ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏လုံခြုံရေးကို ရဲတပ်ဖွဲ့က တာဝန်ယူပေးမည်ဟု ကနဦး သိရ

 301

သန့်ဇင် (NP News) - အောက်တိုဘာ ၆
လာမည့်အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏လုံခြုံရေးကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့က တာဝန်ယူပေး မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက် အလက်များအရ သိရသည်။
ရွေးကောက်ပွဲအပိုင်း (၁)ကို လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင်စတင်ကျင်းပမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလနှင့် ရွေးကောက်ပွဲကာလတို့အတွက် လုံခြုံရေးလိုအပ်ချက် များလည်းရှိနေကြောင်း သိရသည်။
အဆိုပါအခြေအနေတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူမည်ဟု လာရောက် ဆက် သွယ်လာကြောင်း ဒီမိုကရက်တစ်ပါတီမှ ဒုတိယ ဥက္ကဋ္ဌဦးတင်ဆွေက ဆိုသည်။
“ကျွန်တော်တို့ပါတီရဲ့မြို့နယ်ရုံးကိုလာ ပြောသွားတယ်။ ရဲတပ်ဖွဲ့ကလေ။ လုံခြုံရေးတာဝန်ယူမယ် ဆိုရင်ပြောပါ တဲ့။ သူတို့အဲဒီလိုပြောပါတယ်။ ရဲတပ်ဖွဲ့ကပဲလာဆက်သွယ်တာ” ဦးတင်ဆွေက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေး ယူပေးမည်ဟု သိထားကြောင်း ပြည်သူ့ရှေ့ဆောင် ပါတီမှ ဒုတိယဥက္ကဋ္ဌဦးစောဟန်အေးကလည်း ဆို သည်။
“လုံခြုံရေးပိုင်းဆိုင်ရာကို တာဝန်ယူရမှာက ကျွန်တော်သိသလောက်တော့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ပေါ့နော်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကျွန်တော်တို့သွားမယ့်လမ်းကြောင်းတွေ စုရုံးဟောပြောမယ့် နေရာတွေ အဲဒါတွေကို ကျွန်တော် တို့က UEC တင် ရတာလေ။ UEC ကိုအဆင့်ဆင့်တင် ပြီးရင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြားပါတယ်။ အကြောင်းကြားပြီးတော့ လုံခြုံရေးလိုက်ယူနေတဲ့အစီ အစဉ်တွေလည်း စလုပ်ပေးနေပါတယ်”ဟု ဦးစော ဟန်အေးက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲအတွက် လုံခြုံရေးကို ဦးစားပေးဆောင် ရွက်မည်ကြား သိထားကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။
‘‘လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲအတွက် သူတို့လုံခြုံရေးကို ဦးစား ပေးဆောင်ရွက်မယ် လို့တော့ကြားတယ်။ ဘယ်လို ဆောင်ရွက်ပေးမလဲဆိုတာတော့ သေးစိတ်တော့ မသိရသေးဘူး” ၎င်းကပြောသည်။
ပါတီစုံအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေကို ပြီးခဲ့သည့် ဇူလိုင်လ (၂၉) ရက်က ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေပြဋ္ဌာန်းထားသည့်အတွက် ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်း ရုံးခြင်းများတွင် လုံခြုံရေးတောင်းခံနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆို ခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဆိုသည်။
