အာဆီယံယဉ်ကျေးမှုကို ပုံဖော်သည့် ဓာတ်ပုံများဖြင့် ယှဉ်ပြိုင်ရမည့် ASEAN Photo Contest 2023 တွင် မြန်မာလူငယ်များပါဝင်နိုင်ဟုဆို

638

စော (NP News) - ဇူလိုင် ၆
အာဆီယံယဉ်ကျေးမှုဖလှယ်ရေး ASEAN Photo Contest 2023 အစီအစဉ်တွင် ပါဝင်နိုင်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ယမန်နေ့(ဇူလိုင်လ ၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
Sakai-ASEAN Exchange Promotion Committee မှ အာဆီယံယဉ်ကျေးမှုကို သိရှိနား လည်စေရန်ရည်ရွယ်၍ ASEAN Photo Contest 2023 အစီအစဉ်ကို ဇူလိုင်လ ၁ ရက်မှ ဩဂုတ်လ ၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့် ဂျပန်နိုင်ငံနှင့် အာဆီယံဒေသတွင်း နိုင်ငံများ၌ ရိုက်ကူးထားသည့် အာဆီယံယဉ်ကျေးမှုကို ပုံဖော်စေသော ဓာတ်ပုံများဖြင့် ယှဉ်ပြိုင်နိုင်ကြောင်း အထက်ပါကော်မတီက မြန်မာသံရုံးသို့ အကြောင်းကြားထားကြောင်း သိရသည်။
အဆိုပါအစီအစဉ်သို့ လျှောက်ထားလိုသူများအနေဖြင့် အသက် (၁၈)နှစ်အထက်ဖြစ်ရန်လိုပြီး မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် Sakai City Electronic Application System မှတစ်ဆင့် ဓာတ်ပုံကို ပေးပို့ရန်နှင့် လျှောက်ထားသူ၏ နာမည်၊ စာပို့သင်္ကေတ၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်နှင့် EMAILများလည်း ထည့်သွင်းဖော်ပြန်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ မိခင်နိုင်ငံ၊ ရိုက်ကူးထားသည့် နေရာ၊ ခေါင်းစဉ်နှင့် ဓာတ်ပုံတွင် ရေးသားလိုသည့် စာသားများလည်း ထည့်သွင်းရန်လိုပြီး ဓာတ်ပုံတစ်ပုံဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ASEAN Photo Contest 2023 တွင် ဆုရသူများနှင့် အခြားပြိုင်ပွဲဝင်များ၏ လက်ရာ(၅ဝ)အား အောက်တိုဘာလ (၁၇)ရက်တွင် Sakai City ခန်းမ၏ ပထမထပ်အပါအဝင် Sakai City Website နှင့် ကော်မတီ၏ Facebook စာမျက်နှာတို့၌ ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်သူများအတွက် ယန်း (၃)သောင်းတန် အကောင်းဆုံးဆု (၁)ဆု အပြင် ယန်း(၁) သောင်းတန်အထူးဆု (၁)ဆုနှင့် ယန်း(၃)ထောင်တန် အထူးဆု (၇)ဆုတို့ကို ကော်မတီမှ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

zawgyi version
အာဆီယံယဥ္ေက်းမႈကို ပုံေဖာ္သည့္ ဓာတ္ပုံမ်ားျဖင့္ ယွဥ္ၿပိဳင္ရမည့္ ASEAN Photo Contest 2023 တြင္ ျမန္မာလူငယ္မ်ားပါဝင္ႏိုင္ဟုဆို
ေစာ (NP News) - ဇူလိုင္ ၆
အာဆီယံယဥ္ေက်းမႈဖလွယ္ေရး ASEAN Photo Contest 2023 အစီအစဥ္တြင္ ပါဝင္ႏိုင္ေၾကာင္း ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။
ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယမန္ေန႔(ဇူလိုင္လ ၅ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
Sakai-ASEAN Exchange Promotion Committee မွ အာဆီယံယဥ္ေက်းမႈကို သိရွိနား လည္ေစရန္ရည္႐ြယ္၍ ASEAN Photo Contest 2023 အစီအစဥ္ကို ဇူလိုင္လ ၁ ရက္မွ ဩဂုတ္လ ၄ ရက္အထိ က်င္းပမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ထို႔ေၾကာင့္ ဂ်ပန္ႏိုင္ငံႏွင့္ အာဆီယံေဒသတြင္း ႏိုင္ငံမ်ား၌ ႐ိုက္ကူးထားသည့္ အာဆီယံယဥ္ေက်းမႈကို ပုံေဖာ္ေစေသာ ဓာတ္ပုံမ်ားျဖင့္ ယွဥ္ၿပိဳင္ႏိုင္ေၾကာင္း အထက္ပါေကာ္မတီက ျမန္မာသံ႐ုံးသို႔ အေၾကာင္းၾကားထားေၾကာင္း သိရသည္။
အဆိုပါအစီအစဥ္သို႔ ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ အသက္ (၁၈)ႏွစ္အထက္ျဖစ္ရန္လိုၿပီး မည္သူမဆို ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ထို႔ျပင္ Sakai City Electronic Application System မွတစ္ဆင့္ ဓာတ္ပုံကို ေပးပို႔ရန္ႏွင့္ ေလွ်ာက္ထားသူ၏ နာမည္၊ စာပို႔သေကၤတ၊ ေနရပ္လိပ္စာ၊ ဖုန္းနံပါတ္ႏွင့္ EMAILမ်ားလည္း ထည့္သြင္းေဖာ္ျပန္ရန္လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
အလားတူ မိခင္ႏိုင္ငံ၊ ႐ိုက္ကူးထားသည့္ ေနရာ၊ ေခါင္းစဥ္ႏွင့္ ဓာတ္ပုံတြင္ ေရးသားလိုသည့္ စာသားမ်ားလည္း ထည့္သြင္းရန္လိုၿပီး ဓာတ္ပုံတစ္ပုံျဖင့္သာ ဝင္ေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္းထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ASEAN Photo Contest 2023 တြင္ ဆုရသူမ်ားႏွင့္ အျခားၿပိဳင္ပြဲဝင္မ်ား၏ လက္ရာ(၅ဝ)အား ေအာက္တိုဘာလ (၁၇)ရက္တြင္ Sakai City ခန္းမ၏ ပထမထပ္အပါအဝင္ Sakai City Website ႏွင့္ ေကာ္မတီ၏ Facebook စာမ်က္ႏွာတို႔၌ ေဖာ္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။
ၿပိဳင္ပြဲဝင္သူမ်ားအတြက္ ယန္း (၃)ေသာင္းတန္ အေကာင္းဆုံးဆု (၁)ဆု အျပင္ ယန္း(၁) ေသာင္းတန္အထူးဆု (၁)ဆုႏွင့္ ယန္း(၃)ေထာင္တန္ အထူးဆု (၇)ဆုတို႔ကို ေကာ္မတီမွ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။