တဖန်တောက်လောင်လာတဲ့ ကက်ရှ်မီးယားမီးစ (သို့မဟုတ်) တင်းမာလာပြန်တဲ့ အိန္ဒိယ- ပါကစ္စတန် ဆက်ဆံရေး

 155

တင်ဇာ (NP News) - မေ ၇

ဧပြီလ(၂၂)ရက်မှာ အိန္ဒိယအုပ်ချုပ်မှုအောက်က ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်၊ ပါဟာလ်ဂမ် အနီးက ဘိုင်ဆာရန်ချိုင့်ဝှမ်းမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုကြောင့် ခရီးသွား (၂၆) ဦး သေဆုံးခဲ့တယ်။ အများစုက အိန္ဒိယခရီးသွားတွေ ဖြစ်နေတယ်။ ဒါက (၂၀၁၉) ခုနှစ်တုန်းက အိန္ဒိယ တပ်ဖွဲ့ဝင်တွေကိုတင်ဆောင်လာတဲ့ ဘတ်စကားတွေကို ပူလ်ဝါမာမှာ ကားဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူ(၄၀)ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်း အငြင်းပွား နယ်မြေထဲမှာ အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ် တယ်။ ပိုပြီးတော့ စိုးရိမ်စရာကောင်းတာက ဒါက နှစ်(၂၀)ကျော်အတွင်း အရပ်သားတွေကိုပစ်မှတ်ထားတဲ့ အကြီးမားဆုံးတိုက်ခိုက်မှုတစ်ခုပါ။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပါကစ္စတန်အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းဖြစ်တဲ့ လာရှ်ကာအီတိုင်ဘာရဲ့ ကျောထောက် နောက်ခံအဖွဲ့အစည်းဖြစ်တဲ့ The Resistance Front (TRF) က တာဝန်ခံကြောင်းကြေညာခဲ့တယ်။ ဒါပေမဲ့ ပါကစ္စတန်အစိုးရကတော့ သူတို့နဲ့ သက်ဆိုင်မှု မရှိဘူးလို့ ငြင်းဆိုထားတယ်။

ကက်ရှ်မီးယားပဋိပက္ခ မြစ်ဖျားခံလာခဲ့မှုမှသည် နှစ်နိုင်ငံကြား တင်းမာမှုများ
ကက်ရှ်မီးယားဒေသဆိုတာ ပါကစ္စတန် မြောက်ပိုင်း၊ အိန္ဒိယအနောက်မြောက်ပိုင်းနဲ့ တရုတ် အနောက်တောင်ပိုင်းတို့ကြားမှာ မဟာဗျူဟာကျကျ တည်ရှိနေတဲ့ နေရာတစ်ခုဖြစ်တယ်။ ဟိမဝန္တာ ဒေသမှာ တည်ရှိပြီး နယ်မြေဧရိယာ စုစုပေါင်း (၂၂၂,၂၃၆) စတုရန်းကီလိုမီတာကျယ်ဝန်းတဲ့ ယနေ့ ကက်ရှ်မီးယားဒေသကို သက်ဆိုင်ရာနိုင်ငံတွေက သုံးပိုင်းခွဲပြီးအုပ်ချုပ်နေကြတယ်။ အိန္ဒိယနိုင်ငံက အုပ်ချုပ်တဲ့အပိုင်းကို ဂျမူးနဲ့ကက်ရှ်မီးယားပြည်နယ်လို့ သတ်မှတ်ထားပြီး ပါကစ္စတန်နိုင်ငံကအုပ်ချုပ်တဲ့ အပိုင်းကို အာဇတ်ဂျမူး ကက်ရှ်မီးယားလို့ခေါ်ကြသလို တရုတ်နိုင်ငံကအုပ်ချုပ်တဲ့အပိုင်းကိုတော့ အက် စိုင်းချင်းလို့ခေါ်ကြတယ်။ ဂျမူးနဲ့ကက်ရှ်မီးယားဒေသမှာ လူဦးရေ (၁၃) သန်း ဝန်းကျင်ရှိပြီး အာဇတ်ဂျမူး ကက်ရှ်မီးယားဒေသမှာတော့ လူဦးရေ (၄)သန်းကျော်ရှိကာ အက်စိုင်းချင်းဒေသမှာတော့ လူနေထိုင် ခြင်းမရှိပါဘူး ကက်ရှ်မီးယား ဒေသကြီးတစ်ခုလုံးက သီးခြားလူမျိုးစုတစ်စု နေထိုင်ကြတဲ့ဒေသဖြစ်သလို အများစုက မွတ်စလင်ဘာသာ ကိုးကွယ်ကြတယ်။ ဒါကြောင့် ဟိန္ဒူဘာသာအဓိက ကိုးကွယ်ကြတဲ့ အိန္ဒိယအတွက် တစ်ခုတည်းသော မွတ်စလင်လူဦးရေအများဆုံး ဒေသတစ်ခုလည်းဖြစ်တယ်။

အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား ဒီနေ့ထိ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ကက်ရှ်မီးယားဒေသပဋိပက္ခ အကြောင်းကို အတိတ်သမိုင်း ပြန်ကောက်မယ်ဆိုရင် ဗြိတိသျှတွေက အိန္ဒိယပြည်ကို (၁၈၅၈) ခုနှစ် ကနေ (၁၉၄၇)ခုနှစ်အထိ နှစ်ပေါင်း (၉၀)လောက် အုပ်စိုးခဲ့ပြီးတဲ့နောက် (၁၉၄၆)ခုနှစ်မှာ အိန္ဒိယပြည်ကို ဆက်ပြီးအုပ်ချုပ်ဖို့ ဘဏ္ဍာရေးအရမတတ်နိုင်တော့လို့ နိုင်ငံကနေ အမြန်ထွက်ခွာဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ဗြိတိသျှတွေက အိန္ဒိယပြည်ကို (၁၉၄၇)ခုနှစ်မှာ လွတ်လပ်ရေးပေးဖို့ဆုံးဖြတ်ခဲ့ပြီး အိန္ဒိယလွတ်လပ်ရေး အက်ဥပဒေကိုပြဋ္ဌာန်းခဲ့တယ်။ အဲဒီအက်ဥပဒေမှာ ကိုးကွယ်ရာအယူဝါဒကိုလိုက်ပြီး ဟိန္ဒူဘာသာကိုး ကွယ်တဲ့ အိန္ဒိယနိုင်ငံနဲ့ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ ပါကစ္စတန်နိုင်ငံဆိုပြီး သီးခြားနှစ်နိုင်ငံ ခွဲခြားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ (၁၉၄၇) ခုနှစ်မှာ ဗြိတိသျှအစိုးရအရာရှိ ဆာဆီရယ် ရက်ဒ်ကလစ်ဖ်ဆိုတဲ့လူက အိန္ဒိယနဲ့ပါကစ္စ တန်ကိုခွဲထုတ်ဖို့အတွက် နှစ်နိုင်ငံနယ်စပ်မျဉ်းသစ်ကို ရေးဆွဲခဲ့တယ်။

