ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေကြောင်း အမေရိကန်နှင့်အိန္ဒိယတို့အတည်ပြု

 126

Pika (NP News) - စက်တင်ဘာ ၁၅
အမေရိကန်နှင့်အိန္ဒိယနိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့်အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့က အတည်ပြုပြောကြားခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံ ကြားကုန်သွယ်ရေးဆိုင်ရာစေ့ စပ်ညှိနှိုင်းမှုများ မကြာမီအချိန်အတွင်း ပြီးဆုံးသွားနိုင် မည်ဟုအကောင်းမြင်မိကြောင်း ဒေါ်နယ်ထရမ့်နှင့် မိုဒီတို့ကပြောကြားခဲ့သည်။
မကြာမီအချိန်အတွင်း မိုဒီနှင့်ဆွေးနွေးမှုများလုပ်ဆောင်ရန်မျှော်လင့်ထားကြောင်းလည်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ဒေါ်နယ်ထရမ့်က ‘အိန္ဒိယနဲ့အမေရိကန်တို့ဟာ နှစ်နိုင်ငံကြားကုန်သွယ်ရေးဆိုင်ရာ အတား အဆီးတွေကို ဖြေရှင်းဖို့ ဆက်လက်ညှိနှိုင်းနေတယ်ဆိုတာကို ထုတ်ပြန်ကြေ ညာရတာ တကယ်ကိုဝမ်းသာမိပါတယ်။ လာမယ့်သီ တင်းပတ်တွေမှာ မိုဒီနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ မျှော်လင့်ထားပါတယ်။ အိန္ဒိယနဲ့အမေရိကန် နှစ်နိုင်ငံ စလုံးအတွက် အောင်မြင်တဲ့အဆုံးသတ်ကို ရယူနိုင်ဖို့ အခက်အခဲမရှိဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်’ ဟုပြောဆိုခဲ့ သည်။
မိုဒီက ‘အိန္ဒိယနဲ့ အမေရိကန်တို့ဟာနီးကပ် တဲ့မိတ်ဖက်နိုင်ငံတွေပဲဖြစ်ပါတယ်။ ကုန်သွယ်ရေး ဆိုင်ရာဆွေးနွေး ပွဲတွေဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးအတွက် အကန့်အသတ်မရှိတဲ့အလားအလာတွေကို ဖွင့်လှစ်ဖို့အတွက် လမ်းခင်း ပေးနိုင်မယ်လို့ယုံကြည်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့လည်း စကားပြောဆိုမှုတွေလုပ်ဆောင်ဖို့ ကျွန်တော် မျှော် လင့်ထားပါတယ်။ ပိုမိုတောက်ပပြီး သာယာဝပြော တဲ့အနာဂတ်ရရှိဖို့အတွက် ကျွန်တော်တို့ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမှာပါ’ဟုပြောဆိုခဲ့သည်။
ရုရှားရေနံဆက်လက်ဝယ်ယူနေမှုနှင့်ပတ်သက်ပြီး အိန္ဒိယအပေါ် (၅၀)ရာခိုင်နှုန်းအခွန်စည်း ကြပ်မှုကို ပြီးခဲ့ သည့်လတွင် ဒေါ်နယ်ထရမ့်က စတင်အသက်သွင်းခဲ့ပြီးနောက် အဆိုပါသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version:
ကုန္သြယ္ေရးဆိုင္ရာေဆြးေႏြးပြဲမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း အေမရိကန္ႏွင့္အိႏၵိယတို႔အတည္ျပဳ
Pika (NP News) - စက္တင္ဘာ ၁၅
အေမရိကန္ႏွင့္အိႏၵိယႏိုင္ငံၾကား ကုန္သြယ္ေရးဆိုင္ရာေဆြးေႏြးပြဲမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္ ႏွင့္အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီတို႔က အတည္ျပဳေျပာၾကားခဲ့သည္။ ထို႔ျပင္ ႏွစ္ႏိုင္ငံ ၾကားကုန္သြယ္ေရးဆိုင္ရာေစ့ စပ္ညႇိႏႈိင္းမႈမ်ား မၾကာမီအခ်ိန္အတြင္း ၿပီးဆုံးသြားႏိုင္ မည္ဟုအေကာင္းျမင္မိေၾကာင္း ေဒၚနယ္ထရမ့္ႏွင့္ မိုဒီတို႔ကေျပာၾကားခဲ့သည္။
မၾကာမီအခ်ိန္အတြင္း မိုဒီႏွင့္ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ေမွ်ာ္လင့္ထားေၾကာင္းလည္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ေဒၚနယ္ထရမ့္က ‘အိႏၵိယနဲ႔အေမရိကန္တို႔ဟာ ႏွစ္ႏိုင္ငံၾကားကုန္သြယ္ေရးဆိုင္ရာ အတား အဆီးေတြကို ေျဖရွင္းဖို႔ ဆက္လက္ညႇိႏႈိင္းေနတယ္ဆိုတာကို ထုတ္ျပန္ေၾက ညာရတာ တကယ္ကိုဝမ္းသာမိပါတယ္။ လာမယ့္သီ တင္းပတ္ေတြမွာ မိုဒီနဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ အိႏၵိယနဲ႔အေမရိကန္ ႏွစ္ႏိုင္ငံ စလုံးအတြက္ ေအာင္ျမင္တဲ့အဆုံးသတ္ကို ရယူႏိုင္ဖို႔ အခက္အခဲမရွိဘူးလို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္’ ဟုေျပာဆိုခဲ့ သည္။
မိုဒီက ‘အိႏၵိယနဲ႔ အေမရိကန္တို႔ဟာနီးကပ္ တဲ့မိတ္ဖက္ႏိုင္ငံေတြပဲျဖစ္ပါတယ္။ ကုန္သြယ္ေရး ဆိုင္ရာေဆြးေႏြး ပြဲေတြဟာ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးအတြက္ အကန႔္အသတ္မရွိတဲ့အလားအလာေတြကို ဖြင့္လွစ္ဖို႔အတြက္ လမ္းခင္း ေပးႏိုင္မယ္လို႔ယုံၾကည္ပါတယ္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔လည္း စကားေျပာဆိုမႈေတြလုပ္ေဆာင္ဖို႔ ကြၽန္ေတာ္ ေမွ်ာ္ လင့္ထားပါတယ္။ ပိုမိုေတာက္ပၿပီး သာယာဝေျပာ တဲ့အနာဂတ္ရရွိဖို႔အတြက္ ကြၽန္ေတာ္တို႔ အတူတကြ ပူးေပါင္း ေဆာင္႐ြက္သြားမွာပါ’ဟုေျပာဆိုခဲ့သည္။
႐ုရွားေရနံဆက္လက္ဝယ္ယူေနမႈႏွင့္ပတ္သက္ၿပီး အိႏၵိယအေပၚ (၅၀)ရာခိုင္ႏႈန္းအခြန္စည္း ၾကပ္မႈကို ၿပီးခဲ့ သည့္လတြင္ ေဒၚနယ္ထရမ့္က စတင္အသက္သြင္းခဲ့ၿပီးေနာက္ အဆိုပါသတင္းမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.