သဘာဝဘေးကျ‌ရောက်သည့်ဒေသများသို့ ဆန်အိတ်ငါးသိန်း ဒုတိယအကြိမ် ပို့ဆောင်ရန်စီစဥ်နေ

 607

ယွန်း (NP News) - သြဂုတ် ၁၃

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု‌ကော်မတီ၏ အစီအစဥ်ဖြင့် သဘာဝဘေးကျရောက်သည့် ဒေသများသို့ ဆန်အိတ် ငါးသိန်းကို ဒုတိယအကြိမ် ပို့ဆောင်ရန် စီစဥ်နေကြောင်း နစကမှ သိရသည်။

အဆိုပါကော်မတီ၏ စီစဥ်မှုဖြင့် ပြီးခဲ့သည့် မေလအတွင်း အရန်ဆန်အိတ်နှစ်သိန်းကို ပထမအကြိမ်ဝယ်ယူ စုဆောင်းခဲ့ပြီး သဘာဝဘေးကျ ‌ရောက်သည့်ဒေသများသို့ နိုင်ငံတော်မှ ခွဲဝေပေးခဲ့ကြောင်း သိရသည်။

ယခုအခါ ထပ်မံ၍ သဘာဝဘေးကျရောက်သည့်ဒေသများသို့ ဆက်လက်ပံ့ပိုးပေးနိုင်ရန်အတွက် နိုင်ငံတော် အရန်ဆန် ဝယ်ယူရေးကြီးကြပ်မှုကော်မတီ နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်း၍ ဒုတိယအကြိမ် ဆန်အိတ်ငါးသိန်းကို ထပ်မံဝယ်ယူစုဆောင်းရန် စီစဥ်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ သိရသည်။

လက်ရှိတွင် ဝယ်ယူစုဆောင်းထားသည့် အရန်ဆန်များ သတ်မှတ်အရည်အသွေးနှင့် အလေးချိန်ပြည့်မီခြင်း ရှိ၊ မရှိ ကို စစ်ဆေးလျှက်ရှိပြီး အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ သဘာဝ ဘေးသင့်ဒေသများသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နစကဥက္ကဋ္ဌအနေဖြင့် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်(၁၇)ခုကို သဘာဝဘေးကျ‌ရောက်သည့် ဒေသများအဖြစ် ပြီးခဲ့သည့် ဇူလိုင်လက (၂)လ ထပ်မံတိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ချင်းပြည်နယ်တို့တွင်လည်း မိုခါမုန်တိုင်းသဘာဝဘေးဒဏ်ကို ခံခဲ့ရကြောင်း သိရသည်။

Zawgyi Version;
သဘာဝေဘးက်‌ေရာက္သည့္ေဒသမ်ားသို႔ ဆန္အိတ္ငါးသိန္း ဒုတိယအႀကိမ္ ပို႔ေဆာင္ရန္စီစဥ္ေန
ယြန္း (NP News) - ၾသဂုတ္ ၁၃

အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ‌ေကာ္မတီ၏ အစီအစဥ္ျဖင့္ သဘာဝေဘးက်ေရာက္သည့္ ေဒသမ်ားသို႔ ဆန္အိတ္ ငါးသိန္းကို ဒုတိယအႀကိမ္ ပို႔ေဆာင္ရန္ စီစဥ္ေနေၾကာင္း နစကမွ သိရသည္။

အဆိုပါေကာ္မတီ၏ စီစဥ္မႈျဖင့္ ၿပီးခဲ့သည့္ ေမလအတြင္း အရန္ဆန္အိတ္ႏွစ္သိန္းကို ပထမအႀကိမ္ဝယ္ယူ စုေဆာင္းခဲ့ၿပီး သဘာဝေဘးက် ‌ေရာက္သည့္ေဒသမ်ားသို႔ ႏိုင္ငံေတာ္မွ ခြဲေဝေပးခဲ့ေၾကာင္း သိရသည္။

ယခုအခါ ထပ္မံ၍ သဘာဝေဘးက်ေရာက္သည့္ေဒသမ်ားသို႔ ဆက္လက္ပံ့ပိုးေပးႏိုင္ရန္အတြက္ ႏိုင္ငံေတာ္ အရန္ဆန္ ဝယ္ယူေရးႀကီးၾကပ္မႈေကာ္မတီ ႏွင့္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္တို႔ ညႇိႏႈိင္း၍ ဒုတိယအႀကိမ္ ဆန္အိတ္ငါးသိန္းကို ထပ္မံဝယ္ယူစုေဆာင္းရန္ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ သိရသည္။

လက္ရွိတြင္ ဝယ္ယူစုေဆာင္းထားသည့္ အရန္ဆန္မ်ား သတ္မွတ္အရည္အေသြးႏွင့္ အေလးခ်ိန္ျပည့္မီျခင္း ရွိ၊ မရွိ ကို စစ္ေဆးလွ်က္ရွိၿပီး အမ်ိဳးသားေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီ၏ လမ္းၫႊန္ခ်က္ႏွင့္အညီ သဘာဝ ေဘးသင့္ေဒသမ်ားသို႔ ဆက္လက္ပို႔ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

နစကဥကၠ႒အေနျဖင့္ မိုခါမုန္တိုင္းဒဏ္ခံခဲ့ရသည့္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္(၁၇)ခုကို သဘာဝေဘးက်‌ေရာက္သည့္ ေဒသမ်ားအျဖစ္ ၿပီးခဲ့သည့္ ဇူလိုင္လက (၂)လ ထပ္မံတိုးျမႇင့္သတ္မွတ္ထားေၾကာင္း သိရသည္။

ထို႔ျပင္ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း ႏွင့္ ခ်င္းျပည္နယ္တို႔တြင္လည္း မိုခါမုန္တိုင္းသဘာဝေဘးဒဏ္ကို ခံခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.