တိုင်ဖွန်းမုန်တိုင်းကြောင့် နှစ်စဉ်ပြုလုပ်နေကြ စစ်ရေးလေ့ကျင့်မှုများကို ဖျက်သိမ်းခဲ့ဟု ထိုင်ဝမ်စစ်ဘက်ပြော

 798

Pika (NP News) - ဇူလိုင် ၂၅

ထိုင်ဝမ်ကျွန်းကို လေးနှစ်အတွင်း အကြီးမားဆုံးပျက်စီးမှုများ ဖြစ်လာစေနိုင်သည့် တိုင်ဖွန်းမုန်တိုင်း Doksuri ဝင်ရောက်တိုက်ခတ်နိုင်ချေရှိသောရှိသောကြောင့် အာဏာပိုင်များသည် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်နေ ကြောင်း သိရသည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင်ချေကြောင့် ထိုင်ဝမ်သည် ဇူလိုင်လ(၂၅)ရက်တွင် ပြုလုပ်ရန် စီစဉ် ထားသော ၎င်း၏နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတစ်စိတ်တစ်ပိုင်းကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ တိုင်ဖွန်း မုန်တိုင်းများသည် ထိုင်ဝမ်ကျွန်းအနီးတွင် မကြာခဏဖြစ်ပေါ်လာလေ့ရှိသော်လည်း (၂ဝ၁၉) ခုနှစ်ကတည်းက ထိုင်ဝမ်ကျွန်းကို တိုင်ဖွန်းမုန်တိုင်းတိုက်ရိုက် တိုက်ခတ်ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်း Doksuri သည် တရုတ်နိုင်ငံတောင်ပိုင်းသို့ မဝင်ရောက်မီ ထိုင်ဝမ်နှင့် ဖိလစ်ပိုင်တို့ကို ပိုင်းခြား သော Bashi Channel ရေလမ်းကြောင်းကို ဝင်ရောက်ကာ ထိုင်ဝမ်တောင်ဖက်ကမ်းရိုးတန်းသို့ ဝင်ရောက် တိုက်ခတ်နိုင်ချေရှိကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနသည် Han Kuang အမည်ရှိ နှစ်စဉ်စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းကို ဖျက်သိမ်းလိုက်ပြီး လာမည့် မုန်တိုင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထိုင်ဝမ်မိုးလေဝသဗျူရိုသည် ပင်လယ်ရေမြင့်တက်လာနိုင်ချေနှင့်ပတ်သက်ပြီး သတိပေးချက် များထုတ်ပြန်ထားပြီး ထိုင်ဝမ်ကျွန်းတောင်ပိုင်းရှိ ဒေသများတွင် နေထိုင်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းမှု နှင့် လေပြင်းတိုက်ခတ်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် တိုက်တွန်းထားကြောင်း သိရသည်။

ထိုင်ဝမ်ဝန်ကြီးချုပ် Chen Chien-jen က "(၂ဝ၁၉) ခုနှစ်တည်းက ထိုင်ဝမ်ကျွန်းကို တိုင်ဖွန်းမုန်တိုင်း တိုက်ရိုက် တိုက်ခတ်တာမျိုး မရှိခဲ့ပါဘူး။ ဒီတိုင်ဖွန်းမုန်တိုင်းက လေးနှစ်အတွင်း ပထမဆုံး တိုက်ရိုက်ဝင်ရောက်တိုက်ခတ်မယ့် မုန်တိုင်းတစ်ခုဖြစ်ပါတယ်။ အစိုးရဝန်ကြီးဌာနတွေအားလုံးကို ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ တိုင်ဖွန်းမုန်တိုင်းအန္တရာယ်ကို လျှော့မတွက်ဖို့ ပြည်သူတွေကို သတိပေးချင်ပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် တိုင်ဖွန်းမုန်တိုင်း Doksuri ချဉ်းကပ်လာမှုနှင့်အတူ ဖိလစ်ပိုင်အစိုးရသည်လည်း ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများကို ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
တိုင္ဖြန္းမုန္တိုင္းေၾကာင့္ ႏွစ္စဥ္ျပဳလုပ္ေနၾက စစ္ေရးေလ့က်င့္မႈမ်ားကို ဖ်က္သိမ္းခဲ့ဟု ထိုင္ဝမ္စစ္ဘက္ေျပာ
Pika (NP News) - ဇူလိုင္ ၂၅

ထိုင္ဝမ္ကြၽန္းကို ေလးႏွစ္အတြင္း အႀကီးမားဆုံးပ်က္စီးမႈမ်ား ျဖစ္လာေစႏိုင္သည့္ တိုင္ဖြန္းမုန္တိုင္း Doksuri ဝင္ေရာက္တိုက္ခတ္ႏိုင္ေခ်ရွိေသာရွိေသာေၾကာင့္ အာဏာပိုင္မ်ားသည္ ႀကိဳတင္ျပင္ဆင္မႈမ်ားကို လုပ္ေဆာင္ေန ေၾကာင္း သိရသည္။