ဒါကြောင့် အိန္ဒိယပြည်နယ်ဒေသတွေကို ခွဲတဲ့အခါမှာ ဟိန္ဒူအများစုရှိကြတဲ့တောင်ပိုင်းနဲ့ အလယ်ပိုင်းကို အိန္ဒိယနိုင်ငံအဖြစ်လည်းကောင်း၊ မွတ်စလင်အများစုရှိကြတဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေကိုတော့ ပါကစ္စတန်နိုင်ငံအဖြစ် အကြမ်းဖျင်း ခွဲခြားသတ်မှတ်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အိန္ဒိယပြည်ထဲမှာ ဟိန္ဒူနဲ့ မွတ်စလင်အသိုင်းအဝိုင်းတွေက ပြန့်ကြဲ ပြီးတည်ရှိနေကြတယ်။ အဲဒီလို နယ်စပ်မျဉ်းအရခွဲခြားလိုက်တဲ့အခါမှာ လူဦးရေ သန်း (၂၀)လောက်က ဘာသာရေးအလိုက် သက်ဆိုင်ရာတစ်ဖက်ဖက်ကို ပြောင်းရွှေ့ရဖို့ဖြစ်လာခဲ့ ပြီး အဲဒါက သမိုင်းမှာ အကြီးမားဆုံးသော ပြောင်းရွှေ့နေထိုင်မှုဖြစ်ခဲ့တယ်။

ရှေးတုန်းကတော့ ကက်ရှ်မီးယားပြည်နယ်ကို ဟိန္ဒူဘုရင်တွေနဲ့ မွတ်စလင်ဘုရင်တွေ အလှည့် ကျအုပ်စိုးခဲ့ကြတယ်။ ဒါပေမဲ့ အိန္ဒိယနဲ့ပါကစ္စတန် နှစ်ခြမ်းကွဲသွားတဲ့အချိန်ကစပြီး ကက်ရှ်မီးယားဒေသ ပဋိပက္ခ စလာခဲ့တာပဲဖြစ်တယ်။

အဲဒီအချိန်တုန်းက ကက်ရှ်မီးယားပြည်နယ် ကိုအုပ်ချုပ်နေတာက မဟာရာဂျာ ဟာရီဆင်းဆို တဲ့လူဖြစ်ပြီး သူကဟိန္ဒူဘာသာဝင်တစ်ယောက်ပါ။ ဟာရီဆင်းက ကက်ရှ်မီးယားပြည်နယ်ကို ဘယ် ဘက်နဲ့မှမပူးပေါင်းချင်ဘဲ သီးခြားလွတ်လပ်ခွင့်ပဲလိုချင်ခဲ့တယ်။ ဒါပေမဲ့ မွတ်စလင်အများစုရှိတဲ့ ကက်ရှ် မီးယားပြည်နယ်မှာ ပြည်သူတချို့က ပါကစ္စတန်နဲ့ပူးပေါင်းချင်သလို တချို့ကတော့ အိန္ဒိယနဲ့ပူးပေါင်းချင် ကြရာကစပြီး (၁၉၄၇)ခုနှစ်မှာပဲ ပြည်နယ်ထဲမှာ ဆူပူမှုတွေစလာခဲ့တယ်။ အဲဒီနောက် အနောက်မြောက် နယ်ခြားအရပ်ကမွတ်စလင်တွေက ပြည်နယ်ထဲကမွတ်စလင်တွေကိုကူညီဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျူးကျော်ဝင်လာကြတယ်။ အဲဒီအချိန်မှာ ပါကစ္စတန်သူပုန်တွေ ရဲ့ကျူးကျော်မှုကိုတားဆီးဖို့အတွက် အိန္ဒိယအစိုးရ ဘက်ကနေ ကက်ရှ်မီးယားကို စစ်ရေးအကူအညီတွေပေးဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီနောက် ပြည်နယ်ထဲမှာ ဆူပူအုံကြွမှုတွေ ဆိုးရွားလာတဲ့အတွက် ဟာရီဆင်းက (၁၉၄၇)ခုနှစ် အောက်တိုဘာလ (၂၇) ရက်မှာ အိန္ဒိယနဲ့ပူးပေါင်းလိုက်ကြောင်း ကြေညာခဲ့တယ်။ ဒါပေမဲ့ ပြည်နယ်ထဲမှာ ပါကစ္စတန် ကျူးကျော်သူတွေနဲ့ အိန္ဒိယတို့ကြား တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အတွက် ကုလသမဂ္ဂရဲ့ကြိုးပမ်းချက်နဲ့ (၁၉၄၉) ခုနှစ် ဒီဇင်ဘာ လ (၃၁)ရက်မှာ ကရာချီ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြရာက ပထမအကြိမ် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ ပြီးဆုံးခဲ့ရတယ်။

(၁၉၆၅) ခုနှစ်မှာ ပါကစ္စတန်တို့ အိန္ဒိယနိုင်ငံကို ထပ်ပြီး ကျူးကျော်ဝင်ရောက်လာခဲ့ပြန်တယ်။ အဲဒီစစ်ပွဲက (၇)နှစ်လောက်ကြာခဲ့တယ်။ (၁၉၇၂) ခုနှစ် ဇူလိုင်လ (၂)ရက်မှာ ကက်ရှ်မီးယားဒေသပဋိပက္ခ ကို အင်အားသုံးပြီးမဖြေရှင်းသင့်ဘဲ ငြိမ်းချမ်းစွာဖြေ ရှင်းသင့်တယ်လို့ နှစ်နိုင်ငံလုံးက သဘောတူခဲ့ကြပြီး ဆင်းမလားသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ အဲဒီသဘောတူညီချက်မှာ ကက်ရှ် မီးယားဒေသကို တစ်ခြမ်းစီခွဲပြီးအုပ်ချုပ်ကြဖို့ သဘောတူခဲ့ ကြတယ်။ (၁၉၉၈)ခုနှစ်မှာ နှစ်နိုင်ငံလုံးက နျူကလီးယားလက်နက်ပိုင်ဆိုင်ကြောင်းကြေညာခဲ့ကြပြီး အိန္ဒိယက ကမ္ဘာပေါ်မှာ အဲဒီလက်နက်ပိုင်ဆိုင် တဲ့ ဆဋ္ဌမမြောက်နိုင်ငံဖြစ်ပြီး ပါကစ္စတန်ကတော့ သတ္တမမြောက်နိုင်ငံဖြစ်လာခဲ့တယ်။ အဲဒီမတိုင်ခင်က နှစ်နိုင်ငံကြားဆက်ဆံရေး ငြိမ်းချမ်းစွာရှိနေခဲ့ပေမယ့် နျူကလီးယားလက်နက်ပိုင်ဆိုင်ကြောင်း ကြေညာ ပြီးတဲ့နောက် ဆက်ဆံရေးက တစ်ဖန်ပြန်ဆိုးရွားလာခဲ့တယ်။ ဒါကြောင့် (၁၉၉၉)ခုနှစ်မှာ တတိယ အကြိမ် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲဖြစ်ပွားခဲ့ပြီး စစ်ပွဲအတွင်း လူပေါင်း (၁ယဝဝဝ)ကျော်သေဆုံးခဲ့တယ်။ အဲဒီနောက် အမေရိကန်နိုင်ငံ ပါဝင်ပတ်သက်လာခဲ့ပြီး နိုင်ငံတကာကဖိအားတွေတိုးလာတဲ့အတွက် (၂၀ဝ၃) ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီး စစ်ပြေငြိမ်းခဲ့ကြတယ်။

