ရန်ကုန်ရှိ Bar များတွင် တီးဝိုင်းထည့်သွင်း ဖျော်ဖြေပွဲအစီအစဉ်များကို ယနေ့ပြန်လည်စတင်

 4982

NP News - ဇူလိုင် ၇

ယာယီပိတ်ခိုင်းရာမှ ပြန်လည်ခွင့်ပြုမှုများကြောင့် ရန်ကုန်မြို့ရှိ Bar များသည် ဖျော်ဖြေပွဲအစီအစဉ်များကို ယနေ့တွင် ပြန်လည်ပြုလုပ်နေပြီဖြစ်ကြောင်း ကြော်ငြာမှုများရှိလာကြသည်။

ရန်ကုန်မြို့ရှိ Bar များတွင် တီးဝိုင်းထည့်ဖျော်ဖြေမှုများ ဇူလိုင်လ ၅ ရက်ခွင့်မှစတင်ကာ ခွင့်မပြုတော့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယနေ့ (ဇူလိုင်လ ၇ ရက်)တွင် ဖျော်ဖြေပွဲအစီအစဉ်များ ပြန်လည်ကြော်ငြာလာခြင်းဖြစ်သည်။

"Live Music Band များ ပုံမှန်အတိုင်း ဆက်လက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း အသိပေးကြော်ငြာအပ်ပါတယ်"ဟု ရန်ကုန်မြို့ရှိ The Heart of Rangoon-Thor က ကြေငြာထား သည်။

ယနေ့ (ဇူလိုင်လ ၇ ရက်)မှ စတင်ပြီး စားသောက်ဆိုင်နှင့် Bar များတွင် Unplugged တီး ဝိုင်းများဖြင့် ဖျော်ဖြေမှုကို သတ်မှတ်ချိန်အလိုက် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ရန်ကုန်ရှိ Bar များတွင် ကြော်ငြာများ ပြန်လည်ထုတ်ပြန်လာခြင်းဖြစ်သည်။

“စားသောက်ဆိုင်တွေ ခွင့်ပြုထားတဲ့လိုင်စင်မှာ ပါတဲ့အချက်နဲ့မကိုက်ညီတဲ့ ဆိုင်တွေကိုအရေးယူတာပါ။ တချို့ဆိုင်တွေက စားသောက်ဆိုင်လိုင်စင်နဲ့ စင်တင်တွေ၊ အလုံပိတ် KTV အခန်းတွေ ဖွင့်နေကြတာတွေကို ပိတ်ခိုင်းတာ။ အခုတော့လိုင်စင်သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ဘားတွေ၊ စားသောက်ဆိုင်တွေမှာ အချိန်သတ်မှတ်ချက်နဲ့ ဖျော်ဖြေရေးတွေပြန်လုပ်လို့ရပြီ” ဟု အမည်မဖေါ်လိုသူ ဘားဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

Club၊ KTV၊ Bar နှင့် စားသောက်ဆိုင်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများရှိခဲ့ရာ စည်းကမ်းမလိုက်နာခြင်းကြောင့်ဟုဆိုကာ ယာယီပိတ်သိမ်းမှုများရှိနေကြောင်းသိရသည်။

လက်ရှိကာလတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် အနုပညာရှင်အချို့သည် စားသောက်ဆိုင်နှင့် Bar များတွင် Unplugged တီးဝိုင်းများဖြင့် ဖျော်ဖြေကာ ဝင်ငွေရှာဖွေနေရခြင်းကြောင့်အခက်အခဲများကို သက်ဆိုင်ရာသို့တင်ပြထားကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး နှင့်နီးစပ်သူတစ်ဦးကလည်း ပြောသည်။

zawgyi version
ရန္ကုန္ရွိ Bar မ်ားတြင္ တီးဝိုင္းထည့္သြင္း ေဖ်ာ္ေျဖပြဲအစီအစဥ္မ်ားကို ယေန႔ျပန္လည္စတင္

NP News - ဇူလိုင္ ၇

ယာယီပိတ္ခိုင္းရာမွ ျပန္လည္ခြင့္ျပဳမႈမ်ားေၾကာင့္ ရန္ကုန္ၿမိဳ႕ရွိ Bar မ်ားသည္ ေဖ်ာ္ေျဖပြဲအစီအစဥ္မ်ားကို ယေန႔တြင္ ျပန္လည္ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း ေၾကာ္ျငာမႈမ်ားရွိလာၾကသည္။

