ငဖဲမြို့နယ် တရုတ်-မြန်မာသဘာဝဓါတ်ငွေ့ပိုက်လိုင်းအနီးရှိ လုံခြုံရေးစခန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ

 2563

NP News - သြဂုတ် ၂၁

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တရုတ်-မြန်မာသဘာဝဓါတ်ငွေ့ပိုက်လိုင်းအနီးရှိ လုံခြုံရေးစခန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ယမန်နေ့(သြဂုတ် ၂ဝ ရက်) နံနက် ၅ နာရီ ၃ဝ မိနစ်အချိန်တွင် မင်းဘူး-အမ်းလမ်းမဘေး၊ ငဖဲမြို့နယ်၊ မြေလတ်ကျေးရွာအနီး၊ တရုတ်-မြန်မာသဘာဝဓါတ်ငွေ့ပိုက်လိုင်း station ရှိ လုံခြုံအဖွဲ့ဝင်များရှိရာစခန်းမှာ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

“သဘာဝဓါတ်ငွေ့ပိုက်လိုင်း station ရှိတာပေါ့။ အဲဒီမှာ လုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့ဝင်တွေကို မနက်ပိုင်းမှာ လက်နက်အဖွဲ့တစ်ခုက ဝင်ရောက်စီးနင်းတိုက်ခိုက်တာပေါ့။ ဒါပေမယ့် စခန်းကို မရလိုက်ပါဘူး။ ပြန်လည်ခုခံတဲ့အချိန်မှာ တစ်ဖက်က နောက်ဆုတ်ပြေးသွားတယ်။ အရာခံဗိုလ်ရယ်၊ ရဲဘော်တစ်ယောက်ရယ်တော့ ကျသွားတယ်” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။

သဘာဝဓါတ်ငွေ့ပိုက်လိုင်းအနီးရှိ လုံခြုံရေးစခန်းကို လူအင်အား(၂ဝ)ခန့်ရှိသော လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးစခန်းမှာ သိမ်းပိုက်ခံခဲ့ရခြင်းမရှိသော်လည်း အရာခံဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ သေဆုံးခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာသဘာဝဓါတ်ငွေ့ပိုက်လိုင်းအနီးရှိ လုံခြုံရေးစခန်းကို ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

Zawgyi Version;
ငဖဲၿမိဳ႕နယ္ တ႐ုတ္-ျမန္မာသဘာဝဓါတ္ေငြ႕ပိုက္လိုင္းအနီးရွိ လုံၿခဳံေရးစခန္း ပစ္ခတ္တိုက္ခိုက္ခံခဲ့ရ
NP News - ၾသဂုတ္ ၂၁

မေကြးတိုင္း၊ ငဖဲၿမိဳ႕နယ္၊ တ႐ုတ္-ျမန္မာသဘာဝဓါတ္ေငြ႕ပိုက္လိုင္းအနီးရွိ လုံၿခဳံေရးစခန္း ပစ္ခတ္တိုက္ခိုက္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ယမန္ေန႔(ၾသဂုတ္ ၂ဝ ရက္) နံနက္ ၅ နာရီ ၃ဝ မိနစ္အခ်ိန္တြင္ မင္းဘူး-အမ္းလမ္းမေဘး၊ ငဖဲၿမိဳ႕နယ္၊ ေျမလတ္ေက်း႐ြာအနီး၊ တ႐ုတ္-ျမန္မာသဘာဝဓါတ္ေငြ႕ပိုက္လိုင္း station ရွိ လုံၿခဳံအဖြဲ႕ဝင္မ်ားရွိရာစခန္းမွာ တိုက္ခိုက္ခံခဲ့ရျခင္းျဖစ္သည္။

“သဘာဝဓါတ္ေငြ႕ပိုက္လိုင္း station ရွိတာေပါ့။ အဲဒီမွာ လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့အဖြဲ႕ဝင္ေတြကို မနက္ပိုင္းမွာ လက္နက္အဖြဲ႕တစ္ခုက ဝင္ေရာက္စီးနင္းတိုက္ခိုက္တာေပါ့။ ဒါေပမယ့္ စခန္းကို မရလိုက္ပါဘူး။ ျပန္လည္ခုခံတဲ့အခ်ိန္မွာ တစ္ဖက္က ေနာက္ဆုတ္ေျပးသြားတယ္။ အရာခံဗိုလ္ရယ္၊ ရဲေဘာ္တစ္ေယာက္ရယ္ေတာ့ က်သြားတယ္” ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။

သဘာဝဓါတ္ေငြ႕ပိုက္လိုင္းအနီးရွိ လုံၿခဳံေရးစခန္းကို လူအင္အား(၂ဝ)ခန႔္ရွိေသာ လက္နက္ကိုင္အဖြဲ႕တစ္ခုက လာေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထိုသို႔ တိုက္ခိုက္ခံရမႈေၾကာင့္ လုံၿခဳံေရးစခန္းမွာ သိမ္းပိုက္ခံခဲ့ရျခင္းမရွိေသာ္လည္း အရာခံဗိုလ္တစ္ဦးႏွင့္ တပ္သားတစ္ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ကာ ေသဆုံးခဲ့ေၾကာင္း သိရသည္။

တ႐ုတ္-ျမန္မာသဘာဝဓါတ္ေငြ႕ပိုက္လိုင္းအနီးရွိ လုံၿခဳံေရးစခန္းကို ခ်င္းကာကြယ္ေရးတပ္-အရႈိ(CDF-Asho)က ဝင္ေရာက္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.