စေ့စပ်ညှိနှိုင်းမှုတွေ ကျရှုံးခဲ့မယ်ဆိုရင် ဂါဇာမှာစစ်ဆင်ရေးတွေ ပြန်လည်စတင်သွားမယ်လို့ အစ္စရေးစစ်ဘက် သတိပေး

258

Pika (NP News) - အောက်တိုဘာ ၆
အစ္စရေးဓါးစာခံများ ပြန်လွှတ်ပေးရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ မအောင်မြင်ပါက အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ခိုက်မှုတွေကို ပြန်လည်လုပ်ဆောင်သွားမယ်လို့ အစ္စရေးစစ်တပ်အကြီးအကဲက သတိပေးပြောဆိုခဲ့ပါတယ်။
အစ္စရေးစစ်တပ်အကြီးအကဲ Eyal Zamir က “လောလောဆယ်မှာ အပစ်အခတ်ရပ်စဲရေးတော့မရှိသေးပေမယ့် စစ်ဆင်ရေးဆိုင်ရာအခြေအနေတွေက ပြောင်းလဲသွားနိုင်ပါတယ်။ ဓါးစာခံတွေ ပြန်လွှတ်ပေးရေးဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေ မအောင်မြင်ခဲ့ဘူးဆိုရင် ဂါဇာကမ်းမြောင်ဒေသမှာ ထိုးစစ်ဆင်မှုတွေကို ပြန်လည်လုပ်ဆောင်သွားမှာပါ။ အကယ်၍ စေ့စပ်ညှိနှိုင်းမှုတွေ အောင်မြင်ခဲ့တယ်ဆိုရင်တော့ နိုင်ငံရေးအဆင့်နဲ့ စစ်ဆင်ရေးအဆင့်တွေ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့အစ္စရေးဓါးစာခံတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ လွှဲပြောင်းပေးမှုဆိုင်ရာအသေးစိတ်အချက်အလက်တွေကိုဆွေးနွေးဖို့အတွက် ပြင်ဆင်ထားတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာမှာ Eyal Zamir ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသကို လွတ်လပ်တဲ့ပါလက်စတိုင်းအဖွဲ့ထံ လွှဲပြောင်းပေးဖို့ အဆင်သင့် ရှိတယ်လို့လည်း ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေစ့စပ္ညႇိႏႈိင္းမႈေတြ က်ရႈံးခဲ့မယ္ဆိုရင္ ဂါဇာမွာစစ္ဆင္ေရးေတြ ျပန္လည္စတင္သြားမယ္လို႔ အစၥေရးစစ္ဘက္ သတိေပး
Pika (NP News) - ေအာက္တိုဘာ ၆
အစၥေရးဓါးစာခံမ်ား ျပန္လႊတ္ေပးေရးဆိုင္ရာ ေဆြးေႏြးညႇိႏႈိင္းမႈမ်ား မေအာင္ျမင္ပါက အစၥေရးစစ္တပ္ဟာ ဂါဇာကမ္းေျမာင္ေဒသမွာ တိုက္ခိုက္မႈေတြကို ျပန္လည္လုပ္ေဆာင္သြားမယ္လို႔ အစၥေရးစစ္တပ္အႀကီးအကဲက သတိေပးေျပာဆိုခဲ့ပါတယ္။
အစၥေရးစစ္တပ္အႀကီးအကဲ Eyal Zamir က “ေလာေလာဆယ္မွာ အပစ္အခတ္ရပ္စဲေရးေတာ့မရွိေသးေပမယ့္ စစ္ဆင္ေရးဆိုင္ရာအေျခအေနေတြက ေျပာင္းလဲသြားႏိုင္ပါတယ္။ ဓါးစာခံေတြ ျပန္လႊတ္ေပးေရးဆိုင္ရာေဆြးေႏြးညႇိႏႈိင္းမႈေတြ မေအာင္ျမင္ခဲ့ဘူးဆိုရင္ ဂါဇာကမ္းေျမာင္ေဒသမွာ ထိုးစစ္ဆင္မႈေတြကို ျပန္လည္လုပ္ေဆာင္သြားမွာပါ။ အကယ္၍ ေစ့စပ္ညႇိႏႈိင္းမႈေတြ ေအာင္ျမင္ခဲ့တယ္ဆိုရင္ေတာ့ ႏိုင္ငံေရးအဆင့္နဲ႔ စစ္ဆင္ေရးအဆင့္ေတြ တစ္မ်ိဳးတစ္ဖုံေျပာင္းလဲသြားႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသမွာ ဖမ္းဆီးထိန္းသိမ္းထားတဲ့အစၥေရးဓါးစာခံေတြအားလုံးကို ျပန္လႊတ္ေပးဖို႔နဲ႔ လႊဲေျပာင္းေပးမႈဆိုင္ရာအေသးစိတ္အခ်က္အလက္ေတြကိုေဆြးေႏြးဖို႔အတြက္ ျပင္ဆင္ထားတယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ Eyal Zamir ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသကို လြတ္လပ္တဲ့ပါလက္စတိုင္းအဖြဲ႕ထံ လႊဲေျပာင္းေပးဖို႔ အဆင္သင့္ ရွိတယ္လို႔လည္း ဟားမက္လက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။