မန်ယူအသင်းခေါင်းဆောင်ဖြစ်လာရန် မျှော်လင့်ချက်နှင့်အတူ ဆော်ဒီအာရေးဗျကလပ်များ၏ ကမ်းလှမ်းမှုများကို ကွင်းလယ်လူ ဖာနန်ဒက်စ် ပယ်ချ

502

Pika (NP News) - ဇူလိုင် ၁၈
မန်ယူအသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်သည် အသင်းခေါင်းဆောင်ဖြစ်လာရန် မျှော်လင့်ချက်နှင့်အတူ ဆော်ဒီအာရေးဗျကလပ်များ၏ ကမ်းလှမ်းမှုများကို ပယ်ချခဲ့ကြောင်း သိရသည်။
ဖာနန်ဒက်စ်သည် ပြီးခဲ့သည့်ဇွန်လတွင် ဆော်ဒီအာရေးဗျကလပ်များ ၏ ကမ်းလှမ်းမှုများကို ပယ်ချခဲ့ပြီး ၎င်းအနေ ဖြင့် လက်ရှိနွေရာသီတွင် မန်ယူအသင်းမှ ထွက်ခွါရန် ဆန္ဒမရှိကြောင်း ပြောခဲ့သည်ဟု ဘောလုံးသတင်းထောက် Fabrizio Romano က ဖော်ပြခဲ့သည်။
ဖာနန်ဒက်စ်သည် ကမ်းလှမ်းမှုများ လုပ်ဆောင်ခဲ့သည့် ဆော်ဒီအာရေးဗျကလပ်များ၏ နာမည်များကို ထုတ်ဖော် ပြောကြားခြင်းမျိုးမရှိသလို ကမ်းလှမ်းမှုပမာဏကိုလည်း ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။ ဖာနန်ဒက်စ်သည် မန်ယူအသင်းတွင် ဆက်ကစားရန် ဆန္ဒရှိနေပြီး နောက်တန်းကစားသမား ဟယ်ရီမက်ဂွိုင်းယား ၏ အသင်းခေါင်းဆောင်ရာထူးကို ဆက်ခံရန် မျှော်လင့်နေကြောင်း သိရသည်။
အနားယူမှုများ လုပ်ဆောင်ပြီးနောက် ဖာနန်ဒက်စ်သည် ရာသီကြိုခြေစမ်းပွဲစဉ်များအတွက် မန်ယူအသင်း ကစားကွင်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် နည်းပြတန်ဟက်လက်အောက်တွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ရန် ကြိုးပမ်းနေမှုနှင့်အတူ ဖာနန်ဒက်စ်သည် အသင်းအတွက် အဓိကကျသော ကစားသမားတစ်ဦးအဖြစ် ဆက်ရှိနေဦးမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
မန္ယူအသင္းေခါင္းေဆာင္ျဖစ္လာရန္ ေမွ်ာ္လင့္ခ်က္ႏွင့္အတူ ေဆာ္ဒီအာေရးဗ်ကလပ္မ်ား၏ ကမ္းလွမ္းမႈမ်ားကို ကြင္းလယ္လူ ဖာနန္ဒက္စ္ ပယ္ခ်
Pika (NP News) - ဇူလိုင္ ၁၈
မန္ယူအသင္း ကြင္းလယ္ကစားသမား ဖာနန္ဒက္စ္သည္ အသင္းေခါင္းေဆာင္ျဖစ္လာရန္ ေမွ်ာ္လင့္ခ်က္ႏွင့္အတူ ေဆာ္ဒီအာေရးဗ်ကလပ္မ်ား၏ ကမ္းလွမ္းမႈမ်ားကို ပယ္ခ်ခဲ့ေၾကာင္း သိရသည္။
ဖာနန္ဒက္စ္သည္ ၿပီးခဲ့သည့္ဇြန္လတြင္ ေဆာ္ဒီအာေရးဗ်ကလပ္မ်ား ၏ ကမ္းလွမ္းမႈမ်ားကို ပယ္ခ်ခဲ့ၿပီး ၎အေန ျဖင့္ လက္ရွိေႏြရာသီတြင္ မန္ယူအသင္းမွ ထြက္ခြါရန္ ဆႏၵမရွိေၾကာင္း ေျပာခဲ့သည္ဟု ေဘာလုံးသတင္းေထာက္ Fabrizio Romano က ေဖာ္ျပခဲ့သည္။
ဖာနန္ဒက္စ္သည္ ကမ္းလွမ္းမႈမ်ား လုပ္ေဆာင္ခဲ့သည့္ ေဆာ္ဒီအာေရးဗ်ကလပ္မ်ား၏ နာမည္မ်ားကို ထုတ္ေဖာ္ ေျပာၾကားျခင္းမ်ိဳးမရွိသလို ကမ္းလွမ္းမႈပမာဏကိုလည္း ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမ်ိဳးမရွိေၾကာင္း သိရသည္။ ဖာနန္ဒက္စ္သည္ မန္ယူအသင္းတြင္ ဆက္ကစားရန္ ဆႏၵရွိေနၿပီး ေနာက္တန္းကစားသမား ဟယ္ရီမက္ဂြိဳင္းယား ၏ အသင္းေခါင္းေဆာင္ရာထူးကို ဆက္ခံရန္ ေမွ်ာ္လင့္ေနေၾကာင္း သိရသည္။
အနားယူမႈမ်ား လုပ္ေဆာင္ၿပီးေနာက္ ဖာနန္ဒက္စ္သည္ ရာသီႀကိဳေျခစမ္းပြဲစဥ္မ်ားအတြက္ မန္ယူအသင္း ကစားကြင္းသို႔ ျပန္လည္ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။ ထို႔အျပင္ နည္းျပတန္ဟက္လက္ေအာက္တြင္ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ရန္ ႀကိဳးပမ္းေနမႈႏွင့္အတူ ဖာနန္ဒက္စ္သည္ အသင္းအတြက္ အဓိကက်ေသာ ကစားသမားတစ္ဦးအျဖစ္ ဆက္ရွိေနဦးမည္ျဖစ္ေၾကာင္းလည္း သိရသည္။