နှစ်နိုင်ငံစလုံးက (၂၀ဝ၃) ခုနှစ်ကတည်းက ခိုင်မာမှုမရှိတဲ့အပစ်အခတ်ရပ်စဲရေးကို ထိန်း သိမ်းထားပေမယ့် အငြင်းပွားနေတဲ့နယ်စပ်တစ်လျှောက်မှာ ပုံမှန်ပစ်ခတ်မှုတွေဖြစ်လေ့ရှိတယ်။ နှစ် ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်တယ်လို့ စွပ်စွဲလေ့ရှိကြတယ်။ အဲဒီ နောက် (၂၀၁၉)ခုနှစ်မှာ အိန္ဒိယက ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုရုပ်သိမ်းပြီး ဂျမူးနဲ့ ကက်ရှ်မီးယားကို ပေါင်းစည်းလိုက်တဲ့အချိန်ကစပြီး အကြမ်းဖက်မှုတွေ လျော့ကျသွားခဲ့တယ်။ ဒါပေမဲ့ သမိုင်းကြောင်းအရ အငြင်းပွားနေတဲ့နယ်မြေဖြစ်သလို ပါကစ္စတန်ကလည်း ပိုင်ဆိုင်တယ်လို့ ပြောထား တဲ့ အဲဒီနယ်မြေက အခုထိတင်းမာမှုတွေရှိနေတဲ့နေရာ တစ်ခုပဲ။ အိန္ဒိယနဲ့ပါကစ္စတန်တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေလည်း တစ်ခါတလေဖြစ်တတ်သလို စစ်သွေးကြွအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေလည်း ဖြစ်ပွားတတ်တယ်။

တစ်ကျော့ပြန်တောက်လောင်လာတဲ့ ကက်ရှ်မီးယားမီးစ
ဧပြီလ(၂၂)ရက်ကဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကလည်း အလားတူတိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်လာ ခဲ့တယ်။ အိန္ဒိယက အဲဒီတိုက်ခိုက်မှုမှာ ပါကစ္စတန်နဲ့ ဆက်နွှယ်မှုရှိတယ်လို့ စွပ်စွဲခဲ့တယ်။ ဒါဟာ ဆယ်စု နှစ် တစ်ခုကျော်အတွင်း အိန္ဒိယအရပ်သားတွေကိုပစ်မှတ်ထားတဲ့ အဆိုးရွားဆုံးတိုက်ခိုက်မှုဖြစ်ပြီး တာ ဝန်ခံတဲ့အဖွဲ့ကို ပါကစ္စတန်စစ်တပ်က ထောက်ခံအားပေးနေတယ်လို့ အိန္ဒိယကပြောခဲ့တယ်။ အဲဒီ လူ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုက အိန္ဒိယနဲ့သူရဲ့အိမ်နီးချင်း ပါကစ္စတန်ကြားက အရင်ဒဏ်ရာဟောင်း တွေကို ပြန်ဆွပေးလိုက်သလို စစ်ရေးအရတင်းမာမှုတွေတိုးလာဖို့ တစ်လှမ်းပိုနီးသွားစေခဲ့တယ်။ သေဆုံး ခဲ့သူတွေနဲ့ပတ်သက်လို့ အောက်မေ့အမှတ်ရဖွယ်အခမ်းအနားမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက “ဒီရက်စက် ယုတ်မာတဲ့ လုပ်ရပ်ကျူးလွန်ခဲ့သူတွေကို တရားစီရင်မှုဆီ ခေါ်ဆောင်သွားမယ်။ သူတို့ကို လွတ်ငြိမ်းချမ်း သာခွင့်မပေးဘူး။ သူတို့ရဲ့မကောင်းဆိုးဝါးအစီအစဉ်တွေ ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး။ အကြမ်း ဖက်ဝါဒကို တိုက်ဖျက်ဖို့ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်က မယိမ်းမယိုင်ဘဲ ပိုလို့တောင်ခိုင်မာလာလိမ့် မယ်”လို့ မိန့်ခွန်း ပြောကြားခဲ့တယ်။

အဲဒီနောက် အိန္ဒိယအစိုးရက ပါကစ္စတန် အပေါ် ပြစ်ဒဏ်ပေးတဲ့အစီအမံတွေကို အလျင်အမြန် ကြေညာခဲ့တယ်။ အဲဒီထဲမှာ အရေးကြီးတဲ့ အိန္ဒုမြစ် ရေ မျှဝေသုံးစွဲရေးသဘောတူညီချက်ကို ရပ်ဆိုင်း တာ၊ ဗီဇာတွေပယ်ဖျက်တာနဲ့ သံတမန်ဆက်ဆံရေးကို လျှော့ချတာတွေပါဝင်တယ်။ အိန္ဒိယက သူရဲ့ အဓိက နယ်စပ်ဂိတ်ကိုလည်းပိတ်လိုက်ပြီး အချို့သော ဗီဇာနဲ့ အိန္ဒိယနိုင်ငံမှာရောက်ရှိနေတဲ့ ပါကစ္စတန် နိုင်ငံသားတွေကိုလည်း (၄၈)နာရီအတွင်းထွက်သွားဖို့ အမိန့်ပေးခဲ့တယ်။

ပါကစ္စတန်က ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အိန္ဒိယရဲ့စွပ်စွဲချက်တွေကို “နိုင်ငံရေးလှုံ့ဆော်တဲ့ စွပ် စွဲချက်တွေ”လို့ပြောခဲ့တယ်။ အိန္ဒိယဘက်က အိန္ဒုမြစ် ရေပိတ်ဆို့ဖို့ အဆိုပြုထားတဲ့အပေါ် ပါကစ္စတန် တစ်နိုင်ငံလုံးက စိုးရိမ်ကြောင့်ကြနေကြတယ်။ အဲဒီရေဟာ နိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းအများစုအတွက် အားထားရာဖြစ်တယ်။

ကမ္ဘာ့ဘဏ်က (၁၉၆၀) ပြည့်နှစ်မှာကြား ဝင်ညှိနှိုင်းပေးခဲ့တဲ့ အဲဒီ အိန္ဒုမြစ်ကြောင်း သဘောတူ ညီချက်ဟာ နှစ်ပေါင်းများစွာ စစ်ရေးပဋိပက္ခတွေနဲ့ သံတမန်ရေးရာ ပြိုကွဲမှုတွေကို အနည်းငယ်ပြေလျော့ သွားစေခဲ့တယ်။ အခုလို သဘောတူညီချက်ကို ရပ်ဆိုင်းလိုက်တာဟာ မကြုံစဖူးဖြစ်ပြီး နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ အိမ်နီးချင်းနှစ်နိုင်ငံကြား တင်းမာနေပြီးသားဆက်ဆံရေးမှာ အရေးပါတဲ့ အလှည့် အပြောင်းတစ်ခုကို ဦးတည်သွားစေတယ်။

