တောင်သာတွင် PDF တို့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါဝင် (၃)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရ

327

ချယ်ရီ (NP News) - ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် PDF တို့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် (၃)ဦး သေဆုံးပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၂၅) ရက်၊ ညနေ (၄) နာရီခွဲအချိန်ခန့်က တောင်သာမြို့နယ်၊ သီးကုန်းကျေးရွာအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
PDF အဖွဲ့က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုကဲ့သို့ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာ၌ နေထိုင်သူများဖြစ်ကြသည့် အသက်(၅၇)နှစ်အရွယ်ရှိ ဦးမျိုးညွန့် ၊ အသက်(၅၅) နှစ်အရွယ်ရှိ ဒေါ်မြင့်မြင့်ဝင်း နှင့် အသက်(၈) နှစ်အရွယ်ရှိ မဂျူးကေသာ တို့ (၃)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အသက်(၂၃) နှစ်အရွယ်ရှိ ကိုလှိုင်မျိုးကျော် ၊ အသက်(၃၄) နှစ်အရွယ်ရှိ ဒေါ်မာမာနှင့် အသက်(၁)နှစ်အရွယ်ရှိ မောင်ဖုန်းထက်မြတ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါဖြစ်စဉ်၌ လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို မြင်းခြံခရိုင်၊ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးကုသမှုများခံယူနေကြောင်း သိရသည်။
ထိုသို့ PDF များက ပြည်သူများနေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်မှုများကြောင့် ပြည်သူများထိခိုက်သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
zawgyi version
ေတာင္သာတြင္ PDF တို႔၏ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ကေလးငယ္တစ္ဦးအပါဝင္ (၃)ဦးေသဆုံးၿပီး (၃)ဦး ဒဏ္ရာရ
ခ်ယ္ရီ (NP News) - ဇြန္ ၂၇
မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္တြင္ PDF တို႔၏ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ကေလးငယ္တစ္ဦးအပါအဝင္ (၃)ဦး ေသဆုံးၿပီး (၃)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။ အဆိုပါျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇြန္လ (၂၅) ရက္၊ ညေန (၄) နာရီခြဲအခ်ိန္ခန႔္က ေတာင္သာၿမိဳ႕နယ္၊ သီးကုန္းေက်း႐ြာအတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
PDF အဖြဲ႕က လက္နက္ႀကီးျဖင့္ အေၾကာင္းမဲ့ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ေက်း႐ြာအတြင္းသို႔ လက္နက္ႀကီးဗုံးသီးတစ္လုံး က်ေရာက္ေပါက္ကြဲခဲ့ၿပီး ထိုကဲ့သို႔ေပါက္ကြဲမႈေၾကာင့္ အဆိုပါေက်း႐ြာ၌ ေနထိုင္သူမ်ားျဖစ္ၾကသည့္ အသက္(၅၇)ႏွစ္အ႐ြယ္ရွိ ဦးမ်ိဳးၫြန႔္ ၊ အသက္(၅၅) ႏွစ္အ႐ြယ္ရွိ ေဒၚျမင့္ျမင့္ဝင္း ႏွင့္ အသက္(၈) ႏွစ္အ႐ြယ္ရွိ မဂ်ဴးေကသာ တို႔ (၃)ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အသက္(၂၃) ႏွစ္အ႐ြယ္ရွိ ကိုလႈိင္မ်ိဳးေက်ာ္ ၊ အသက္(၃၄) ႏွစ္အ႐ြယ္ရွိ ေဒၚမာမာႏွင့္ အသက္(၁)ႏွစ္အ႐ြယ္ရွိ ေမာင္ဖုန္းထက္ျမတ္တို႔တြင္ ဗုံးစထိမွန္ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ အဆိုပါျဖစ္စဥ္၌ လက္နက္ႀကီးဗုံးသီးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူတို႔ကို ျမင္းၿခံခ႐ိုင္၊ ျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ကာ ေဆးကုသမႈမ်ားခံယူေနေၾကာင္း သိရသည္။
ထိုသို႔ PDF မ်ားက ျပည္သူမ်ားေနထိုင္လ်က္ရွိေသာ ရပ္ကြက္၊ ေက်း႐ြာမ်ားအတြင္းသို႔ လက္နက္ႀကီး၊ လက္နက္ငယ္၊ Drop Bomb မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ား ျပဳလုပ္မႈမ်ားေၾကာင့္ ျပည္သူမ်ားထိခိုက္ေသဆုံး၊ ဒဏ္ရာရရွိခဲ့မႈအေပၚ ေဒသခံျပည္သူမ်ားက ဆန႔္က်င္ကန႔္ကြက္လ်က္ရွိေၾကာင္းႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာ လုံၿခဳံေရးလုပ္ငန္းမ်ားကို ျပည္သူႏွင့္ ပူးေပါင္းကာ တိုးျမႇင့္လုပ္ေဆာင္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။