တို႔သည္ ေရနံမေက်း႐ြာမွ ကန္တုတ္ေက်း႐ြာဘက္သို ဆိုင္ကယ္(၂)စီးျဖင့္ ေမာင္းႏွင္ထြက္ခြာခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ႏြားလဲေက်း႐ြာအနီးအေရာက္ PDF အဖြဲ႕ဝင္(၄)ဦးက ဆိုင္ကယ္အား တားဆီး၍ ဦးလြင္မ်ိဳး ႏွင့္ ဦးေအာင္ေအာင္တိုႏွစ္ဦးအား "ဒလန္မ်ား" ဟုစြပ္စြဲေျပာဆိုကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ၎တို႔ (၂)ဦးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ စက္တင္ဘာ ၂၇ရက္ကလည္း အုတ္ဖိုၿမိဳ႕နယ္၊ ရွမ္းကုန္းေက်း႐ြာတြင္ အရပ္သားတစ္ဦးကို PDF အဖြဲ႕ဝင္မ်ားက ေနအိမ္အထိ လာေရာက္ပစ္သတ္သြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ စက္တင္ဘာ ၂၆ ရက္ကလည္း ပဲခူးတိုင္းေဒသႀကီး၊ သဲကုန္းၿမိဳ႕နယ္၊ ေ႐ႊတဲသဲကုန္းေက်း႐ြာတြင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ျဖစ္သူ ဦးေ႐ႊတိုး(၇၀)ႏွစ္သည္ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အမည္ခံ အၾကမ္းဖက္သမား ေျခာက္ဦးက ဆိုင္ကယ္ သုံးစီးျဖင့္ ေရာက္ရွိ လာခဲ့ၿပီး ဦးေ႐ႊတိုးအား အၾကမ္းဖက္ၿခိမ္းေျခာက္၍ ဖမ္းဆီးေခၚေဆာင္ သြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.