‘‘လုံခြုံရေးပိုင်းဆိုင်ရာကိုတော့ ကျွန်တော်တို့ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးသူများကို အရေး ယူတဲ့ ဥပဒေပြဋ္ဌာန်းပေးပြီးသား ဖြစ်ပါတယ်ခင်ဗျ။ အဲဒီမှာ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ နယ်မြေခံတို့ မဲဆွယ် စည်းရုံးတာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် အရင်တုန်း ကလည်း တရားဝင်တောင်းဆိုပိုင်ခွင့်ရှိတယ်။ ဒီတစ်ခါကျတော့ သေသေ ချာချာကို သူတို့လုပ်ပေးမယ်ဆိုတဲ့ Highlight လုပ်ပြီးပြဋ္ဌာန်း ထားတာတွေ့ရတယ်။ ဒီအတွက်ကြောင့်မို့လို့ နိုင်ငံရေး ပါတီတွေအနေနဲ့ ဒီဥပဒေကိုကြေညက်စွာ ဖတ်ပြီးတော့ မြို့နယ်တိုင်းမှာရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အဖွဲ့ တွေရှိပါတယ်။ သူတို့ဆီကို ကိုယ်နယ်မြေဆင်းမယ့်ဟာကို ခွင့်တောင်းခံရင်းကနေ ပြီးတော့ အဲဒီလုံခြုံရေးကိုလည်းပဲ ပေးဖို့အတွက် တင်ပြတောင်းဆိုမယ်ဆိုရင်တော့ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ချိတ်ဆက်ပြီး တော့ဆောင်ရွက်ပေး လိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။
အောက်တိုဘာ (၂) ရက်ကလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ရခိုင် ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏လုံၿခဳံေရးကို ရဲတပ္ဖြဲ႕က တာဝန္ယူေပးမည္ဟု ကနဦး သိရ
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၆
လာမည့္အေထြေထြေ႐ြးေကာက္ပြဲအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏လုံၿခဳံေရးကို ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕က တာဝန္ယူေပး မည္ျဖစ္ေၾကာင္း ႏိုင္ငံေရးပါတီမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္ အလက္မ်ားအရ သိရသည္။
ေ႐ြးေကာက္ပြဲအပိုင္း (၁)ကို လာမည့္ ဒီဇင္ဘာလ (၂၈) ရက္တြင္စတင္က်င္းပမည္ျဖစ္ၿပီး ပါဝင္ယွဥ္ၿပိဳင္မည့္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းမ်ားအေနျဖင့္ မဲဆြယ္စည္း႐ုံးေရးကာလႏွင့္ ေ႐ြးေကာက္ပြဲကာလတို႔အတြက္ လုံၿခဳံေရးလိုအပ္ခ်က္ မ်ားလည္းရွိေနေၾကာင္း သိရသည္။
အဆိုပါအေျခအေနတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏လုံၿခဳံေရးကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က တာဝန္ယူမည္ဟု လာေရာက္ ဆက္ သြယ္လာေၾကာင္း ဒီမိုကရက္တစ္ပါတီမွ ဒုတိယ ဥကၠ႒ဦးတင္ေဆြက ဆိုသည္။
“ကြၽန္ေတာ္တို႔ပါတီရဲ႕ၿမိဳ႕နယ္႐ုံးကိုလာ ေျပာသြားတယ္။ ရဲတပ္ဖြဲ႕ကေလ။ လုံၿခဳံေရးတာဝန္ယူမယ္ ဆိုရင္ေျပာပါ တဲ့။ သူတို႔အဲဒီလိုေျပာပါတယ္။ ရဲတပ္ဖြဲ႕ကပဲလာဆက္သြယ္တာ” ဦးတင္ေဆြက ေျပာသည္။
လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏ လုံၿခဳံေရးအတြက္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က လုံၿခဳံေရး ယူေပးမည္ဟု သိထားေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ ပါတီမွ ဒုတိယဥကၠ႒ဦးေစာဟန္ေအးကလည္း ဆို သည္။
