ကယားပြည်နယ်ရှိ BGF တပ်ရင်း(၂)ခုသည် KNPLF အဖြစ် ပြန်လည်အမည်ပြောင်းကာ လက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်းတိုက်ခိုက်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်

 5158

NP News - ဇွန် ၂ဝ

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၂)ခုသည် KNPLF အဖြစ် ပြန်လည်အမည်ပြောင်းကာ လက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်းတိုက်ခိုက်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

မယ်စဲ့မြို့နယ်၊ ပန်တိမ်းအခြေစိုက် BGF တပ်ရင်းအမှတ်(၁ဝဝ၄)နှင့် (၁ဝဝ၅) တပ်ရင်း(၂)ခုသည် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ-KNPLF) အဖြစ် အမည်ပြောင်းကာ ခွဲထွက်ရပ်တည်သွားခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များကလည်း ပြောဆိုမှုများရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ကလလတ(KNPLF)လက်နက်ကိုင်အဖွဲ့အား ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်အတွင်း၌ နိုင်ငံတော်အစိုးရဘက်က နယ်ခြားစောင့်တပ်(BGF)အဖြစ် ပြောင်းလဲဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

သို့သော် လက်ရှိတွင် ၎င်း BGF တပ်ရင်း(၂)ခုသည် ခွဲထွက်ပြီး ကလလတ(KNPLF)အဖြစ် ပြန်လည်အမည်တပ်ကာ အစိုးရ၏ စခန်းများကို 4K တပ်ပေါင်းစုအဖြစ် မဟာမိတ်စုဖွဲ့ထားသည့် KNU/KNLA၊ KNPP/KA၊ KNDF တို့နှင့်ပူးပေါင်းကာ တိုက်ခိုက်လျက်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ရက်ပိုင်း ဇွန်လ ၁၄ ရက်မှစတင်ကာ KNPLF ပါဝင်သော အဖွဲ့များသည် မယ်စဲ့မြို့မရဲစခန်းအပါအဝင် ဗျူဟာကုန်း နှင့် တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများရှိကြောင်း ထုတ်ပြန်ပြောဆိုမှု များလည်း ရှိနေသည်။

ထို့ပြင် မယ်စဲ့မြို့နယ်တစ်ဝိုက်၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“ဒါကတော့ စစ်ရေးအရ ဟိုဘက်က သာနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ဗျာ။ ဒီအဖွဲ့က တကယ်ပြောရမယ်ဆိုရင် အစိုးရနဲ့ အဆင်ပြေနေတဲ့ အဖွဲ့ကို။ အစိုးရနဲ့ အဆင်ပြေတဲ့အဖွဲ့ဆိုတော့ နိုင်ငံရေးအရ အခုဟာက နစကကို ဆန့်ကျင်တဲ့သူတွေက ပြန်တိုက်ကြတာဆိုတော့ အဲဒီလိုတိုက်နေရင်းကနေ သူတို့က တိတ်တိတ်ကူညီတာတွေ ရှိတယ်ဆိုတော့ အဲဒါတွေကို သိပြီးတော့ ဒီဘက်က ဖမ်းတာ၊ ဆီးတာ အရေးယူတာ လုပ်လာတဲ့အခါမှာ ကျန်တဲ့ တပ်ရင်း(၂)ရင်းကလည်း ပြန်တောခိုသွားတာပေါ့။ အဲဒီတော့ အဲဒါမျိုးဖြစ်စဉ်က ဘယ်လိုအခြေအနေမှာ ဖြစ်တတ်တုန်းဆိုတော့ သူတို့ကာယကံရှင်တွေက ဘယ်ဘက်က သာမလဲပေါ့နော်။ သာနေတယ်လို့ ထင်တဲ့ဘက်ကို ပူးပေါင်းကြတာ များတယ်။ အဲဒီတော့ အဲဒီဒေသမှာ အခြေအနေတွေက ဟိုဘက်က သာနေတဲ့အနေအထားလို့ သုံးသပ်ရမှာပေါ့”ဟု လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းက NP News ကို သုံးသပ်ပြောဆိုထားသည်။

ထိုသို့ BGF တပ်ရင်း(၂)ခု ခွဲထွက်သွားခြင်းသည် နစကအစိုးရအတွက် ရန်သူပိုများသွားစေကြောင်းလည်း ဦးရဲထွန်းက ဆက်လက်သုံးသပ်ထားသည်။

