ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အား ရက်ပေါင်း (၂ဝ)ကျော်ကြာ ပိတ်ထားမည်

1670
ယွန်း (NP News) - ဇွန် ၂ဝ
အာဇာနည်နေ့အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်မည်ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အား ရက်(၂ဝ)ကျော်ကြာ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသရန် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများဆောင်ရွက်မည်ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ကြိုတင်ပြင်ဆင်မှုများကြောင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို လာမည့် ဇွန်လ(၂၇)ရက်မှ ဇူလိုင်လ(၁၈)ရက်အထိ ရက်ပေါင်း (၂ဝ)ကျော် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
အာဇာနည်နေ့(ဇူလိုင်လ ၁၉ ရက်)ရောက်မှသာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်)တို့ကို ယခင်နှစ်များအတိုင်း အခမဲ့ဝင်ရောက် လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
zawgyi version
ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္အား ရက္ေပါင္း (၂ဝ)ေက်ာ္ၾကာ ပိတ္ထားမည္
ယြန္း (NP News) - ဇြန္ ၂ဝ
အာဇာနည္ေန႔အတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ားေဆာင္႐ြက္မည္ျဖစ္၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္အား ရက္(၂ဝ)ေက်ာ္ၾကာ ေခတၱပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။
ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ ယခုရက္ပိုင္းအတြင္း အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
(၇၆)ႏွစ္ေျမာက္ အာဇာနည္ေန႔ အထိမ္းအမွတ္ အထူးျပပြဲခင္းက်င္းျပသရန္ ႀကိဳတင္ျပင္ဆင္မႈ လုပ္ငန္းမ်ားေဆာင္႐ြက္မည္ျဖစ္၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္(ရန္ကုန္)အား ေခတၱပိတ္ထားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ႀကိဳတင္ျပင္ဆင္မႈမ်ားေၾကာင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္(ရန္ကုန္)ကို လာမည့္ ဇြန္လ(၂၇)ရက္မွ ဇူလိုင္လ(၁၈)ရက္အထိ ရက္ေပါင္း (၂ဝ)ေက်ာ္ ေခတၱပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။
အာဇာနည္ေန႔(ဇူလိုင္လ ၁၉ ရက္)ေရာက္မွသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္(ရန္ကုန္) အပါအဝင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေနအိမ္ျပတိုက္ (နတ္ေမာက္)တို႔ကို ယခင္ႏွစ္မ်ားအတိုင္း အခမဲ့ဝင္ေရာက္ ေလ့လာခြင့္ျပဳမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။