နှစ်နိုင်ငံစလုံးမှာ ဆင်းရဲမွဲတေမှုနဲ့ ရုန်းကန်နေရတဲ့လူဦးရေအများအပြားရှိပြီး စစ်ရေးအရ မှား ယွင်းတဲ့လုပ်ရပ်တစ်ခုခုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုကာကွယ်ဖို့ သူတို့မှာ အင်အားမရှိသလောက် ပါပဲ။ နိုင်ငံရေးလေ့လာသုံးသပ်သူ ပါဗက်ဇ်ဟွတ်ဘွိုင်း က “သဘောတူညီချက်ကိုရုပ်သိမ်းတာဟာ စစ်ပွဲ ကို ဖိတ်ခေါ်တာနဲ့အတူတူပဲ။ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့နှစ်နိုင်ငံစလုံးက မနိုင်နိုင်တဲ့စစ်ပွဲမျိုး” လို့ သုံးသပ်ခဲ့တယ်။

ဧပြီလ (၂၄)ရက် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပါကစ္စတန်က အိန္ဒိယကိုတုံ့ ပြန်သွားမယ့်အစီအမံတွေကို ပြင်းထန်တဲ့စကားလုံးတွေသုံးပြီးကြေညာခဲ့တယ်။ အဲဒီထဲမှာ ဗီဇာနဲ့ ကုန် သွယ်ရေးရပ်ဆိုင်းတာ၊ သံတမန်တွေကိုနှင်ထုတ်တာနဲ့ ပါကစ္စတန်လေကြောင်းပိုင်နက်ကို အိန္ဒိယ လေ ယာဉ်တွေအတွက် ပိတ်လိုက်တာတွေပါဝင်တယ်။

အဲဒီတိုက်ခိုက်မှုဖြစ်ပွားချိန်မှာ အိန္ဒိယက အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကို လက်ခံတွေ့ ဆုံနေတဲ့အချိန်ဖြစ်ပြီး သူက အိန္ဒိယနဲ့ ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးတွေတိုးမြှင့်ဖို့နဲ့ တရုတ်နိုင်ငံကို တန်ပြန်တဲ့နေရာမှာ အိန္ဒိယကို အဓိကမဟာမိတ်တစ်ဦးအဖြစ်သတ်မှတ်ဖို့ ရောက်ရှိနေတာပါ။ သမိုင်း ကြောင်းအရ ဝါရှင်တန်ဟာ အိန္ဒိယနဲ့ပါကစ္စတန်ကြား ရန်လိုမှုတွေကိုထိန်းချုပ်ရာမှာ အဓိကနေရာက ပါဝင်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ အိန္ဒိယဟာ အမေ ရိကန်ထိပ်တန်းခေါင်းဆောင်တွေရဲ့ ထောက်ခံ မှုကို အပြည့်အဝရထားပုံရတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက ဧပြီလ (၂၇)ရက်မှာ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက် လို့ “တာဝန်သိတဲ့ ဖြေရှင်းချက်”တစ်ခုရရှိဖို့ နှစ်နိုင်ငံ စလုံးကိုတိုက်တွန်းနေတယ်လို့ ပြောကြားခဲ့တယ်။ အမေရိကန်အစိုးရက အဲဒီတိုက်ခိုက်မှုအပြီး အိန္ဒိယ ကိုထောက်ခံကြောင်းပြောကြားခဲ့ ပေမယ့် ပါကစ္စတန်ကိုတော့ လူသိရှင်ကြား ဝေဖန်ခဲ့ခြင်းမရှိပါဘူး။

အချုပ်အားဖြင့်ဆိုရရင် အတိတ်သမိုင်းမှာလို သူတို့နှစ်နိုင်ငံအကြား တင်းမာမှုတွေကိုလျှော့ချဖို့ သိသာထင်ရှားတဲ့ နိုင်ငံတကာရဲ့ဖိအားပေးမှုမရှိရင် ဒီတစ်ခါမှာတော့ နှစ်ဖက်စလုံးက နျူကလီးယား တင်းမာမှုဆီ ဦးတည်သွားနိုင်ပါတယ်။ အဲဒီလိုသာဆို ဒီပဋိပက္ခရဲ့အကျိုးဆက်က သူတို့ရဲ့စီးပွားရေး အပေါ် ဆိုးဆိုးရွားရွားသက်ရောက်မှုတွေရှိလာနိုင်တာမို့ ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာဖို့ နှစ်ဖက်စလုံးက ကြိုးပမ်းသင့် ပါကြောင်းရေးသားလိုက်ရပါတယ်။

zawgyi version
တဖန္ေတာက္ေလာင္လာတဲ့ ကက္ရွ္မီးယားမီးစ (သို႔မဟုတ္) တင္းမာလာျပန္တဲ့ အိႏၵိယ- ပါကစၥတန္ ဆက္ဆံေရး
တင္ဇာ (NP News) - ေမ ၇

ဧၿပီလ(၂၂)ရက္မွာ အိႏၵိယအုပ္ခ်ဳပ္မႈေအာက္က ဂ်မူးနဲ႔ ကက္ရွ္မီးယားျပည္နယ္၊ ပါဟာလ္ဂမ္ အနီးက ဘိုင္ဆာရန္ခ်ိဳင့္ဝွမ္းမွာျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္တိုက္ခိုက္မႈတစ္ခုေၾကာင့္ ခရီးသြား (၂၆) ဦး ေသဆုံးခဲ့တယ္။ အမ်ားစုက အိႏၵိယခရီးသြားေတြ ျဖစ္ေနတယ္။ ဒါက (၂၀၁၉) ခုႏွစ္တုန္းက အိႏၵိယ တပ္ဖြဲ႕ဝင္ေတြကိုတင္ေဆာင္လာတဲ့ ဘတ္စကားေတြကို ပူလ္ဝါမာမွာ ကားဗုံးခြဲတိုက္ခိုက္ခဲ့လို႔ လူ(၄၀)ဦး ေသဆုံးခဲ့တဲ့ျဖစ္စဥ္ေနာက္ပိုင္း အျငင္းပြား နယ္ေျမထဲမွာ အေသအေပ်ာက္အမ်ားဆုံး တိုက္ခိုက္မႈျဖစ္ တယ္။ ပိုၿပီးေတာ့ စိုးရိမ္စရာေကာင္းတာက ဒါက ႏွစ္(၂၀)ေက်ာ္အတြင္း အရပ္သားေတြကိုပစ္မွတ္ထားတဲ့ အႀကီးမားဆုံးတိုက္ခိုက္မႈတစ္ခုပါ။ ဒီတိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ ပါကစၥတန္အေျခစိုက္ အၾကမ္းဖက္ အဖြဲ႕အစည္းျဖစ္တဲ့ လာရွ္ကာအီတိုင္ဘာရဲ႕ ေက်ာေထာက္ ေနာက္ခံအဖြဲ႕အစည္းျဖစ္တဲ့ The Resistance Front (TRF) က တာဝန္ခံေၾကာင္းေၾကညာခဲ့တယ္။ ဒါေပမဲ့ ပါကစၥတန္အစိုးရကေတာ့ သူတို႔နဲ႔ သက္ဆိုင္မႈ မရွိဘူးလို႔ ျငင္းဆိုထားတယ္။