ထို့ပြင် တပ်မတော်လုံခြုံရေးအဖွဲ့သည် ယခုရက်ပိုင်း ဇွန်လ ၁၇ ရက်တွင် KNPLF ဌာနချုပ်ကို လေယာဉ်ဗုံးကြဲကာ ပြန်လည်တိုက်ခိုက်မှုများရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

လက်ရှိတွင် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တစ်ဝိုက်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူ (၄ဝဝဝ)ကျော် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

zawgyi version
ကယားျပည္နယ္ရွိ BGF တပ္ရင္း(၂)ခုသည္ KNPLF အျဖစ္ ျပန္လည္အမည္ေျပာင္းကာ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ပူးေပါင္းတိုက္ခိုက္မႈမ်ားရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚ
NP News - ဇြန္ ၂ဝ

ကယားျပည္နယ္၊ မယ္စဲ့ၿမိဳ႕နယ္ရွိ နယ္ျခားေစာင့္တပ္(BGF) တပ္ရင္း(၂)ခုသည္ KNPLF အျဖစ္ ျပန္လည္အမည္ေျပာင္းကာ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ပူးေပါင္းတိုက္ခိုက္မႈမ်ားရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိသည္။

မယ္စဲ့ၿမိဳ႕နယ္၊ ပန္တိမ္းအေျခစိုက္ BGF တပ္ရင္းအမွတ္(၁ဝဝ၄)ႏွင့္ (၁ဝဝ၅) တပ္ရင္း(၂)ခုသည္ ကရင္နီလူမ်ိဳးေပါင္းစုံလြတ္ေျမာက္ေရးတပ္ဦး(ကလလတ-KNPLF) အျဖစ္ အမည္ေျပာင္းကာ ခြဲထြက္ရပ္တည္သြားခဲ့ေၾကာင္း ေဒသခံသတင္းအရင္းအျမစ္မ်ားကလည္း ေျပာဆိုမႈမ်ားရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိသည္။

ကလလတ(KNPLF)လက္နက္ကိုင္အဖြဲ႕အား ၿပီးခဲ့သည့္ ၂ဝဝ၉ ခုႏွစ္အတြင္း၌ ႏိုင္ငံေတာ္အစိုးရဘက္က နယ္ျခားေစာင့္တပ္(BGF)အျဖစ္ ေျပာင္းလဲဖြဲ႕စည္းေပးခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ လက္ရွိတြင္ ၎ BGF တပ္ရင္း(၂)ခုသည္ ခြဲထြက္ၿပီး ကလလတ(KNPLF)အျဖစ္ ျပန္လည္အမည္တပ္ကာ အစိုးရ၏ စခန္းမ်ားကို 4K တပ္ေပါင္းစုအျဖစ္ မဟာမိတ္စုဖြဲ႕ထားသည့္ KNU/KNLA၊ KNPP/KA၊ KNDF တို႔ႏွင့္ပူးေပါင္းကာ တိုက္ခိုက္လ်က္ရွိေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္ကို ေတြ႕ရသည္။

ၿပီးခဲ့သည့္ ရက္ပိုင္း ဇြန္လ ၁၄ ရက္မွစတင္ကာ KNPLF ပါဝင္ေသာ အဖြဲ႕မ်ားသည္ မယ္စဲ့ၿမိဳ႕မရဲစခန္းအပါအဝင္ ဗ်ဴဟာကုန္း ႏွင့္ တပ္စခန္းမ်ားကို တိုက္ခိုက္သိမ္းပိုက္မႈမ်ားရွိေၾကာင္း ထုတ္ျပန္ေျပာဆိုမႈ မ်ားလည္း ရွိေနသည္။

ထို႔ျပင္ မယ္စဲ့ၿမိဳ႕နယ္တစ္ဝိုက္၌ တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားၾကားတြင္ တိုက္ပြဲမ်ား ပိုမိုျပင္းထန္လာႏိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္း ရွိေနသည္။

