မဲခေါင်မြစ်သည် တရားမဝင်လုပ်ငန်းများဖွံ့ဖြိုးရာ အန္တရာယ်ဇုန်တစ်ခုဖြစ်လာနေပြီး ဒေသအတွင်းနိုင်ငံများ အတူတကွ ပူးပေါင်းတိုက်ဖျက်ရန်လိုအပ်နေဟု Crisis group အဖွဲ့ပြော

948

ဂျန်ဇက် (NP News) - သြဂုတ် ၂၁
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် နှင့် လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်တို့အကြား ဖြတ်သန်းစီးဆင်းနေသော မဲခေါင်မြစ် သည် မကြာသေးမီနှစ်များအတွင်း တရားမဝင်လုပ်ငန်းများ ဖွံ့ဖြိုးရှင်သန်ရာ ဘုံအန္တရာယ်ဇုန်တစ်ခုဖြစ်လာခဲ့ ကြောင်း၊ နိုင်ငံတကာသုတေသီအဖွဲ့စည်းတစ်ခုဖြစ်သော Crisis group အဖွဲ့က ဖော်ပြထားသည်။
၎င်းတို့သည် နှစ်နိုင်ငံလုံး၏ အုပ်ချုပ်ရေးအာဏာပိုင်များလက်မှ လွတ်မြောက်နေသော မှောင်ခိုလုပ်ငန်းများလည်း ဖြစ်သည်။ မည်သူ့စည်းကြပ်မှုအောက်တွင်မှ ရှိမနေသော လောင်းကစားရုံများ၊ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် တင်ပို့ဖြန့်ဖြူးမှု၊ အွန်လိုင်းမှတစ်ဆင့် ငွေလိမ်လုပ်ငန်းများနှင့် တရားမဝင် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းကုန်သွယ်မှု အစရှိသည့်တရားမဝင်သည့်လုပ်ငန်းများသည် မဲခေါင်မြစ်ဝှမ်းဒေသကို အခြေပြု၍ လှုပ်ရှားနေကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကြောင့်ပင် ဒေသတွင်း အကျင့်ပျက်ခြစားမှုများကို အမြစ်တွယ်နေပြီး တရားမဝင်လုပ်ငန်းများ နောက်ကွယ်က ရာဇဝတ်ဂိုဏ်းများ၊ ကွန်ယက်များ၏ လက်တံသည် ဒေသတွင်းနိုင်ငံများသို့သာမက တစ်ကမ္ဘာလုံး သို့ ဆန့်တန်းနိုင်စွမ်းရှိနေကြောင်း သိရသည်။
ထို့ပြင် သက်ဆိုင်ရာအာဏာပိုင်များ မဖမ်းမိနိုင်စေရန် ၎င်းတို့လုပ်ငန်းများကို တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူရွှေ့ပြောင်းနိုင်စွမ်းလည်း ရှိနေကြောင်း၊ ၎င်းပြဿနာများကို ဖြေရှင်းရန်မှာ ဒေသတွင်းနိုင်ငံများ အကြား ညှိနှိုင်းဆောင်ရွက်မှုက အရေးကြီးလျက်ရှိနေကြောင်း Crisis group အဖွဲ့က ပြောသည်။
လက်ရှိတွင် ဒေသတွင်းနိုင်ငံများသည် တရားမဝင်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု နှင့် နောက်ကွယ်ကလုပ်ငန်းများ ကို တိုက်ဖျက်ရန် မိမိတို့၏ ကိုယ်ပိုင်စီရင်ခွင့်ယန္တရားများကိုသာ အလွန်အမင်း အားထားနေဆဲဖြစ်ရာ၎င်းတို့ကို ထိထိရောက်ရောက် တိုက်ဖျက်ရန်မှာ သက်ဆိုင်ရာအာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေ ကြောင်းသိရသည်။
မြန်မာ-လာအိုနယ်စပ်အဖြစ် တည်ရှိစီးဆင်းနေသောကီလိုမီတာ ၁ဝဝ ခန့် ရှည်လျားသည့် မဲခေါင်မြစ်ဝှမ်း ဒေသသည် ရှေးယခင်ကတည်းက တရားမဝင်ကုန်သွယ်မှု နှင့် စီးပွားရေးလုပ်ငန်းများ တွင်ကျယ်ခဲ့သောနေရာ ဖြစ်ပြီး၊ တရားဝင်ကုန်သွယ်မှု၊ အုပ်ချုပ်မှုအာဏာဗဟိုချက်မတို့နှင့် ဝေးလံခေါင်သီသောနေရာလည်း ဖြစ်သည်။
