ယူကရိန်းပဋိပက္ခက ပျံ့နှံ့သွားနိုင်တဲ့အန္တရာယ်တွေရှိနေတယ်လို့ တရုတ် သတိပေး

 72

Pika (NP News) - စက်တင်ဘာ ၁၅
ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ ရန်စပြောဆိုမှုတွေဟာ အန္တရာယ်ရှိတဲ့ အကျိုး သက်ရောက်မှုတွေကို ဖန်တီးနေတယ်လို့ တရုတ်အစိုးရက သတိပေးပြောဆိုခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ ၎င်းရဲ့နိုင်ငံအပေါ် ဒရုန်းတွေနဲ့ပစ်မှတ်ထားတိုက်ခိုက်မှုကို လုပ်ဆောင်လိုနေတယ်လို့ ပိုလန်အစိုးရကစွပ်စွဲ ပြောဆိုခဲ့ပြီးနောက် တရုတ်အစိုးရရဲ့သတိပေးပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ပိုလန်၊ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတို့နဲ့ မကြာသေးခင်က ထုတ်ပြန်ချက်တွေနဲ့ တုံ့ပြန်မှုတွေကို သတိပြုမိကြောင်းနဲ့ နားလည်မှုလွဲမှားတာမျိုးတွေကို ရှောင်ရှားကြဖို့ ပါတီဝင်အားလုံးကို တောင်းဆိုခဲ့တယ်လို့ တရုတ်ရဲ့ကုလသမဂ္ဂဆိုင်ရာလက်ထောက်အမြဲတမ်းကိုယ်စားလှယ် Geng Shuang က ထုတ်ပြန်ပြောကြား ခဲ့ပါတယ်။ Geng Shuang က “ဒီဒရုန်းဖြစ်ရပ်ဟာ ယူကရိန်းပဋိပက္ခက ပျံ့နှံ့လာမှုတစ်ခုပဲဖြစ်ပါတယ်။ နားလည်မှု လွဲမှားတာတွေဟာ ယုံကြည်တွေကို ပျက်ပြားစေပါလိမ့်မယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေဟာ ပဋိပက္ခကို ပိုမိုအရှိန်မြင့် လာစေနိုင်ပြီး စစ်ရေးအရထိပ်တိုက်ရင်ဆိုင်မှုတွေက မတည်ငြိမ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာစေနိုင် ပါတယ်” လို့ ပြောခဲ့ပါတယ်။ ရုရှားဘက်က ပစ်လွှတ်လိုက်တဲ့ဒရုန်းတွေဟာ ပိုလန်လေပိုင်နက်ထဲကို ဝင်ရောက်သွားခဲ့မှုနဲ့အတူ ရုရှားနဲ့ပိုလန်ကြား တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် Geng Shuang ရဲ့ ပြောဆိုချက် တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version;
ယူကရိန္းပဋိပကၡက ပ်ံ႕ႏွံ႔သြားႏိုင္တဲ့အႏၲရာယ္ေတြရွိေနတယ္လို႔ တ႐ုတ္ သတိေပး
Pika (NP News) - စက္တင္ဘာ ၁၅
ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ထိပ္တိုက္ေတြ႕ဆုံမႈေတြနဲ႔ ရန္စေျပာဆိုမႈေတြဟာ အႏၲရာယ္ရွိတဲ့ အက်ိဳး သက္ေရာက္မႈေတြကို ဖန္တီးေနတယ္လို႔ တ႐ုတ္အစိုးရက သတိေပးေျပာဆိုခဲ့ပါတယ္။ ႐ုရွားႏိုင္ငံဟာ ၎ရဲ႕ႏိုင္ငံအေပၚ ဒ႐ုန္းေတြနဲ႔ပစ္မွတ္ထားတိုက္ခိုက္မႈကို လုပ္ေဆာင္လိုေနတယ္လို႔ ပိုလန္အစိုးရကစြပ္စြဲ ေျပာဆိုခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရရဲ႕သတိေပးေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ပိုလန္၊ ႐ုရွားနဲ႔ ဘီလာ႐ုစ္ႏိုင္ငံတို႔နဲ႔ မၾကာေသးခင္က ထုတ္ျပန္ခ်က္ေတြနဲ႔ တုံ႔ျပန္မႈေတြကို သတိျပဳမိေၾကာင္းနဲ႔ နားလည္မႈလြဲမွားတာမ်ိဳးေတြကို ေရွာင္ရွားၾကဖို႔ ပါတီဝင္အားလုံးကို ေတာင္းဆိုခဲ့တယ္လို႔ တ႐ုတ္ရဲ႕ကုလသမဂၢဆိုင္ရာလက္ေထာက္အၿမဲတမ္းကိုယ္စားလွယ္ Geng Shuang က ထုတ္ျပန္ေျပာၾကား ခဲ့ပါတယ္။ Geng Shuang က “ဒီဒ႐ုန္းျဖစ္ရပ္ဟာ ယူကရိန္းပဋိပကၡက ပ်ံ႕ႏွံ႔လာမႈတစ္ခုပဲျဖစ္ပါတယ္။ နားလည္မႈ လြဲမွားတာေတြဟာ ယုံၾကည္ေတြကို ပ်က္ျပားေစပါလိမ့္မယ္။ ထိပ္တိုက္ေတြ႕ဆုံမႈေတြဟာ ပဋိပကၡကို ပိုမိုအရွိန္ျမင့္ လာေစႏိုင္ၿပီး စစ္ေရးအရထိပ္တိုက္ရင္ဆိုင္မႈေတြက မတည္ၿငိမ္မႈေတြကို က်ယ္က်ယ္ျပန႔္ျပန္႔ ျဖစ္ေပၚလာေစႏိုင္ ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ႐ုရွားဘက္က ပစ္လႊတ္လိုက္တဲ့ဒ႐ုန္းေတြဟာ ပိုလန္ေလပိုင္နက္ထဲကို ဝင္ေရာက္သြားခဲ့မႈနဲ႔အတူ ႐ုရွားနဲ႔ပိုလန္ၾကား တင္းမာမႈေတြျဖစ္ေပၚခဲ့ၿပီးေနာက္ Geng Shuang ရဲ႕ ေျပာဆိုခ်က္ ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.