ရေခဲပြင်ပေါ်တွင် အချိန်တစ်မိနစ်အတွင်း အကြိမ်ရေအများဆုံး ကြိုးခုန်မှုအတွက် ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ဟန်ဂေရီအမျိုးသမီး

 168

Pika (NP News) - စက်တင်ဘာ ၂၃
ဟန်‌ဂေရီနိုင်ငံမှ ရေခဲပြင်စကိတ်စီး ကျွမ်း ကျင်သူ အမျိုးသမီးတစ်ဦးသည် ရေခဲပြင်ပေါ်တွင် ကြိုး ခုန်ခြင်းကို လုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်နိုင်ခဲ့‌ကြောင်းသိရသည်။ Eszter Szomb- athelyi ဆိုသည့်အမျိုးသမီးသည် ရေခဲပြင် စကိတ်ဖိနပ်ကို ဝတ်ဆင်ကာ ရေခဲပြင်ပေါ်တွင် ကြိုးခုန်မှုကို လုပ်ဆောင်ခဲ့ပြီးနောက် ယင်းကဲ့သို့ကမ္ဘာ့ဂင်း နစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် Eszter Szombathelyi သည် ဟန်ဂေရီနိုင်ငံတွင်ကျင်းပသော ရေခဲပြင်စကိတ်စီး အား ကစားတွင် အငယ်တန်းနှင့်စီနီယာအမျိုးသမီး ချန်ပီယံဆုနှစ်ခုစလုံးကို ဆွတ်ခူးထားသူတစ်ဦးဖြစ်‌ ကြောင်းလည်း သိရသည်။ Eszter Szombathelyi သည် အမေရိကန်နိုင်ငံ အိုင်ဒါဟိုပြည်နယ် Sun Valley မြို့တွင်ရှိသော ရေခဲပြင်ပေါ်တွင် ကြိုးခုန်ခြင်းကိုလုပ်ဆောင်ခဲ့ပြီး အချိန်တစ်မိနစ်အတွင်း (၁၃၆) ကြိမ်အထိ ကြိုးခုန်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါစွမ်း‌ဆောင်ချက်နှင့်အတူ Eszter Szombathelyi သည် ရေခဲပြင်ပေါ်တွင် အချိန် တစ် မိနစ်အတွင်း အကြိမ်ရေအများဆုံးကြိုးခုန်မှု အတွက် ဂင်းနစ်စံချိန်ကိုရရှိခဲ့ပြီး ယခင် ဂင်းနစ်စံချိန် ဟောင်းကို ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ ရေခဲပြင်ပေါ်တွင် အချိန်တစ်မိနစ်အတွင်း အကြိမ်ရေ အများ ဆုံးကြိုးခုန်မှုအတွက် ယခင်ဂင်းနစ်စံချိန်မှာ (၄၅)ကြိမ်ဖြစ်ကြောင်းသိရသည်။ Eszter Szomba- thelyi က “တခြားရေခဲစကိတ်သမားတွေနဲ့ ဖျော်ဖြေတင်ဆက်သူတွေကို အိပ်မက်ကြီးကြီးမက်ဖို့ တွန်း အားပေးပြီး သတ္တိရှိရင် ဘာမဆိုဖြစ်နိုင်တယ်ဆို တာကို ပြသချင်တာပါ။ အံ့ဩဖွယ်ကောင်းတဲ့ ပုံစံအသစ် တွေနဲ့အတူ ရေခဲပြင်စကိတ်စီးအားကစားရဲ့ ကမ္ဘာကို ချဲ့ထွင်လိုတာပါ”ဟုပြောဆိုခဲ့သည်။

Zawgyi Version:
ေရခဲျပင္ေပၚတြင္ အခ်ိန္တစ္မိနစ္အတြင္း အႀကိမ္ေရအမ်ားဆုံး ႀကိဳးခုန္မႈအတြက္ ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ခဲ့သည့္ ဟန္ေဂရီအမ်ိဳးသမီး
Pika (NP News) - စက္တင္ဘာ ၂၃
ဟန္‌ေဂရီႏိုင္ငံမွ ေရခဲျပင္စကိတ္စီး ကြၽမ္း က်င္သူ အမ်ိဳးသမီးတစ္ဦးသည္ ေရခဲျပင္ေပၚတြင္ ႀကိဳး ခုန္ျခင္းကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္ စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့‌ေၾကာင္းသိရသည္။ Eszter Szomb- athelyi ဆိုသည့္အမ်ိဳးသမီးသည္ ေရခဲျပင္ စကိတ္ဖိနပ္ကို ဝတ္ဆင္ကာ ေရခဲျပင္ေပၚတြင္ ႀကိဳးခုန္မႈကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ကမာၻ႔ဂင္း နစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ Eszter Szombathelyi သည္ ဟန္ေဂရီႏိုင္ငံတြင္က်င္းပေသာ ေရခဲျပင္စကိတ္စီး အား ကစားတြင္ အငယ္တန္းႏွင့္စီနီယာအမ်ိဳးသမီး ခ်န္ပီယံဆုႏွစ္ခုစလုံးကို ဆြတ္ခူးထားသူတစ္ဦးျဖစ္‌ ေၾကာင္းလည္း သိရသည္။ Eszter Szombathelyi သည္ အေမရိကန္ႏိုင္ငံ အိုင္ဒါဟိုျပည္နယ္ Sun Valley ၿမိဳ႕တြင္ရွိေသာ ေရခဲျပင္ေပၚတြင္ ႀကိဳးခုန္ျခင္းကိုလုပ္ေဆာင္ခဲ့ၿပီး အခ်ိန္တစ္မိနစ္အတြင္း (၁၃၆) ႀကိမ္အထိ ႀကိဳးခုန္ျပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အဆိုပါစြမ္း‌ေဆာင္ခ်က္ႏွင့္အတူ Eszter Szombathelyi သည္ ေရခဲျပင္ေပၚတြင္ အခ်ိန္ တစ္ မိနစ္အတြင္း အႀကိမ္ေရအမ်ားဆုံးႀကိဳးခုန္မႈ အတြက္ ဂင္းနစ္စံခ်ိန္ကိုရရွိခဲ့ၿပီး ယခင္ ဂင္းနစ္စံခ်ိန္ ေဟာင္းကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ေရခဲျပင္ေပၚတြင္ အခ်ိန္တစ္မိနစ္အတြင္း အႀကိမ္ေရ အမ်ား ဆုံးႀကိဳးခုန္မႈအတြက္ ယခင္ဂင္းနစ္စံခ်ိန္မွာ (၄၅)ႀကိမ္ျဖစ္ေၾကာင္းသိရသည္။ Eszter Szomba- thelyi က “တျခားေရခဲစကိတ္သမားေတြနဲ႔ ေဖ်ာ္ေျဖတင္ဆက္သူေတြကို အိပ္မက္ႀကီးႀကီးမက္ဖို႔ တြန္း အားေပးၿပီး သတၱိရွိရင္ ဘာမဆိုျဖစ္ႏိုင္တယ္ဆို တာကို ျပသခ်င္တာပါ။ အံ့ဩဖြယ္ေကာင္းတဲ့ ပုံစံအသစ္ ေတြနဲ႔အတူ ေရခဲျပင္စကိတ္စီးအားကစားရဲ႕ ကမာၻကို ခ်ဲ႕ထြင္လိုတာပါ”ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.