ကက္ရွ္မီးယားပဋိပကၡ ျမစ္ဖ်ားခံလာခဲ့မႈမွသည္ ႏွစ္ႏိုင္ငံၾကား တင္းမာမႈမ်ား
ကက္ရွ္မီးယားေဒသဆိုတာ ပါကစၥတန္ ေျမာက္ပိုင္း၊ အိႏၵိယအေနာက္ေျမာက္ပိုင္းနဲ႔ တ႐ုတ္ အေနာက္ေတာင္ပိုင္းတို႔ၾကားမွာ မဟာဗ်ဴဟာက်က် တည္ရွိေနတဲ့ ေနရာတစ္ခုျဖစ္တယ္။ ဟိမဝႏၲာ ေဒသမွာ တည္ရွိၿပီး နယ္ေျမဧရိယာ စုစုေပါင္း (၂၂၂,၂၃၆) စတုရန္းကီလိုမီတာက်ယ္ဝန္းတဲ့ ယေန႔ ကက္ရွ္မီးယားေဒသကို သက္ဆိုင္ရာႏိုင္ငံေတြက သုံးပိုင္းခြဲၿပီးအုပ္ခ်ဳပ္ေနၾကတယ္။ အိႏၵိယႏိုင္ငံက အုပ္ခ်ဳပ္တဲ့အပိုင္းကို ဂ်မူးနဲ႔ကက္ရွ္မီးယားျပည္နယ္လို႔ သတ္မွတ္ထားၿပီး ပါကစၥတန္ႏိုင္ငံကအုပ္ခ်ဳပ္တဲ့ အပိုင္းကို အာဇတ္ဂ်မူး ကက္ရွ္မီးယားလို႔ေခၚၾကသလို တ႐ုတ္ႏိုင္ငံကအုပ္ခ်ဳပ္တဲ့အပိုင္းကိုေတာ့ အက္ စိုင္းခ်င္းလို႔ေခၚၾကတယ္။ ဂ်မူးနဲ႔ကက္ရွ္မီးယားေဒသမွာ လူဦးေရ (၁၃) သန္း ဝန္းက်င္ရွိၿပီး အာဇတ္ဂ်မူး ကက္ရွ္မီးယားေဒသမွာေတာ့ လူဦးေရ (၄)သန္းေက်ာ္ရွိကာ အက္စိုင္းခ်င္းေဒသမွာေတာ့ လူေနထိုင္ ျခင္းမရွိပါဘူး ကက္ရွ္မီးယား ေဒသႀကီးတစ္ခုလုံးက သီးျခားလူမ်ိဳးစုတစ္စု ေနထိုင္ၾကတဲ့ေဒသျဖစ္သလို အမ်ားစုက မြတ္စလင္ဘာသာ ကိုးကြယ္ၾကတယ္။ ဒါေၾကာင့္ ဟိႏၵဴဘာသာအဓိက ကိုးကြယ္ၾကတဲ့ အိႏၵိယအတြက္ တစ္ခုတည္းေသာ မြတ္စလင္လူဦးေရအမ်ားဆုံး ေဒသတစ္ခုလည္းျဖစ္တယ္။

အိႏၵိယနဲ႔ပါကစၥတန္တို႔ၾကား ဒီေန႔ထိ လိပ္ခဲတည္းလည္းျဖစ္ေနတဲ့ ကက္ရွ္မီးယားေဒသပဋိပကၡ အေၾကာင္းကို အတိတ္သမိုင္း ျပန္ေကာက္မယ္ဆိုရင္ ၿဗိတိသွ်ေတြက အိႏၵိယျပည္ကို (၁၈၅၈) ခုႏွစ္ ကေန (၁၉၄၇)ခုႏွစ္အထိ ႏွစ္ေပါင္း (၉၀)ေလာက္ အုပ္စိုးခဲ့ၿပီးတဲ့ေနာက္ (၁၉၄၆)ခုႏွစ္မွာ အိႏၵိယျပည္ကို ဆက္ၿပီးအုပ္ခ်ဳပ္ဖို႔ ဘ႑ာေရးအရမတတ္ႏိုင္ေတာ့လို႔ ႏိုင္ငံကေန အျမန္ထြက္ခြာဖို႔ဆုံးျဖတ္ခဲ့ၾကတယ္။ ၿဗိတိသွ်ေတြက အိႏၵိယျပည္ကို (၁၉၄၇)ခုႏွစ္မွာ လြတ္လပ္ေရးေပးဖို႔ဆုံးျဖတ္ခဲ့ၿပီး အိႏၵိယလြတ္လပ္ေရး အက္ဥပေဒကိုျပ႒ာန္းခဲ့တယ္။ အဲဒီအက္ဥပေဒမွာ ကိုးကြယ္ရာအယူဝါဒကိုလိုက္ၿပီး ဟိႏၵဴဘာသာကိုး ကြယ္တဲ့ အိႏၵိယႏိုင္ငံနဲ႔ အစၥလာမ္ဘာသာကိုးကြယ္တဲ့ ပါကစၥတန္ႏိုင္ငံဆိုၿပီး သီးျခားႏွစ္ႏိုင္ငံ ခြဲျခားဖို႔ ဆုံးျဖတ္ခဲ့ၾကတယ္။ (၁၉၄၇) ခုႏွစ္မွာ ၿဗိတိသွ်အစိုးရအရာရွိ ဆာဆီရယ္ ရက္ဒ္ကလစ္ဖ္ဆိုတဲ့လူက အိႏၵိယနဲ႔ပါကစၥ တန္ကိုခြဲထုတ္ဖို႔အတြက္ ႏွစ္ႏိုင္ငံနယ္စပ္မ်ဥ္းသစ္ကို ေရးဆြဲခဲ့တယ္။

ဒါေၾကာင့္ အိႏၵိယျပည္နယ္ေဒသေတြကို ခြဲတဲ့အခါမွာ ဟိႏၵဴအမ်ားစုရွိၾကတဲ့ေတာင္ပိုင္းနဲ႔ အလယ္ပိုင္းကို အိႏၵိယႏိုင္ငံအျဖစ္လည္းေကာင္း၊ မြတ္စလင္အမ်ားစုရွိၾကတဲ့ အေနာက္ေျမာက္ပိုင္းနဲ႔ အေရွ႕ေျမာက္ပိုင္းေဒသေတြကိုေတာ့ ပါကစၥတန္ႏိုင္ငံအျဖစ္ အၾကမ္းဖ်င္း ခြဲျခားသတ္မွတ္ခဲ့တယ္။ ဒါေပမဲ့ တကယ္တမ္းမွာေတာ့ အိႏၵိယျပည္ထဲမွာ ဟိႏၵဴနဲ႔ မြတ္စလင္အသိုင္းအဝိုင္းေတြက ျပန႔္ႀကဲ ၿပီးတည္ရွိေနၾကတယ္။ အဲဒီလို နယ္စပ္မ်ဥ္းအရခြဲျခားလိုက္တဲ့အခါမွာ လူဦးေရ သန္း (၂၀)ေလာက္က ဘာသာေရးအလိုက္ သက္ဆိုင္ရာတစ္ဖက္ဖက္ကို ေျပာင္းေ႐ႊ႕ရဖို႔ျဖစ္လာခဲ့ ၿပီး အဲဒါက သမိုင္းမွာ အႀကီးမားဆုံးေသာ ေျပာင္းေ႐ႊ႕ေနထိုင္မႈျဖစ္ခဲ့တယ္။

