မြန်မာနိုင်ငံသားများ ငွေလွှဲမှုအဆင်ပြေစေဖို့အတွက် ထိုင်းဘဏ် နဲ့ မြန်မာကမ္ဘောဇဘဏ်တို့ ပူးပေါင်းဆောင်ရွက်

 2816

ဂျန်ဇက် (NP News) – ဩဂုတ် ၂၃

မြန်မာနိုင်ငံရှိ Mobile Wallet များထဲမှာ အသုံးပြုရလွယ်ကူအဆင်ပြေဆုံးဖြစ်တဲ့ KBZPay ဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဘဏ်လုပ်ငန်းတစ်ခုဖြစ်တဲ့ K Bank နဲ့ ပူးပေါင်းလိုက်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ထူးခြားတဲ့ Cross Border ဒစ်ဂျစ်တယ် ငွေလွှဲခြင်းအတွေ့ အကြုံကိုပေးဆောင်ဖို့ ရည်ရွယ်တဲ့အပြင် စမတ်ကျလွယ်ကူလုံခြုံသော ဒစ်ဂျစ်တယ်လုပ်ငန်းစဉ်ကို အသုံးပြုပြီး မြန်မာနိုင်ငံရှိ မိသားစု (သို့မဟုတ်) မိတ်ဆွေသူငယ်ချင်းများထံသို့ အချိန်နှင့်တပြေးညီ တိုက်ရိုက်ငွေလွှဲနိုင်တော့မှာ ဖြစ်ပါတယ်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများဟာ မြန်မာနိုင်ငံရှိ မိသားစုများထံ ကို ငွေလွှဲတဲ့အခါ လူကိုယ်တိုင် ဘဏ်သို့ သွားစရာမလိုတော့ဘဲ K Plus Mobile Banking ကတစ်ဆင့် KBZPay ကို တိုက်ရိုက်ငွေလွှဲနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

K Plus Mobile Banking App ကတစ်ဆင့် မြန်မာနိုင်ငံရှိ မိသားစုဝင်များရဲ့ KBZPay Mobile Wallet ထဲကို ငွေလွှဲရာမှာလည်း လုံခြုံစိတ်ချရပြီး စမတ်ကျသည့် ဒစ်ဂျစ်တယ်လုပ်ငန်းစဉ်တို့ကြောင့် တိုက်ရိုက်ငွေလွှဲပို့တဲ့အခါ မှာ ယခင်ကထက် ပိုမိုလွယ်ကူအဆင်ပြေလာမည်ဖြစ်ပြီး Smart Phone ကတစ်ဆင့် အချိန်နေရာမရွေး လုပ်ဆောင် နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၁၆ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်အတွင်း K PLUS နဲ့ KBZPay တို့ကို ငွေလွှဲခ အခမဲ့ဖြင့် ငွေလွှဲပေးပို့နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရှိ ငွေလက်ခံသူတွေဟာ K PLUS ကနေ လွှဲပို့ငွေများကို KBZPay ရဲ့ Transaction Message (သို့) မှတ်တမ်းကတစ်ဆင့်ဝင်ရောက်စစ်ဆေးနိုင်ပြီး KBZPay အကောင့်ထဲမှာ တစ်ရက်ကို အများဆုံး မြန်မာငွေကျပ် ၅ဝဝဝဝဝဝ ထိ ငွေလွှဲ လက်ခံနိုင်မှာဖြစ်ကြောင်း၊ ငွေလွှဲ လက်ခံမယ့် KBZPay အကောင့်ဟာ အဆင့် ၂ (level 2) ရှိရန်လိုအပ်ကြောင်း ကမ္ဘောဇဘဏ်က သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံသားမ်ား ေငြလႊဲမႈအဆင္ေျပေစဖို႔အတြက္ ထိုင္းဘဏ္ နဲ႔ ျမန္မာကေမာၻဇဘဏ္တို႔ ပူးေပါင္းေဆာင္႐ြက္
ဂ်န္ဇက္ (NP News) – ဩဂုတ္ ၂၃

