ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လိုက်ထရပ်ကားနှင့် မြေသယ်ကားတို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား (၆)ဦး ထိခိုက်ဒဏ်ရာရရှိ

 617

စော (NP News) - ဇူလိုင် ၆

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လိုက်ထရပ်ကားနှင့် မြေသယ်ကားတို့တိုက်မိ၍ အမျိုးသား(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၆ ရက်)၊ နံနက် (၁ဝ)နာရီဝန်းကျင်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေလီလမ်းနှင့်မြနန္ဒာလမ်းထောင့်တို့၌ ဖြစ်ပွားခဲ့ကြောင်း အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါ ဖြစ်စဥ်မှာ ရွှေလီလမ်းဘက်မှ မောင်းနှင်လာသည့် လိုက်ထရပ်ကားအား မြနန္ဒာလမ်းဘက်မှ မောင်းနှင်လာသော မြေသယ်ကားမှ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြေသယ်ကားက လိုက်ထရပ်ကားကိုဝင်တိုက်တာပါ။ အရှိန်ပါတယ်နဲ့တူတယ်။ လိုက်ထရပ်ကားက မှောက်သွားတယ်။ လိုက်ထရပ်ကားမှာ လူ(၇)ယောက်ပါလာတယ်။ မြေသယ်ကားပေါ်မှာတော့ လူ(၂)လောက်ပါလာလောက်တယ်”ဟု အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ကားပေါ်တွင် လိုက်ပါလာသူ (၇)ဦးအနက် အမျိုးသား(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စိုးရိမ်ဒဏ်ရာရရှိခဲ့သူ (၂)ဦး ရှိခဲ့ကြောင်း သိရသည်။

၎င်းတို့အား သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံသို့ 5BTAXI လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်နှစ်စီးဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

zawgyi version
ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္တြင္ လိုက္ထရပ္ကားႏွင့္ ေျမသယ္ကားတို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသား (၆)ဦး ထိခိုက္ဒဏ္ရာရရွိ

ေစာ (NP News) - ဇူလိုင္ ၆

ရန္ကုန္တိုင္း၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္တြင္ လိုက္ထရပ္ကားႏွင့္ ေျမသယ္ကားတို႔တိုက္မိ၍ အမ်ိဳးသား(၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဇူလိုင္လ ၆ ရက္)၊ နံနက္ (၁ဝ)နာရီဝန္းက်င္ခန႔္တြင္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ေ႐ႊလီလမ္းႏွင့္ျမနႏၵာလမ္းေထာင့္တို႔၌ ျဖစ္ပြားခဲ့ေၾကာင္း အၾကင္နာကုသိုလ္ျပဳ လူမႈကူညီေရးအသင္းထံမွ သိရသည္။

အဆိုပါ ျဖစ္စဥ္မွာ ေ႐ႊလီလမ္းဘက္မွ ေမာင္းႏွင္လာသည့္ လိုက္ထရပ္ကားအား ျမနႏၵာလမ္းဘက္မွ ေမာင္းႏွင္လာေသာ ေျမသယ္ကားမွ ဝင္တိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေျမသယ္ကားက လိုက္ထရပ္ကားကိုဝင္တိုက္တာပါ။ အရွိန္ပါတယ္နဲ႔တူတယ္။ လိုက္ထရပ္ကားက ေမွာက္သြားတယ္။ လိုက္ထရပ္ကားမွာ လူ(၇)ေယာက္ပါလာတယ္။ ေျမသယ္ကားေပၚမွာေတာ့ လူ(၂)ေလာက္ပါလာေလာက္တယ္”ဟု အၾကင္နာကုသိုလ္ျပဳလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ လိုက္ထရပ္ကားေပၚတြင္ လိုက္ပါလာသူ (၇)ဦးအနက္ အမ်ိဳးသား(၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ကာ စိုးရိမ္ဒဏ္ရာရရွိခဲ့သူ (၂)ဦး ရွိခဲ့ေၾကာင္း သိရသည္။

၎တို႔အား သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ စံျပေဆး႐ုံသို႔ 5BTAXI လူမႈကူညီေရးအသင္းမွ လူနာတင္ယာဥ္ႏွစ္စီးျဖင့္ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.