ေရွးတုန္းကေတာ့ ကက္ရွ္မီးယားျပည္နယ္ကို ဟိႏၵဴဘုရင္ေတြနဲ႔ မြတ္စလင္ဘုရင္ေတြ အလွည့္ က်အုပ္စိုးခဲ့ၾကတယ္။ ဒါေပမဲ့ အိႏၵိယနဲ႔ပါကစၥတန္ ႏွစ္ျခမ္းကြဲသြားတဲ့အခ်ိန္ကစၿပီး ကက္ရွ္မီးယားေဒသ ပဋိပကၡ စလာခဲ့တာပဲျဖစ္တယ္။

အဲဒီအခ်ိန္တုန္းက ကက္ရွ္မီးယားျပည္နယ္ ကိုအုပ္ခ်ဳပ္ေနတာက မဟာရာဂ်ာ ဟာရီဆင္းဆို တဲ့လူျဖစ္ၿပီး သူကဟိႏၵဴဘာသာဝင္တစ္ေယာက္ပါ။ ဟာရီဆင္းက ကက္ရွ္မီးယားျပည္နယ္ကို ဘယ္ ဘက္နဲ႔မွမပူးေပါင္းခ်င္ဘဲ သီးျခားလြတ္လပ္ခြင့္ပဲလိုခ်င္ခဲ့တယ္။ ဒါေပမဲ့ မြတ္စလင္အမ်ားစုရွိတဲ့ ကက္ရွ္ မီးယားျပည္နယ္မွာ ျပည္သူတခ်ိဳ႕က ပါကစၥတန္နဲ႔ပူးေပါင္းခ်င္သလို တခ်ိဳ႕ကေတာ့ အိႏၵိယနဲ႔ပူးေပါင္းခ်င္ ၾကရာကစၿပီး (၁၉၄၇)ခုႏွစ္မွာပဲ ျပည္နယ္ထဲမွာ ဆူပူမႈေတြစလာခဲ့တယ္။ အဲဒီေနာက္ အေနာက္ေျမာက္ နယ္ျခားအရပ္ကမြတ္စလင္ေတြက ျပည္နယ္ထဲကမြတ္စလင္ေတြကိုကူညီဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ က်ဴးေက်ာ္ဝင္လာၾကတယ္။ အဲဒီအခ်ိန္မွာ ပါကစၥတန္သူပုန္ေတြ ရဲ႕က်ဴးေက်ာ္မႈကိုတားဆီးဖို႔အတြက္ အိႏၵိယအစိုးရ ဘက္ကေန ကက္ရွ္မီးယားကို စစ္ေရးအကူအညီေတြေပးဖို႔ ကမ္းလွမ္းခဲ့တယ္။ အဲဒီေနာက္ ျပည္နယ္ထဲမွာ ဆူပူအုံႂကြမႈေတြ ဆိုး႐ြားလာတဲ့အတြက္ ဟာရီဆင္းက (၁၉၄၇)ခုႏွစ္ ေအာက္တိုဘာလ (၂၇) ရက္မွာ အိႏၵိယနဲ႔ပူးေပါင္းလိုက္ေၾကာင္း ေၾကညာခဲ့တယ္။ ဒါေပမဲ့ ျပည္နယ္ထဲမွာ ပါကစၥတန္ က်ဴးေက်ာ္သူေတြနဲ႔ အိႏၵိယတို႔ၾကား တိုက္ပြဲေတြဆက္ျဖစ္ေနတဲ့အတြက္ ကုလသမဂၢရဲ႕ႀကိဳးပမ္းခ်က္နဲ႔ (၁၉၄၉) ခုႏွစ္ ဒီဇင္ဘာ လ (၃၁)ရက္မွာ ကရာခ်ီ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ႏွစ္ဖက္ သေဘာတူ လက္မွတ္ေရးထိုးခဲ့ၾကရာက ပထမအႀကိမ္ အိႏၵိယ-ပါကစၥတန္စစ္ပြဲ ၿပီးဆုံးခဲ့ရတယ္။

(၁၉၆၅) ခုႏွစ္မွာ ပါကစၥတန္တို႔ အိႏၵိယႏိုင္ငံကို ထပ္ၿပီး က်ဴးေက်ာ္ဝင္ေရာက္လာခဲ့ျပန္တယ္။ အဲဒီစစ္ပြဲက (၇)ႏွစ္ေလာက္ၾကာခဲ့တယ္။ (၁၉၇၂) ခုႏွစ္ ဇူလိုင္လ (၂)ရက္မွာ ကက္ရွ္မီးယားေဒသပဋိပကၡ ကို အင္အားသုံးၿပီးမေျဖရွင္းသင့္ဘဲ ၿငိမ္းခ်မ္းစြာေျဖ ရွင္းသင့္တယ္လို႔ ႏွစ္ႏိုင္ငံလုံးက သေဘာတူခဲ့ၾကၿပီး ဆင္းမလားသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ၾကတယ္။ အဲဒီသေဘာတူညီခ်က္မွာ ကက္ရွ္ မီးယားေဒသကို တစ္ျခမ္းစီခြဲၿပီးအုပ္ခ်ဳပ္ၾကဖို႔ သေဘာတူခဲ့ ၾကတယ္။ (၁၉၉၈)ခုႏွစ္မွာ ႏွစ္ႏိုင္ငံလုံးက န်ဴကလီးယားလက္နက္ပိုင္ဆိုင္ေၾကာင္းေၾကညာခဲ့ၾကၿပီး အိႏၵိယက ကမာၻေပၚမွာ အဲဒီလက္နက္ပိုင္ဆိုင္ တဲ့ ဆ႒မေျမာက္ႏိုင္ငံျဖစ္ၿပီး ပါကစၥတန္ကေတာ့ သတၱမေျမာက္ႏိုင္ငံျဖစ္လာခဲ့တယ္။ အဲဒီမတိုင္ခင္က ႏွစ္ႏိုင္ငံၾကားဆက္ဆံေရး ၿငိမ္းခ်မ္းစြာရွိေနခဲ့ေပမယ့္ န်ဴကလီးယားလက္နက္ပိုင္ဆိုင္ေၾကာင္း ေၾကညာ ၿပီးတဲ့ေနာက္ ဆက္ဆံေရးက တစ္ဖန္ျပန္ဆိုး႐ြားလာခဲ့တယ္။ ဒါေၾကာင့္ (၁၉၉၉)ခုႏွစ္မွာ တတိယ အႀကိမ္ အိႏၵိယ-ပါကစၥတန္စစ္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ပြဲအတြင္း လူေပါင္း (၁ယဝဝဝ)ေက်ာ္ေသဆုံးခဲ့တယ္။ အဲဒီေနာက္ အေမရိကန္ႏိုင္ငံ ပါဝင္ပတ္သက္လာခဲ့ၿပီး ႏိုင္ငံတကာကဖိအားေတြတိုးလာတဲ့အတြက္ (၂၀ဝ၃) ခုႏွစ္မွာ အပစ္ခတ္ရပ္စဲေရး သေဘာတူခဲ့ၾကၿပီး စစ္ေျပၿငိမ္းခဲ့ၾကတယ္။

