ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတို့ကို အင်အားပြင်းတိုင်ဖွန်း မုန်တိုင်း ဝင်ရောက်တိုက်ခတ်

 692

ဂျန်ဇက် (NP News) - ဇူလိုင် ၂၁

အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း Wipha ဟာ ဇူလိုင် ၂ဝ ရက်မှာ ဟောင်ကောင်ဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့ ပြီးနောက် ဇူလိုင် ၂၁ ရက်မှာ တရုတ်နိုင်ငံ တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်လျက်ရှိနေရာ ရေကြီး၊ မြေပြိုမှုများ ဖြစ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
မုန်တိုင်းဟာ တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန် နဲ့ ဂွန်ဒေါင်ပြည်နယ်များကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး Yangjiang မြို့၊ Zhanjiang မြို့ နဲ့ Maoming မြို့တွေမှာ မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်နေပါတယ်။ မုန်တိုင်းဟာ တရုတ်နိုင်ငံ ပြည်မကြီးဘက်ကို မဝင်ရောက်ခင် ဟောင်ကောင်ဒေသ၊ မကာအိုဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေပြင်း တိုက်ခတ်မှုများနဲ့အတူ မိုးသည်းထန်မှုများကြောင့် သစ်ပင်များကျိုးကျပျက်စီးခဲ့ရပါတယ်။
အဆိုပါမုန်တိုင်းဟာ ဒီနှစ်အတွင်းတရုတ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်တဲ့ ၆ ခုမြောက် တိုင်ဖွန်းမုန်တိုင်း ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် ထောင်နဲ့ချီတဲ့ဒေသခံများကို ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရပြီး ကယ်ဆယ်ရေး စခန်းတွေမှာ ထားရှိတယ်လို့ သိရပါတယ်။ မုန်တိုင်းကြောင့် ဟောင်ကောင်နဲ့ တရုတ်နိုင်ငံမှာ ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရပြီး မုန်တိုင်းက တရုတ်နိုင်ငံတောင်ပိုင်းကတဆင့် ဗီယက်နမ်နိုင်ငံကို ဝင်ရောက်ဖွယ်ရှိပါတယ်။
မုန်တိုင်းဟာ စတင်တိုက်ချိန်တုန်းက လေတိုက်နှုန်းဟာ တစ်နာရီကို ၁၇၁ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ယခင်က လောက်အားမကောင်းတော့ဘူးလို့ သိရပါတယ်။ မုန်တိုင်းကြောင့် ဟောင်ကောင်မှာ လေကြောင်းခရီးစဉ် ၄၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး တရုတ်နိုင်ငံမှာလည်း လေကြောင်းခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရကာ ခရီးစဉ်များကို ပြန်လည်စီစဉ်ရဖွယ်ရှိပါတယ်။

Zawgyi Version:
ေဟာင္ေကာင္နဲ႔ တ႐ုတ္ႏိုင္ငံတို႔ကို အင္အားျပင္းတိုင္ဖြန္း မုန္တိုင္း ဝင္ေရာက္တိုက္ခတ္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၁
အင္အားျပင္းတိုင္ဖြန္းမုန္တိုင္း Wipha ဟာ ဇူလိုင္ ၂ဝ ရက္မွာ ေဟာင္ေကာင္ေဒသကို ဝင္ေရာက္တိုက္ခတ္ခဲ့ ၿပီးေနာက္ ဇူလိုင္ ၂၁ ရက္မွာ တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္းကို ဝင္ေရာက္တိုက္ခတ္လ်က္ရွိေနရာ ေရႀကီး၊ ေျမၿပိဳမႈမ်ား ျဖစ္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။
မုန္တိုင္းဟာ တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္း ဟိုင္နန္ နဲ႔ ဂြန္ေဒါင္ျပည္နယ္မ်ားကို ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီး Yangjiang ၿမိဳ႕၊ Zhanjiang ၿမိဳ႕ နဲ႔ Maoming ၿမိဳ႕ေတြမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားျဖစ္ေနပါတယ္။ မုန္တိုင္းဟာ တ႐ုတ္ႏိုင္ငံ ျပည္မႀကီးဘက္ကို မဝင္ေရာက္ခင္ ေဟာင္ေကာင္ေဒသ၊ မကာအိုေဒသကို ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီး ေလျပင္း တိုက္ခတ္မႈမ်ားနဲ႔အတူ မိုးသည္းထန္မႈမ်ားေၾကာင့္ သစ္ပင္မ်ားက်ိဳးက်ပ်က္စီးခဲ့ရပါတယ္။
အဆိုပါမုန္တိုင္းဟာ ဒီႏွစ္အတြင္းတ႐ုတ္ႏိုင္ငံကို ဝင္ေရာက္တိုက္ခတ္တဲ့ ၆ ခုေျမာက္ တိုင္ဖြန္းမုန္တိုင္း ျဖစ္ပါတယ္။ မုန္တိုင္းေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ေဒသခံမ်ားကို ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းထားရၿပီး ကယ္ဆယ္ေရး စခန္းေတြမွာ ထားရွိတယ္လို႔ သိရပါတယ္။ မုန္တိုင္းေၾကာင့္ ေဟာင္ေကာင္နဲ႔ တ႐ုတ္ႏိုင္ငံမွာ ရာနဲ႔ခ်ီတဲ့ ေလယာဥ္ခရီးစဥ္မ်ား ဖ်က္သိမ္းခဲ့ရၿပီး မုန္တိုင္းက တ႐ုတ္ႏိုင္ငံေတာင္ပိုင္းကတဆင့္ ဗီယက္နမ္ႏိုင္ငံကို ဝင္ေရာက္ဖြယ္ရွိပါတယ္။
မုန္တိုင္းဟာ စတင္တိုက္ခ်ိန္တုန္းက ေလတိုက္ႏႈန္းဟာ တစ္နာရီကို ၁၇၁ ကီလိုမီတာႏႈန္းနဲ႔ တိုက္ခတ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ ယခင္က ေလာက္အားမေကာင္းေတာ့ဘူးလို႔ သိရပါတယ္။ မုန္တိုင္းေၾကာင့္ ေဟာင္ေကာင္မွာ ေလေၾကာင္းခရီးစဥ္ ၄၀၀ ေက်ာ္ ဖ်က္သိမ္းခဲ့ရၿပီး တ႐ုတ္ႏိုင္ငံမွာလည္း ေလေၾကာင္းခရီးစဥ္ ရာနဲ႔ခ်ီ ဖ်က္သိမ္းခဲ့ရကာ ခရီးစဥ္မ်ားကို ျပန္လည္စီစဥ္ရဖြယ္ရွိပါတယ္။

Picture

Tha Lwin

21/07/2025 15:17

ဘေးရန်ကင်းကွာကျမ္မာချမ်းသာကြပါစေ

Related news

© 2021. All rights reserved.