ျမန္မာႏိုင္ငံရွိ Mobile Wallet မ်ားထဲမွာ အသုံးျပဳရလြယ္ကူအဆင္ေျပဆုံးျဖစ္တဲ့ KBZPay ဟာ ထိုင္းႏိုင္ငံရဲ႕ ထိပ္တန္းဘဏ္လုပ္ငန္းတစ္ခုျဖစ္တဲ့ K Bank နဲ႔ ပူးေပါင္းလိုက္ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။

ထိုင္းႏိုင္ငံရွိ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ ထူးျခားတဲ့ Cross Border ဒစ္ဂ်စ္တယ္ ေငြလႊဲျခင္းအေတြ႕ အႀကဳံကိုေပးေဆာင္ဖို႔ ရည္႐ြယ္တဲ့အျပင္ စမတ္က်လြယ္ကူလုံၿခဳံေသာ ဒစ္ဂ်စ္တယ္လုပ္ငန္းစဥ္ကို အသုံးျပဳၿပီး ျမန္မာႏိုင္ငံရွိ မိသားစု (သို႔မဟုတ္) မိတ္ေဆြသူငယ္ခ်င္းမ်ားထံသို႔ အခ်ိန္ႏွင့္တေျပးညီ တိုက္႐ိုက္ေငြလႊဲႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

အဆိုပါ ပူးေပါင္းေဆာင္႐ြက္မႈမ်ားေၾကာင့္ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားဟာ ျမန္မာႏိုင္ငံရွိ မိသားစုမ်ားထံ ကို ေငြလႊဲတဲ့အခါ လူကိုယ္တိုင္ ဘဏ္သို႔ သြားစရာမလိုေတာ့ဘဲ K Plus Mobile Banking ကတစ္ဆင့္ KBZPay ကို တိုက္႐ိုက္ေငြလႊဲႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။

K Plus Mobile Banking App ကတစ္ဆင့္ ျမန္မာႏိုင္ငံရွိ မိသားစုဝင္မ်ားရဲ႕ KBZPay Mobile Wallet ထဲကို ေငြလႊဲရာမွာလည္း လုံၿခဳံစိတ္ခ်ရၿပီး စမတ္က်သည့္ ဒစ္ဂ်စ္တယ္လုပ္ငန္းစဥ္တို႔ေၾကာင့္ တိုက္႐ိုက္ေငြလႊဲပို႔တဲ့အခါ မွာ ယခင္ကထက္ ပိုမိုလြယ္ကူအဆင္ေျပလာမည္ျဖစ္ၿပီး Smart Phone ကတစ္ဆင့္ အခ်ိန္ေနရာမေ႐ြး လုပ္ေဆာင္ ႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။

၂ဝ၂၃ ခုႏွစ္ ဩဂုတ္လ ၁၆ ရက္ကေန ေအာက္တိုဘာလ ၃၁ ရက္အတြင္း K PLUS နဲ႔ KBZPay တို႔ကို ေငြလႊဲခ အခမဲ့ျဖင့္ ေငြလႊဲေပးပို႔ႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံရွိ ေငြလက္ခံသူေတြဟာ K PLUS ကေန လႊဲပို႔ေငြမ်ားကို KBZPay ရဲ႕ Transaction Message (သို႔) မွတ္တမ္းကတစ္ဆင့္ဝင္ေရာက္စစ္ေဆးႏိုင္ၿပီး KBZPay အေကာင့္ထဲမွာ တစ္ရက္ကို အမ်ားဆုံး ျမန္မာေငြက်ပ္ ၅ဝဝဝဝဝဝ ထိ ေငြလႊဲ လက္ခံႏိုင္မွာျဖစ္ေၾကာင္း၊ ေငြလႊဲ လက္ခံမယ့္ KBZPay အေကာင့္ဟာ အဆင့္ ၂ (level 2) ရွိရန္လိုအပ္ေၾကာင္း ကေမာၻဇဘဏ္က သတင္းထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.