ရန္ကုန္ၿမိဳ႕ရွိ Bar မ်ားတြင္ တီးဝိုင္းထည့္ေဖ်ာ္ေျဖမႈမ်ား ဇူလိုင္လ ၅ ရက္ခြင့္မွစတင္ကာ ခြင့္မျပဳေတာ့ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ၿပီးေနာက္ ယေန႔ (ဇူလိုင္လ ၇ ရက္)တြင္ ေဖ်ာ္ေျဖပြဲအစီအစဥ္မ်ား ျပန္လည္ေၾကာ္ျငာလာျခင္းျဖစ္သည္။

"Live Music Band မ်ား ပုံမွန္အတိုင္း ဆက္လက္ေဖ်ာ္ေျဖသြားမည္ျဖစ္ေၾကာင္း အသိေပးေၾကာ္ျငာအပ္ပါတယ္"ဟု ရန္ကုန္ၿမိဳ႕ရွိ The Heart of Rangoon-Thor က ေၾကျငာထား သည္။

ယေန႔ (ဇူလိုင္လ ၇ ရက္)မွ စတင္ၿပီး စားေသာက္ဆိုင္ႏွင့္ Bar မ်ားတြင္ Unplugged တီး ဝိုင္းမ်ားျဖင့္ ေဖ်ာ္ေျဖမႈကို သတ္မွတ္ခ်ိန္အလိုက္ ျပန္လည္ခြင့္ျပဳလိုက္ၿပီျဖစ္ေၾကာင္း သတင္းထြက္ေပၚလာၿပီးေနာက္ ရန္ကုန္ရွိ Bar မ်ားတြင္ ေၾကာ္ျငာမ်ား ျပန္လည္ထုတ္ျပန္လာျခင္းျဖစ္သည္။

“စားေသာက္ဆိုင္ေတြ ခြင့္ျပဳထားတဲ့လိုင္စင္မွာ ပါတဲ့အခ်က္နဲ႔မကိုက္ညီတဲ့ ဆိုင္ေတြကိုအေရးယူတာပါ။ တခ်ိဳ႕ဆိုင္ေတြက စားေသာက္ဆိုင္လိုင္စင္နဲ႔ စင္တင္ေတြ၊ အလုံပိတ္ KTV အခန္းေတြ ဖြင့္ေနၾကတာေတြကို ပိတ္ခိုင္းတာ။ အခုေတာ့လိုင္စင္သတ္မွတ္ခ်က္နဲ႔ကိုက္ညီတဲ့ ဘားေတြ၊ စားေသာက္ဆိုင္ေတြမွာ အခ်ိန္သတ္မွတ္ခ်က္နဲ႔ ေဖ်ာ္ေျဖေရးေတြျပန္လုပ္လို႔ရၿပီ” ဟု အမည္မေဖၚလိုသူ ဘားဆိုင္ပိုင္ရွင္တစ္ဦးကေျပာသည္။

Club၊ KTV၊ Bar ႏွင့္ စားေသာက္ဆိုင္မ်ားကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေရွာင္တခင္ဝင္ေရာက္စစ္ေဆးမႈမ်ားရွိခဲ့ရာ စည္းကမ္းမလိုက္နာျခင္းေၾကာင့္ဟုဆိုကာ ယာယီပိတ္သိမ္းမႈမ်ားရွိေနေၾကာင္းသိရသည္။

လက္ရွိကာလတြင္ အလုပ္အကိုင္ရွားပါးမႈေၾကာင့္ အႏုပညာရွင္အခ်ိဳ႕သည္ စားေသာက္ဆိုင္ႏွင့္ Bar မ်ားတြင္ Unplugged တီးဝိုင္းမ်ားျဖင့္ ေဖ်ာ္ေျဖကာ ဝင္ေငြရွာေဖြေနရျခင္းေၾကာင့္အခက္အခဲမ်ားကို သက္ဆိုင္ရာသို႔တင္ျပထားေၾကာင္း ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံး ႏွင့္နီးစပ္သူတစ္ဦးကလည္း ေျပာသည္။

Related news

© 2021. All rights reserved.