တရုတ်ပြည်နှင့် အရှေ့တောင်အာရှနိုင်ငံများကို ဆက်နွယ်ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်စင်းဖြစ်ရာ မကြာသေးမီ ဆယ်စုနှစ်များအတွင်း အစိုးရများက မဲခေါင်မြစ်ကို တရားဝင်ကုန်သွယ်ရေး လမ်းကြောင်းအဖြစ် အဓိကအားထားရန် မျှော်မှန်းခဲ့ကြောင်း သိရသည်။
ရာဇဝတ်မှုနှင့်မကင်းသော တရားမဝင်လုပ်ငန်းများ ကြီးထွားလာမှုကို ဟန့်တားရပ်တန့်လိုပါက အကျိုးစီးပွား သက်ဆိုင်သည့်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသည်ဟုလည်း Crisisgroup အဖွဲ့က ပြောသည်။
အများအားဖြင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် နိုင်ငံများသည် လုံခြုံရေးရှုထောင့် (သို့မဟုတ်) ပါဝင်သူများကို ဖမ်းဆီးထောင်ချလိုက်ရုံဖြင့် အကုန်ပြေလည်ပြီဆိုသည့် ရှုထောင့်က ချဉ်းကပ်လေ့ရှိ ကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းက အနာကို ဆေးမြီးတိုနှင့် ကုသသကဲ့သို့ဖြစ်ပြီး အုပ်ချုပ်မှုယန္တရား အားနည်း ခြင်းနှင့် လာဘ်စားမှုထူပြောခြင်း၊ အချို့ဒေသန္တရအာဏာပိုင်များ၏ တရားမဝင်လုပ်ငန်းများ နှင့် လက်ပွန်းတသီး ရှိခြင်း စသည့် ပြဿနာ၏ အခြေခံကျသော အကြောင်းအရင်းကိုဖြေရှင်းရာ မရောက်ဘဲဖြစ်နေကြောင်း Crisisgroup အဖွဲ့က ဆိုသည်။

Zawgyi Version;
မဲေခါင္ျမစ္သည္ တရားမဝင္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးရာ အႏၲရာယ္ဇုန္တစ္ခုျဖစ္လာေနၿပီး ေဒသအတြင္းႏိုင္ငံမ်ား အတူတကြ ပူးေပါင္းတိုက္ဖ်က္ရန္လိုအပ္ေနဟု Crisis group အဖြဲ႕ ေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၁
ျမန္မာႏိုင္ငံ၊ ရွမ္းျပည္နယ္ ႏွင့္ လာအိုႏိုင္ငံ၊ ဘိုကီယိုျပည္နယ္တို႔အၾကား ျဖတ္သန္းစီးဆင္းေနေသာ မဲေခါင္ျမစ္ သည္ မၾကာေသးမီႏွစ္မ်ားအတြင္း တရားမဝင္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးရွင္သန္ရာ ဘုံအႏၲရာယ္ဇုန္တစ္ခုျဖစ္လာခဲ့ ေၾကာင္း၊ ႏိုင္ငံတကာသုေတသီအဖြဲ႕စည္းတစ္ခုျဖစ္ေသာ Crisis group အဖြဲ႕က ေဖာ္ျပထားသည္။
၎တို႔သည္ ႏွစ္ႏိုင္ငံလုံး၏ အုပ္ခ်ဳပ္ေရးအာဏာပိုင္မ်ားလက္မွ လြတ္ေျမာက္ေနေသာ ေမွာင္ခိုလုပ္ငန္းမ်ားလည္း ျဖစ္သည္။ မည္သူ႔စည္းၾကပ္မႈေအာက္တြင္မွ ရွိမေနေသာ ေလာင္းကစား႐ုံမ်ား၊ ေငြေၾကးခဝါခ်မႈ၊ မူးယစ္ေဆးဝါး ထုတ္လုပ္မႈႏွင့္ တင္ပို႔ျဖန႔္ျဖဴးမႈ၊ အြန္လိုင္းမွတစ္ဆင့္ ေငြလိမ္လုပ္ငန္းမ်ားႏွင့္ တရားမဝင္ ေတာ႐ိုင္းတိရစာၦန္ အစိတ္အပိုင္းကုန္သြယ္မႈ အစရွိသည့္တရားမဝင္သည့္လုပ္ငန္းမ်ားသည္ မဲေခါင္ျမစ္ဝွမ္းေဒသကို အေျချပဳ၍ လႈပ္ရွားေနေၾကာင္း သိရသည္။