ႏွစ္ႏိုင္ငံစလုံးက (၂၀ဝ၃) ခုႏွစ္ကတည္းက ခိုင္မာမႈမရွိတဲ့အပစ္အခတ္ရပ္စဲေရးကို ထိန္း သိမ္းထားေပမယ့္ အျငင္းပြားေနတဲ့နယ္စပ္တစ္ေလွ်ာက္မွာ ပုံမွန္ပစ္ခတ္မႈေတြျဖစ္ေလ့ရွိတယ္။ ႏွစ္ ဖက္စလုံးက တစ္ဖက္ကိုတစ္ဖက္ အပစ္အခတ္ရပ္စဲေရး ခ်ိဳးေဖာက္တယ္လို႔ စြပ္စြဲေလ့ရွိၾကတယ္။ အဲဒီ ေနာက္ (၂၀၁၉)ခုႏွစ္မွာ အိႏၵိယက ကက္ရွ္မီးယားေဒသရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို႐ုပ္သိမ္းၿပီး ဂ်မူးနဲ႔ ကက္ရွ္မီးယားကို ေပါင္းစည္းလိုက္တဲ့အခ်ိန္ကစၿပီး အၾကမ္းဖက္မႈေတြ ေလ်ာ့က်သြားခဲ့တယ္။ ဒါေပမဲ့ သမိုင္းေၾကာင္းအရ အျငင္းပြားေနတဲ့နယ္ေျမျဖစ္သလို ပါကစၥတန္ကလည္း ပိုင္ဆိုင္တယ္လို႔ ေျပာထား တဲ့ အဲဒီနယ္ေျမက အခုထိတင္းမာမႈေတြရွိေနတဲ့ေနရာ တစ္ခုပဲ။ အိႏၵိယနဲ႔ပါကစၥတန္တပ္ဖြဲ႕ေတြၾကား တိုက္ခိုက္မႈေတြလည္း တစ္ခါတေလျဖစ္တတ္သလို စစ္ေသြးႂကြအဖြဲ႕ေတြရဲ႕တိုက္ခိုက္မႈေတြလည္း ျဖစ္ပြားတတ္တယ္။

တစ္ေက်ာ့ျပန္ေတာက္ေလာင္လာတဲ့ ကက္ရွ္မီးယားမီးစ
ဧၿပီလ(၂၂)ရက္ကျဖစ္ပြားခဲ့တဲ့ျဖစ္စဥ္ကလည္း အလားတူတိုက္ခိုက္မႈေတြထဲက တစ္ခုျဖစ္လာ ခဲ့တယ္။ အိႏၵိယက အဲဒီတိုက္ခိုက္မႈမွာ ပါကစၥတန္နဲ႔ ဆက္ႏႊယ္မႈရွိတယ္လို႔ စြပ္စြဲခဲ့တယ္။ ဒါဟာ ဆယ္စု ႏွစ္ တစ္ခုေက်ာ္အတြင္း အိႏၵိယအရပ္သားေတြကိုပစ္မွတ္ထားတဲ့ အဆိုး႐ြားဆုံးတိုက္ခိုက္မႈျဖစ္ၿပီး တာ ဝန္ခံတဲ့အဖြဲ႕ကို ပါကစၥတန္စစ္တပ္က ေထာက္ခံအားေပးေနတယ္လို႔ အိႏၵိယကေျပာခဲ့တယ္။ အဲဒီ လူ အစုလိုက္ အၿပဳံလိုက္သတ္ျဖတ္မႈက အိႏၵိယနဲ႔သူရဲ႕အိမ္နီးခ်င္း ပါကစၥတန္ၾကားက အရင္ဒဏ္ရာေဟာင္း ေတြကို ျပန္ဆြေပးလိုက္သလို စစ္ေရးအရတင္းမာမႈေတြတိုးလာဖို႔ တစ္လွမ္းပိုနီးသြားေစခဲ့တယ္။ ေသဆုံး ခဲ့သူေတြနဲ႔ပတ္သက္လို႔ ေအာက္ေမ့အမွတ္ရဖြယ္အခမ္းအနားမွာ အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီက “ဒီရက္စက္ ယုတ္မာတဲ့ လုပ္ရပ္က်ဴးလြန္ခဲ့သူေတြကို တရားစီရင္မႈဆီ ေခၚေဆာင္သြားမယ္။ သူတို႔ကို လြတ္ၿငိမ္းခ်မ္း သာခြင့္မေပးဘူး။ သူတို႔ရဲ႕မေကာင္းဆိုးဝါးအစီအစဥ္ေတြ ဘယ္ေတာ့မွေအာင္ျမင္မွာမဟုတ္ဘူး။ အၾကမ္း ဖက္ဝါဒကို တိုက္ဖ်က္ဖို႔ ကြၽန္ေတာ္တို႔ရဲ႕ဆုံးျဖတ္ခ်က္က မယိမ္းမယိုင္ဘဲ ပိုလို႔ေတာင္ခိုင္မာလာလိမ့္ မယ္”လို႔ မိန႔္ခြန္း ေျပာၾကားခဲ့တယ္။

အဲဒီေနာက္ အိႏၵိယအစိုးရက ပါကစၥတန္ အေပၚ ျပစ္ဒဏ္ေပးတဲ့အစီအမံေတြကို အလ်င္အျမန္ ေၾကညာခဲ့တယ္။ အဲဒီထဲမွာ အေရးႀကီးတဲ့ အိႏၵဳျမစ္ ေရ မွ်ေဝသုံးစြဲေရးသေဘာတူညီခ်က္ကို ရပ္ဆိုင္း တာ၊ ဗီဇာေတြပယ္ဖ်က္တာနဲ႔ သံတမန္ဆက္ဆံေရးကို ေလွ်ာ့ခ်တာေတြပါဝင္တယ္။ အိႏၵိယက သူရဲ႕ အဓိက နယ္စပ္ဂိတ္ကိုလည္းပိတ္လိုက္ၿပီး အခ်ိဳ႕ေသာ ဗီဇာနဲ႔ အိႏၵိယႏိုင္ငံမွာေရာက္ရွိေနတဲ့ ပါကစၥတန္ ႏိုင္ငံသားေတြကိုလည္း (၄၈)နာရီအတြင္းထြက္သြားဖို႔ အမိန႔္ေပးခဲ့တယ္။

