ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးတာက အကူအညီဖြစ်စေလိမ့်မှာ မဟုတ်ဘူးလို့ ရုရှားအစိုးရ သတိပေး

 313

Pika (NP News) - နိုဝင်ဘာ ၃

ယူကရိန်းကို အမေရိကန်ထုတ် တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေ ပေးပို့တာဟာ ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရာမှာ အကူအညီတွေဖြစ်စေလိမ့်မှာ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က အတည်ပြုခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေနဲ့ပတ်သက်ပြီး မာရီယာဇာခါရိုဗာက ယခုလိုတုံ့ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါ တယ်။ မာရီယာဇာခါရိုဗာ က “ယူကရိန်းကို တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေ ပေးပို့တာဟာ ယူကရိန်းပဋိပက္ခကို ဖြေရှင်းရာမှာ အကူအညီဖြစ်စေလိမ့်မှာ မဟုတ်ပါဘူး” လို့ သတိပေးပြောဆိုခဲ့ပါတယ်။ ယူကရိန်းပဋိပက္ခကိုဖြေရှင်းဖို့အတွက် အတူတကွလက်တွဲလုပ်ဆောင်သွားဖို့ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ်တို့ သဘောတူခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုသတိပေးမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “ယူကရိန်းကိစ္စက ပိုမိုပြင်းထန်လာပါပြီ။ ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကြားမှာ ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ ယူကရိန်းပဋိပက္ခကိုဖြေရှင်းဖို့အတွက် အတူတကွလက်တွဲ လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ သဘောတူညီခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးတာက အကူအညီျဖစ္ေစလိမ့္မွာ မဟုတ္ဘူးလို႔ ႐ုရွားအစိုးရ သတိေပး
Pika (NP News) - ႏိုဝင္ဘာ ၃
ယူကရိန္းကို အေမရိကန္ထုတ္ တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ ေပးပို႔တာဟာ ယူကရိန္း ပဋိပကၡကို ေျဖရွင္းရာမွာ အကူအညီေတြျဖစ္ေစလိမ့္မွာ မဟုတ္ဘူးလို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းကို တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က အတည္ျပဳခဲ့တယ္ဆိုတဲ့ အစီရင္ခံစာေတြနဲ႔ပတ္သက္ၿပီး မာရီယာဇာခါ႐ိုဗာက ယခုလိုတုံ႔ျပန္ေျပာဆိုခဲ့တာပဲျဖစ္ပါ တယ္။ မာရီယာဇာခါ႐ိုဗာ က “ယူကရိန္းကို တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ ေပးပို႔တာဟာ ယူကရိန္းပဋိပကၡကို ေျဖရွင္းရာမွာ အကူအညီျဖစ္ေစလိမ့္မွာ မဟုတ္ပါဘူး” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။ ယူကရိန္းပဋိပကၡကိုေျဖရွင္းဖို႔အတြက္ အတူတကြလက္တြဲလုပ္ေဆာင္သြားဖို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔ အေမရိကန္သမၼတေဒၚနယ္ထရမ္တို႔ သေဘာတူခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုသတိေပးမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “ယူကရိန္းကိစၥက ပိုမိုျပင္းထန္လာပါၿပီ။ ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ၾကားမွာ ေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့ပါတယ္။ ၿပီးေတာ့ ယူကရိန္းပဋိပကၡကိုေျဖရွင္းဖို႔အတြက္ အတူတကြလက္တြဲ လုပ္ေဆာင္သြားဖို႔ ကြၽန္ေတာ္တို႔ သေဘာတူညီခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.