အဆိုပါလုပ္ငန္းမ်ားေၾကာင့္ပင္ ေဒသတြင္း အက်င့္ပ်က္ျခစားမႈမ်ားကို အျမစ္တြယ္ေနၿပီး တရားမဝင္လုပ္ငန္းမ်ား ေနာက္ကြယ္က ရာဇဝတ္ဂိုဏ္းမ်ား၊ ကြန္ယက္မ်ား၏ လက္တံသည္ ေဒသတြင္းႏိုင္ငံမ်ားသို႔သာမက တစ္ကမာၻလုံး သို႔ ဆန႔္တန္းႏိုင္စြမ္းရွိေနေၾကာင္း သိရသည္။
ထို႔ျပင္ သက္ဆိုင္ရာအာဏာပိုင္မ်ား မဖမ္းမိႏိုင္ေစရန္ ၎တို႔လုပ္ငန္းမ်ားကို တစ္ေနရာမွ တစ္ေနရာသို႔ အလြယ္တကူေ႐ႊ႕ေျပာင္းႏိုင္စြမ္းလည္း ရွိေနေၾကာင္း၊ ၎ျပႆနာမ်ားကို ေျဖရွင္းရန္မွာ ေဒသတြင္းႏိုင္ငံမ်ား အၾကား ညႇိႏႈိင္းေဆာင္႐ြက္မႈက အေရးႀကီးလ်က္ရွိေနေၾကာင္း Crisis group အဖြဲ႕က ေျပာသည္။
လက္ရွိတြင္ ေဒသတြင္းႏိုင္ငံမ်ားသည္ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ရာဇဝတ္မႈ ႏွင့္ ေနာက္ကြယ္ကလုပ္ငန္းမ်ား ကို တိုက္ဖ်က္ရန္ မိမိတို႔၏ ကိုယ္ပိုင္စီရင္ခြင့္ယႏၲရားမ်ားကိုသာ အလြန္အမင္း အားထားေနဆဲျဖစ္ရာ၎တို႔ကို ထိထိေရာက္ေရာက္ တိုက္ဖ်က္ရန္မွာ သက္ဆိုင္ရာအာဏာပိုင္မ်ားအၾကား ပူးေပါင္းေဆာင္႐ြက္ရန္ လိုအပ္ေန ေၾကာင္းသိရသည္။
ျမန္မာ-လာအိုနယ္စပ္အျဖစ္ တည္ရွိစီးဆင္းေနေသာကီလိုမီတာ ၁ဝဝ ခန႔္ ရွည္လ်ားသည့္ မဲေခါင္ျမစ္ဝွမ္း ေဒသသည္ ေရွးယခင္ကတည္းက တရားမဝင္ကုန္သြယ္မႈ ႏွင့္ စီးပြားေရးလုပ္ငန္းမ်ား တြင္က်ယ္ခဲ့ေသာေနရာ ျဖစ္ၿပီး၊ တရားဝင္ကုန္သြယ္မႈ၊ အုပ္ခ်ဳပ္မႈအာဏာဗဟိုခ်က္မတို႔ႏွင့္ ေဝးလံေခါင္သီေသာေနရာလည္း ျဖစ္သည္။
တ႐ုတ္ျပည္ႏွင့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားကို ဆက္ႏြယ္ျဖတ္သန္းစီးဆင္းေနသည့္ ျမစ္တစ္စင္းျဖစ္ရာ မၾကာေသးမီ ဆယ္စုႏွစ္မ်ားအတြင္း အစိုးရမ်ားက မဲေခါင္ျမစ္ကို တရားဝင္ကုန္သြယ္ေရး လမ္းေၾကာင္းအျဖစ္ အဓိကအားထားရန္ ေမွ်ာ္မွန္းခဲ့ေၾကာင္း သိရသည္။
ရာဇဝတ္မႈႏွင့္မကင္းေသာ တရားမဝင္လုပ္ငန္းမ်ား ႀကီးထြားလာမႈကို ဟန႔္တားရပ္တန႔္လိုပါက အက်ိဳးစီးပြား သက္ဆိုင္သည့္ႏိုင္ငံမ်ားအၾကား ပူးေပါင္းေဆာင္႐ြက္ရန္ အေရးႀကီးသည္ဟုလည္း Crisisgroup အဖြဲ႕က ေျပာသည္။
အမ်ားအားျဖင့္ နယ္စပ္ျဖတ္ေက်ာ္ရာဇဝတ္မႈမ်ားကို တိုက္ဖ်က္ရာတြင္ ႏိုင္ငံမ်ားသည္ လုံၿခဳံေရးရႈေထာင့္ (သို႔မဟုတ္) ပါဝင္သူမ်ားကို ဖမ္းဆီးေထာင္ခ်လိုက္႐ုံျဖင့္ အကုန္ေျပလည္ၿပီဆိုသည့္ ရႈေထာင့္က ခ်ဥ္းကပ္ေလ့ရွိ ေၾကာင္း၊ ယင္းသို႔ေဆာင္႐ြက္ျခင္းက အနာကို ေဆးၿမီးတိုႏွင့္ ကုသသကဲ့သို႔ျဖစ္ၿပီး အုပ္ခ်ဳပ္မႈယႏၲရား အားနည္း ျခင္းႏွင့္ လာဘ္စားမႈထူေျပာျခင္း၊ အခ်ိဳ႕ေဒသႏၲရအာဏာပိုင္မ်ား၏ တရားမဝင္လုပ္ငန္းမ်ား ႏွင့္ လက္ပြန္းတသီး ရွိျခင္း စသည့္ ျပႆနာ၏ အေျခခံက်ေသာ အေၾကာင္းအရင္းကိုေျဖရွင္းရာ မေရာက္ဘဲျဖစ္ေနေၾကာင္း Crisisgroup အဖြဲ႕က ဆိုသည္။