ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက်ကို ဆက်လက်ဖော်ဆောင်နိုင်ဖို့အတွက် သံတမန်ရေးခြေလှမ်းတွေကို အမေရိကန် အရှိန်မြှင့်

219

Pika (NP News) - အောက်တိုဘာ ၂၂
အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့ကို ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးအစီအစဉ် လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာစေဖို့အတွက် အမေရိကန်သံတမန်တွေဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဟားမက်လက်နက်ကိုင်အဖွဲ့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ အစ္စရေးက စွပ်စွဲပြောဆိုခဲ့ပြီး ဂါဇာတစ်ဝှမ်းက ပစ်မှတ်ပေါင်း တစ်ဒါဇင်ကျော်ကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုတွေ့ဆုံမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် အမေရိကန်အစိုးရဟာ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့အပေါ် ဖိအားပေးမှုတွေနဲ့ပဋိပက္ခကို အဆုံးသတ်ဖို့ အရှိန်အဟုန်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တာမျိုး ရှိ/မရှိဆိုတာကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။ အဲဒီခရီးစဉ်အတွင်း အပစ်အခတ်ရပ်စဲရေးကို ဆက်လက် တွန်းအားပေးဖို့နဲ့ ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ကျန်ရှိနေတဲ့အဆင့်တွေကို ဆက်လက်ဆွေးနွေးနိုင်ဖို့ အမေရိကန်သံတမန်တွေဖြစ်တဲ့ စတိဗ်ဝစ်အော့ဖ်နဲ့ ဂျားကူရှ်နာတို့က မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။ အမေရိကန်ဒုသမ္မတ JD Vance ကလည်း အစ္စရေးကို လာရောက်လည်ပတ်ဖို့ စီစဉ်ထားပြီး ဒေသတွင်းစိန်ခေါ်မှု တွေနဲ့ အခွင့်အလမ်းတွေကို ဆွေးနွေးသွားမယ်လို့ နေတန်ရာဟုက ထုတ်ဖော်ပြောခဲ့ပါတယ်။

Zawgyi Version:
ဂါဇာၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ဆက္လက္ေဖာ္ေဆာင္ႏိုင္ဖို႔အတြက္ သံတမန္ေရးေျခလွမ္းေတြကို အေမရိကန္ အရွိန္ျမႇင့္
Pika (NP News) - အောက်တိုဘာ ၂၂
အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ကို ဂါဇာကမ္းေျမာင္ေဒသအပစ္အခတ္ရပ္စဲေရးအစီအစဥ္ လမ္းေၾကာင္းေပၚကို ျပန္လည္ေရာက္ရွိလာေစဖို႔အတြက္ အေမရိကန္သံတမန္ေတြဟာ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုနဲ႔ ေတြ႕ဆုံခဲ့တယ္လို႔ သိရပါတယ္။ ဟားမက္လက္နက္ကိုင္အဖြဲ႕က အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ အစၥေရးက စြပ္စြဲေျပာဆိုခဲ့ၿပီး ဂါဇာတစ္ဝွမ္းက ပစ္မွတ္ေပါင္း တစ္ဒါဇင္ေက်ာ္ကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုေတြ႕ဆုံမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ အေမရိကန္အစိုးရဟာ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔အေပၚ ဖိအားေပးမႈေတြနဲ႔ပဋိပကၡကို အဆုံးသတ္ဖို႔ အရွိန္အဟုန္ေတြကို ဆက္လက္ထိန္းသိမ္းထားႏိုင္တာမ်ိဳး ရွိ/မရွိဆိုတာကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း သိရပါတယ္။ အဲဒီခရီးစဥ္အတြင္း အပစ္အခတ္ရပ္စဲေရးကို ဆက္လက္ တြန္းအားေပးဖို႔နဲ႔ ၿငိမ္းခ်မ္းေရးအစီအစဥ္ရဲ႕က်န္ရွိေနတဲ့အဆင့္ေတြကို ဆက္လက္ေဆြးေႏြးႏိုင္ဖို႔ အေမရိကန္သံတမန္ေတြျဖစ္တဲ့ စတိဗ္ဝစ္ေအာ့ဖ္နဲ႔ ဂ်ားကူရွ္နာတို႔က ေမွ်ာ္လင့္ေနတယ္လို႔လည္း သိရပါတယ္။ အေမရိကန္ဒုသမၼတ JD Vance ကလည္း အစၥေရးကို လာေရာက္လည္ပတ္ဖို႔ စီစဥ္ထားၿပီး ေဒသတြင္းစိန္ေခၚမႈ ေတြနဲ႔ အခြင့္အလမ္းေတြကို ေဆြးေႏြးသြားမယ္လို႔ ေနတန္ရာဟုက ထုတ္ေဖာ္ေျပာခဲ့ပါတယ္။