“ဒါကေတာ့ စစ္ေရးအရ ဟိုဘက္က သာေနတယ္ဆိုတဲ့ အဓိပၸါယ္ေပါ့ဗ်ာ။ ဒီအဖြဲ႕က တကယ္ေျပာရမယ္ဆိုရင္ အစိုးရနဲ႔ အဆင္ေျပေနတဲ့ အဖြဲ႕ကို။ အစိုးရနဲ႔ အဆင္ေျပတဲ့အဖြဲ႕ဆိုေတာ့ ႏိုင္ငံေရးအရ အခုဟာက နစကကို ဆန႔္က်င္တဲ့သူေတြက ျပန္တိုက္ၾကတာဆိုေတာ့ အဲဒီလိုတိုက္ေနရင္းကေန သူတို႔က တိတ္တိတ္ကူညီတာေတြ ရွိတယ္ဆိုေတာ့ အဲဒါေတြကို သိၿပီးေတာ့ ဒီဘက္က ဖမ္းတာ၊ ဆီးတာ အေရးယူတာ လုပ္လာတဲ့အခါမွာ က်န္တဲ့ တပ္ရင္း(၂)ရင္းကလည္း ျပန္ေတာခိုသြားတာေပါ့။ အဲဒီေတာ့ အဲဒါမ်ိဳးျဖစ္စဥ္က ဘယ္လိုအေျခအေနမွာ ျဖစ္တတ္တုန္းဆိုေတာ့ သူတို႔ကာယကံရွင္ေတြက ဘယ္ဘက္က သာမလဲေပါ့ေနာ္။ သာေနတယ္လို႔ ထင္တဲ့ဘက္ကို ပူးေပါင္းၾကတာ မ်ားတယ္။ အဲဒီေတာ့ အဲဒီေဒသမွာ အေျခအေနေတြက ဟိုဘက္က သာေနတဲ့အေနအထားလို႔ သုံးသပ္ရမွာေပါ့”ဟု လႊတ္ေတာ္အမတ္ေဟာင္း ဦးရဲထြန္းက NP News ကို သုံးသပ္ေျပာဆိုထားသည္။

ထိုသို႔ BGF တပ္ရင္း(၂)ခု ခြဲထြက္သြားျခင္းသည္ နစကအစိုးရအတြက္ ရန္သူပိုမ်ားသြားေစေၾကာင္းလည္း ဦးရဲထြန္းက ဆက္လက္သုံးသပ္ထားသည္။

ထို႔ျပင္ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕သည္ ယခုရက္ပိုင္း ဇြန္လ ၁၇ ရက္တြင္ KNPLF ဌာနခ်ဳပ္ကို ေလယာဥ္ဗုံးႀကဲကာ ျပန္လည္တိုက္ခိုက္မႈမ်ားရွိခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိသည္။

လက္ရွိတြင္ ကယားျပည္နယ္၊ မယ္စဲ့ၿမိဳ႕နယ္တစ္ဝိုက္၌ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူလူ (၄ဝဝဝ)ေက်ာ္ ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ေနရေၾကာင္း သိရသည္။

Picture

L Mone

20/06/2023 20:44

ရန်ကုန်ခေါတ်သစ်က နွားသယ်စကားတွေကို...တကယ်ယုံနေကြတာနော် ပြည်သူတွေက....ပြည်သူ..နလပိန်းတုန်းတွေက...အသက်ကကြီးနေပြီ..ဘာမှတာ မတတ်ကြတာ...ဆရာကြီးစတိုင်နဲ့ ပြောနေကြတုန်း... အဲလို.ဆရာကြီးတွေက ကြောက်နေကြတာလည်းပါတယ်..တပ်ကဖမ်းရင်. အဆက်အသွယ်နဲ့ အလွှတ်ခိုင်းလို့ရတယ်ပေါ့...ပီဒီအက်ဖ်ကကျတော့ သတ်မှာလေ..ရောယောင်လိုက်ရင်းက ဖြစ်နေတာ. သူတို့ဘာသိလဲဆိုတော့.. ခေါတ်သစ်က...နငယ်စကားတွေပဲ ဖြစ်နေပါတော့တယ်...ဗေဒင်ဆန်ဆန်တွေနဲ့ ကာချူပ်က ဘာနေ့နံဆိုပြီး...တော့လည်း...အပြစ်ဖို့ကြပြန်တယ်...မြန်မာပြည်မှာက ဗေဒင် က ရန်တိုက်ထားတယ်...သတိထားကြပါ...လူကြီးတွေလည်း...မိမိဗေဒင်ယုံပြီး...လျှောက်လုပ်တာမျိူး...မဖြစ်သင့်ပါဘူး..အထူးသဖြင့်...ပွင့်လင်းရမယ့်ကိစ္စမဟုတ်လို့ပါပဲ....ပေါပေါတောတောတွေလို့ အထင်ခံရရင် ကိုယ်ကြိုးစားထားသမျှ...သဲ. ထဲ ...? သွန်...

Related news

© 2021. All rights reserved.