“လုံၿခဳံေရးပိုင္းဆိုင္ရာကို တာဝန္ယူရမွာက ကြၽန္ေတာ္သိသေလာက္ေတာ့ ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕ေပါ့ေနာ္။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို ကြၽန္ေတာ္တို႔သြားမယ့္လမ္းေၾကာင္းေတြ စု႐ုံးေဟာေျပာမယ့္ ေနရာေတြ အဲဒါေတြကို ကြၽန္ေတာ္ တို႔က UEC တင္ ရတာေလ။ UEC ကိုအဆင့္ဆင့္တင္ ၿပီးရင္ ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕ကိုလည္း အေၾကာင္းၾကားပါတယ္။ အေၾကာင္းၾကားၿပီးေတာ့ လုံၿခဳံေရးလိုက္ယူေနတဲ့အစီ အစဥ္ေတြလည္း စလုပ္ေပးေနပါတယ္”ဟု ဦးေစာ ဟန္ေအးက ေျပာသည္။
လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ ေ႐ြးေကာက္ပြဲအတြက္ လုံၿခဳံေရးကို ဦးစားေပးေဆာင္ ႐ြက္မည္ၾကား သိထားေၾကာင္း ရွမ္းႏွင့္တိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ(က်ားျဖဴ)မွ တာဝန္ရွိ သူတစ္ဦးက ဆိုသည္။
‘‘လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြနဲ႔ ေ႐ြးေကာက္ပြဲအတြက္ သူတို႔လုံၿခဳံေရးကို ဦးစား ေပးေဆာင္႐ြက္မယ္ လို႔ေတာ့ၾကားတယ္။ ဘယ္လို ေဆာင္႐ြက္ေပးမလဲဆိုတာေတာ့ ေသးစိတ္ေတာ့ မသိရေသးဘူး” ၎ကေျပာသည္။
ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရး ဥပေဒကို ၿပီးခဲ့သည့္ ဇူလိုင္လ (၂၉) ရက္က ျပ႒ာန္းခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဥပေဒျပ႒ာန္းထားသည့္အတြက္ ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ မဲဆြယ္စည္း ႐ုံးျခင္းမ်ားတြင္ လုံၿခဳံေရးေတာင္းခံႏိုင္ေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆို ခြင့္ရွိသူ ဦးသိန္းထြန္းဦးက ဆိုသည္။
‘‘လုံၿခဳံေရးပိုင္းဆိုင္ရာကိုေတာ့ ကြၽန္ေတာ္တို႔ ေ႐ြးေကာက္ပြဲကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးသူမ်ားကို အေရး ယူတဲ့ ဥပေဒျပ႒ာန္းေပးၿပီးသား ျဖစ္ပါတယ္ခင္ဗ်။ အဲဒီမွာ ကိုယ္စားလွယ္ေလာင္းေတြ အေနနဲ႔ နယ္ေျမခံတို႔ မဲဆြယ္ စည္း႐ုံးတာပဲျဖစ္ျဖစ္ ဘာျဖစ္ျဖစ္ အရင္တုန္း ကလည္း တရားဝင္ေတာင္းဆိုပိုင္ခြင့္ရွိတယ္။ ဒီတစ္ခါက်ေတာ့ ေသေသ ခ်ာခ်ာကို သူတို႔လုပ္ေပးမယ္ဆိုတဲ့ Highlight လုပ္ၿပီးျပ႒ာန္း ထားတာေတြ႕ရတယ္။ ဒီအတြက္ေၾကာင့္မို႔လို႔ ႏိုင္ငံေရး ပါတီေတြအေနနဲ႔ ဒီဥပေဒကိုေၾကညက္စြာ ဖတ္ၿပီးေတာ့ ၿမိဳ႕နယ္တိုင္းမွာရွိတဲ့ ေ႐ြးေကာက္ပြဲဆိုင္ရာ လုံၿခဳံေရး အဖြဲ႕ ေတြရွိပါတယ္။ သူတို႔ဆီကို ကိုယ္နယ္ေျမဆင္းမယ့္ဟာကို ခြင့္ေတာင္းခံရင္းကေန ၿပီးေတာ့ အဲဒီလုံၿခဳံေရးကိုလည္းပဲ ေပးဖို႔အတြက္ တင္ျပေတာင္းဆိုမယ္ဆိုရင္ေတာ့ သက္ဆိုင္ရာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕နဲ႔ခ်ိတ္ဆက္ၿပီး ေတာ့ေဆာင္႐ြက္ေပး လိမ့္မယ္လို႔ ကြၽန္ေတာ္ျမင္ပါတယ္”ဟု ဦးသိန္းထြန္းဦးက ေျပာသည္။
ေအာက္တိုဘာ (၂) ရက္ကလည္း ရခိုင္ျပည္နယ္အစိုးရအဖြဲ႕႐ုံး၌ က်င္းပသည့္ ပါတီစုံ ဒီမိုကေရစီ အေထြ ေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာ က်င္းပႏိုင္ေရး ညႇိႏႈိင္းအစည္းအေဝးတြင္ ရခိုင္ ျပည္နယ္အတြင္း ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာ ႀကီးၾကပ္မႈ ေကာ္မတီမ်ား ဖြဲ႕စည္းတာဝန္ေပးအပ္ထားၿပီးျဖစ္ေၾကာင္း ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.