အဆိုပါ တိုင္ဖြန္းမုန္တိုင္းဝင္ေရာက္တိုက္ခတ္ႏိုင္ေခ်ေၾကာင့္ ထိုင္ဝမ္သည္ ဇူလိုင္လ(၂၅)ရက္တြင္ ျပဳလုပ္ရန္ စီစဥ္ ထားေသာ ၎၏ႏွစ္စဥ္ စစ္ေရးေလ့က်င့္မႈတစ္စိတ္တစ္ပိုင္းကို ဖ်က္သိမ္းလိုက္ေၾကာင္း သိရသည္။ တိုင္ဖြန္း မုန္တိုင္းမ်ားသည္ ထိုင္ဝမ္ကြၽန္းအနီးတြင္ မၾကာခဏျဖစ္ေပၚလာေလ့ရွိေသာ္လည္း (၂ဝ၁၉) ခုႏွစ္ကတည္းက ထိုင္ဝမ္ကြၽန္းကို တိုင္ဖြန္းမုန္တိုင္းတိုက္႐ိုက္ တိုက္ခတ္ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။

တိုင္ဖြန္းမုန္တိုင္း Doksuri သည္ တ႐ုတ္ႏိုင္ငံေတာင္ပိုင္းသို႔ မဝင္ေရာက္မီ ထိုင္ဝမ္ႏွင့္ ဖိလစ္ပိုင္တို႔ကို ပိုင္းျခား ေသာ Bashi Channel ေရလမ္းေၾကာင္းကို ဝင္ေရာက္ကာ ထိုင္ဝမ္ေတာင္ဖက္ကမ္း႐ိုးတန္းသို႔ ဝင္ေရာက္ တိုက္ခတ္ႏိုင္ေခ်ရွိေၾကာင္း မိုးေလဝသပညာရွင္မ်ားက ခန႔္မွန္းထားသည္။

ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနသည္ Han Kuang အမည္ရွိ ႏွစ္စဥ္စစ္ေရးေလ့က်င့္မႈ၏ တစ္စိတ္တစ္ပိုင္းကို ဖ်က္သိမ္းလိုက္ၿပီး လာမည့္ မုန္တိုင္းေဘးအႏၲရာယ္အတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ရန္လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။ ထိုင္ဝမ္မိုးေလဝသဗ်ဴ႐ိုသည္ ပင္လယ္ေရျမင့္တက္လာႏိုင္ေခ်ႏွင့္ပတ္သက္ၿပီး သတိေပးခ်က္ မ်ားထုတ္ျပန္ထားၿပီး ထိုင္ဝမ္ကြၽန္းေတာင္ပိုင္းရွိ ေဒသမ်ားတြင္ ေနထိုင္သူမ်ားအေနျဖင့္ မိုးသည္းထန္စြာ႐ြာသြန္းမႈ ႏွင့္ ေလျပင္းတိုက္ခတ္မႈမ်ားအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ား လုပ္ေဆာင္ထားရန္ တိုက္တြန္းထားေၾကာင္း သိရသည္။

ထိုင္ဝမ္ဝန္ႀကီးခ်ဳပ္ Chen Chien-jen က "(၂ဝ၁၉) ခုႏွစ္တည္းက ထိုင္ဝမ္ကြၽန္းကို တိုင္ဖြန္းမုန္တိုင္း တိုက္႐ိုက္ တိုက္ခတ္တာမ်ိဳး မရွိခဲ့ပါဘူး။ ဒီတိုင္ဖြန္းမုန္တိုင္းက ေလးႏွစ္အတြင္း ပထမဆုံး တိုက္႐ိုက္ဝင္ေရာက္တိုက္ခတ္မယ့္ မုန္တိုင္းတစ္ခုျဖစ္ပါတယ္။ အစိုးရဝန္ႀကီးဌာနေတြအားလုံးကို ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ထားဖို႔ ကြၽန္ေတာ္ တိုက္တြန္းခ်င္ပါတယ္။ တိုင္ဖြန္းမုန္တိုင္းအႏၲရာယ္ကို ေလွ်ာ့မတြက္ဖို႔ ျပည္သူေတြကို သတိေပးခ်င္ပါတယ္" ဟု ေျပာခဲ့သည္။

ထို႔အျပင္ တိုင္ဖြန္းမုန္တိုင္း Doksuri ခ်ဥ္းကပ္လာမႈႏွင့္အတူ ဖိလစ္ပိုင္အစိုးရသည္လည္း ကမ္း႐ိုးတန္းေဒသတြင္ ေနထိုင္သူမ်ားကို ေဘးလြတ္ကင္းရာသို႔ ေ႐ႊ႕ေျပာင္းေပးခဲ့ၿပီး ႀကိဳတင္ျပင္ဆင္မႈမ်ားကို လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.