လာမယ့်နှစ်အစောပိုင်းမှာ တရုတ်ကို ဒေါ်နယ်ထရမ့် သွားရောက်လည်ပတ်မယ်

340

Pika (NP News) - အောက်တိုဘာ ၂၂
လာမယ့်နှစ်အစောပိုင်းမှာ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေ ရှိနေပေမယ့်လည်း ယခုလနှောင်းပိုင်းမှာ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို တောင်ကိုရီးယားနိုင်ငံမှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့လက်မှတ်ရေးထိုးဖို့ မျှော်လင့်ထားတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါ တယ်။
ဒေါ်နယ်ထရမ့်က “တရုတ်ကို လာရောက်လည်ပတ်ဖို့ ကျွန်တော်ဖိတ်ကြားခံထားရပါတယ်။ လာမယ့်နှစ်အစောပိုင်း မှာ တရုတ်ကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့သွင်းကုန်တွေအပေါ် နောက်ထပ်(၁၀၀)ရာခိုင်နှုန်းအခွန်းစည်းကြပ်မှုလုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီး နောက် ရက်အနည်းငယ်အကြာမှာ ယခုလိုပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ရှားပါးမြေထွက်သတ္တုတွေ တင်ပို့မှုအပေါ် တရုတ်ရဲ့ထိန်းချုပ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လာမယ့် နိုဝင်ဘာလ (၁)ရက်ကနေစတင်ကာ တရုတ်အပေါ် အခွန်စည်းကြပ်မှုအသစ်ကို လုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး စစ်ပွဲကို အဆုံးအထိတိုက်ပွဲဝင်သွားဖို့ ပြင်ဆင်ထားတယ်လို့လည်း တရုတ်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

Zawgyi Version:
လာမယ့္ႏွစ္အေစာပိုင္းမွာ တ႐ုတ္ကို ေဒၚနယ္ထရမ့္ သြားေရာက္လည္ပတ္မယ္
Pika (NP News) - ေအာက္တိုဘာ ၂၂
လာမယ့္ႏွစ္အေစာပိုင္းမွာ တ႐ုတ္ႏိုင္ငံကို သြားေရာက္လည္ပတ္ဖို႔ စီစဥ္ထားတယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရးဆိုင္ရာ အျငင္းပြားမႈေတြ ရွိေနေပမယ့္လည္း ယခုလေႏွာင္းပိုင္းမွာ ကုန္သြယ္ေရးသေဘာတူညီခ်က္တစ္ခုကို ေတာင္ကိုရီးယားႏိုင္ငံမွာ တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔လက္မွတ္ေရးထိုးဖို႔ ေမွ်ာ္လင့္ထားတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါ တယ္။
ေဒၚနယ္ထရမ့္က “တ႐ုတ္ကို လာေရာက္လည္ပတ္ဖို႔ ကြၽန္ေတာ္ဖိတ္ၾကားခံထားရပါတယ္။ လာမယ့္ႏွစ္အေစာပိုင္း မွာ တ႐ုတ္ကို သြားေရာက္လည္ပတ္ဖို႔ စီစဥ္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕သြင္းကုန္ေတြအေပၚ ေနာက္ထပ္(၁၀၀)ရာခိုင္ႏႈန္းအခြန္းစည္းၾကပ္မႈလုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီး ေနာက္ ရက္အနည္းငယ္အၾကာမွာ ယခုလိုေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ရွားပါးေျမထြက္သတၱဳေတြ တင္ပို႔မႈအေပၚ တ႐ုတ္ရဲ႕ထိန္းခ်ဳပ္မႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ လာမယ့္ ႏိုဝင္ဘာလ (၁)ရက္ကေနစတင္ကာ တ႐ုတ္အေပၚ အခြန္စည္းၾကပ္မႈအသစ္ကို လုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ၿခိမ္းေျခာက္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အေမရိကန္နဲ႔ ျဖစ္ပြားေနတဲ့ ကုန္သြယ္ေရး စစ္ပြဲကို အဆုံးအထိတိုက္ပြဲဝင္သြားဖို႔ ျပင္ဆင္ထားတယ္လို႔လည္း တ႐ုတ္အစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ခဲ့ပါတယ္။