ပါကစၥတန္က ဒီတိုက္ခိုက္မႈနဲ႔ပတ္သက္လို႔ အိႏၵိယရဲ႕စြပ္စြဲခ်က္ေတြကို “ႏိုင္ငံေရးလႈံ႕ေဆာ္တဲ့ စြပ္ စြဲခ်က္ေတြ”လို႔ေျပာခဲ့တယ္။ အိႏၵိယဘက္က အိႏၵဳျမစ္ ေရပိတ္ဆို႔ဖို႔ အဆိုျပဳထားတဲ့အေပၚ ပါကစၥတန္ တစ္ႏိုင္ငံလုံးက စိုးရိမ္ေၾကာင့္ၾကေနၾကတယ္။ အဲဒီေရဟာ ႏိုင္ငံရဲ႕ စိုက္ပ်ိဳးေရးလုပ္ငန္းအမ်ားစုအတြက္ အားထားရာျဖစ္တယ္။

ကမာၻ႔ဘဏ္က (၁၉၆၀) ျပည့္ႏွစ္မွာၾကား ဝင္ညႇိႏႈိင္းေပးခဲ့တဲ့ အဲဒီ အိႏၵဳျမစ္ေၾကာင္း သေဘာတူ ညီခ်က္ဟာ ႏွစ္ေပါင္းမ်ားစြာ စစ္ေရးပဋိပကၡေတြနဲ႔ သံတမန္ေရးရာ ၿပိဳကြဲမႈေတြကို အနည္းငယ္ေျပေလ်ာ့ သြားေစခဲ့တယ္။ အခုလို သေဘာတူညီခ်က္ကို ရပ္ဆိုင္းလိုက္တာဟာ မႀကဳံစဖူးျဖစ္ၿပီး န်ဴကလီးယား လက္နက္ပိုင္ဆိုင္တဲ့ အိမ္နီးခ်င္းႏွစ္ႏိုင္ငံၾကား တင္းမာေနၿပီးသားဆက္ဆံေရးမွာ အေရးပါတဲ့ အလွည့္ အေျပာင္းတစ္ခုကို ဦးတည္သြားေစတယ္။

ႏွစ္ႏိုင္ငံစလုံးမွာ ဆင္းရဲမြဲေတမႈနဲ႔ ႐ုန္းကန္ေနရတဲ့လူဦးေရအမ်ားအျပားရွိၿပီး စစ္ေရးအရ မွား ယြင္းတဲ့လုပ္ရပ္တစ္ခုခုရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကိုကာကြယ္ဖို႔ သူတို႔မွာ အင္အားမရွိသေလာက္ ပါပဲ။ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ပါဗက္ဇ္ဟြတ္ဘြိဳင္း က “သေဘာတူညီခ်က္ကို႐ုပ္သိမ္းတာဟာ စစ္ပြဲ ကို ဖိတ္ေခၚတာနဲ႔အတူတူပဲ။ န်ဴကလီးယားလက္နက္ပိုင္ဆိုင္တဲ့ႏွစ္ႏိုင္ငံစလုံးက မႏိုင္ႏိုင္တဲ့စစ္ပြဲမ်ိဳး” လို႔ သုံးသပ္ခဲ့တယ္။

ဧၿပီလ (၂၄)ရက္ အစည္းအေဝးအၿပီး သတင္းစာရွင္းလင္းပြဲမွာ ပါကစၥတန္က အိႏၵိယကိုတုံ႔ ျပန္သြားမယ့္အစီအမံေတြကို ျပင္းထန္တဲ့စကားလုံးေတြသုံးၿပီးေၾကညာခဲ့တယ္။ အဲဒီထဲမွာ ဗီဇာနဲ႔ ကုန္ သြယ္ေရးရပ္ဆိုင္းတာ၊ သံတမန္ေတြကိုႏွင္ထုတ္တာနဲ႔ ပါကစၥတန္ေလေၾကာင္းပိုင္နက္ကို အိႏၵိယ ေလ ယာဥ္ေတြအတြက္ ပိတ္လိုက္တာေတြပါဝင္တယ္။

အဲဒီတိုက္ခိုက္မႈျဖစ္ပြားခ်ိန္မွာ အိႏၵိယက အေမရိကန္ဒုတိယသမၼတ ေဂ်ဒီဗန႔္စ္ကို လက္ခံေတြ႕ ဆုံေနတဲ့အခ်ိန္ျဖစ္ၿပီး သူက အိႏၵိယနဲ႔ ကာကြယ္ေရးဆိုင္ရာဆက္ဆံေရးေတြတိုးျမႇင့္ဖို႔နဲ႔ တ႐ုတ္ႏိုင္ငံကို တန္ျပန္တဲ့ေနရာမွာ အိႏၵိယကို အဓိကမဟာမိတ္တစ္ဦးအျဖစ္သတ္မွတ္ဖို႔ ေရာက္ရွိေနတာပါ။ သမိုင္း ေၾကာင္းအရ ဝါရွင္တန္ဟာ အိႏၵိယနဲ႔ပါကစၥတန္ၾကား ရန္လိုမႈေတြကိုထိန္းခ်ဳပ္ရာမွာ အဓိကေနရာက ပါဝင္ခဲ့တယ္။ ဒါေပမဲ့ ဒီတစ္ခါမွာေတာ့ အိႏၵိယဟာ အေမ ရိကန္ထိပ္တန္းေခါင္းေဆာင္ေတြရဲ႕ ေထာက္ခံ မႈကို အျပည့္အဝရထားပုံရတယ္။ အေမရိကန္ႏိုင္ငံျခားေရးဌာနက ဧၿပီလ (၂၇)ရက္မွာ ဒီတိုက္ခိုက္မႈနဲ႔ ပတ္သက္ လို႔ “တာဝန္သိတဲ့ ေျဖရွင္းခ်က္”တစ္ခုရရွိဖို႔ ႏွစ္ႏိုင္ငံ စလုံးကိုတိုက္တြန္းေနတယ္လို႔ ေျပာၾကားခဲ့တယ္။ အေမရိကန္အစိုးရက အဲဒီတိုက္ခိုက္မႈအၿပီး အိႏၵိယ ကိုေထာက္ခံေၾကာင္းေျပာၾကားခဲ့ ေပမယ့္ ပါကစၥတန္ကိုေတာ့ လူသိရွင္ၾကား ေဝဖန္ခဲ့ျခင္းမရွိပါဘူး။

အခ်ဳပ္အားျဖင့္ဆိုရရင္ အတိတ္သမိုင္းမွာလို သူတို႔ႏွစ္ႏိုင္ငံအၾကား တင္းမာမႈေတြကိုေလွ်ာ့ခ်ဖို႔ သိသာထင္ရွားတဲ့ ႏိုင္ငံတကာရဲ႕ဖိအားေပးမႈမရွိရင္ ဒီတစ္ခါမွာေတာ့ ႏွစ္ဖက္စလုံးက န်ဴကလီးယား တင္းမာမႈဆီ ဦးတည္သြားႏိုင္ပါတယ္။ အဲဒီလိုသာဆို ဒီပဋိပကၡရဲ႕အက်ိဳးဆက္က သူတို႔ရဲ႕စီးပြားေရး အေပၚ ဆိုးဆိုး႐ြား႐ြားသက္ေရာက္မႈေတြရွိလာႏိုင္တာမို႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းအေျဖရွာဖို႔ ႏွစ္ဖက္စလုံးက ႀကိဳးပမ္းသင့္ ပါေၾကာင္းေရးသားလိုက္ရပါတယ္။

Related news

© 2021. All rights reserved.