ဟားခါးမြို့ရှိ အထက (၃) ကျောင်း၌ နှစ်ထပ်စာသင်ဆောင်တစ်လုံး မီးလောင်မှုဖြစ်ပွား

 756

စော (NP News) - ဩဂုတ် ၆

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အထက (၃) ကျောင်း၌ နှစ်ထပ်စာသင်ဆောင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ် ၅ ရက်) ညနေ (၆)နာရီအချိန်တွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်၊ ချယ်ရီလမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်တဲ့အကြောင်းအရင်းကတော့ လက်ရှိစုံစမ်းဆဲပါပဲ။ ၉ဝ x ၃ဝ အုတ်ညှပ်ပျဉ်ခင်း သွပ်မိုးနှစ်ထပ် တစ်လုံး မီးလောင်ပျက်စီးသွားပါတယ်” ဟု မြန်မာနိုင်ငံမီးသတ်စခန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရခြင်းအား လက်ရှိတွင် စုံစမ်းစစ်ဆေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် အလျား (၉ဝ) ပေ နှင့် အနံ(၃ဝ) ပေရှိသော တောင်ကလပ် အမည်ရှိ နှစ်ထပ် စာသင်ဆောင် တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည် (ဩဂုတ်လ ၄ ရက်) နံနက်အစောပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်း ရပ်ကွက်၌ နှစ်(၁ဝဝ)သက်တမ်းရှိသော အထက(၉)အခြေခံပညာအထက်တန်းကျောင်းတွင်လည်း မီးလောင်မှု ဖြစ်ပွားခဲ့သည်။

Zawgyi Version;
ဟားခါးၿမိဳ႕ရွိ အထက (၃) ေက်ာင္း၌ ႏွစ္ထပ္စာသင္ေဆာင္တစ္လုံး မီးေလာင္မႈျဖစ္ပြား
ေစာ (NP News) - ဩဂုတ္ ၆

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕ရွိ အထက (၃) ေက်ာင္း၌ ႏွစ္ထပ္စာသင္ေဆာင္တစ္လုံး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဩဂုတ္ ၅ ရက္) ညေန (၆)နာရီအခ်ိန္တြင္ ဟားခါးၿမိဳ႕၊ ျပည္ေတာ္သာရပ္ကြက္၊ ခ်ယ္ရီလမ္း၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မီးေလာင္တဲ့အေၾကာင္းအရင္းကေတာ့ လက္ရွိစုံစမ္းဆဲပါပဲ။ ၉ဝ x ၃ဝ အုတ္ညႇပ္ပ်ဥ္ခင္း သြပ္မိုးႏွစ္ထပ္ တစ္လုံး မီးေလာင္ပ်က္စီးသြားပါတယ္” ဟု ျမန္မာႏိုင္ငံမီးသတ္စခန္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။

အဆိုပါမီးေလာင္မႈျဖစ္ပြားရျခင္းအား လက္ရွိတြင္ စုံစမ္းစစ္ေဆးလ်က္ရွိၿပီး ထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။

မီးေလာင္မႈေၾကာင့္ အလ်ား (၉ဝ) ေပ ႏွင့္ အနံ(၃ဝ) ေပရွိေသာ ေတာင္ကလပ္ အမည္ရွိ ႏွစ္ထပ္ စာသင္ေဆာင္ တစ္လုံး မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည္ (ဩဂုတ္လ ၄ ရက္) နံနက္အေစာပိုင္းတြင္ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ ပန္းဘဲတန္း ရပ္ကြက္၌ ႏွစ္(၁ဝဝ)သက္တမ္းရွိေသာ အထက(၉)အေျခခံပညာအထက္တန္းေက်ာင္းတြင္လည္း မီးေလာင္မႈ ျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.