ရွေးကောက်ပွဲအစီအစဉ်ပြောင်းလဲမည်မဟုတ်ဟု ဘင်္ဂလားဒေ့ရှ် ယာယီခေါင်းဆောင် ယူနွတ်ပြော

 191

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၃
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ ခေါင်းဆောင် မူဟာမက်ယူနွတ်က ရွေးကောက်ပွဲကို လာမည့်နှစ်ဖေဖော်ဝါရီ လအတွင်း ကျင်းပမည့်အစီအစဉ် ပြောင်းလဲမည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ဒုတိယသီတင်း ပတ်အတွင်း ကျင်းပသွားဖွယ်ရှိနေကြောင်းပြောသည်။ ယူနွတ်သည် စက်တင်ဘာ (၁၁) ရက်က ရွေးကောက်ပွဲကော်မရှင် အဖွဲ့တာဝန်ရှိ သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယင်းကဲ့ သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယူနွတ်က ‘ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်းကျင်းပမယ်။ လိုအပ်တဲ့ ပြုပြင် ပြောင်းလဲမှုတွေကို အပြီးသတ် လုပ်ဆောင်သွားရမယ်။ ရွေးကောက်ပွဲကို ဖေဖော်ဝါရီလဒုတိယသီ တင်းပတ်အတွင်းကျင်းပဖို့ အစီအစဉ်မပြောင်း လဲဘူး’ ဟုပြောသည်။
ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း တရားမျှတစွာကျင်းပရမည်ဖြစ်ကြောင်း ယူနွတ်ကပြောသည်။ ယူနွတ်က ‘လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် အမျိုးသားရွေးကောက်ပွဲဟာ သာမန်ရွေးကောက်ပွဲ သက်သက်မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့အနာဂတ်အတွက် လမ်းပြ မြေပုံကိုပုံဖော်ပေးမယ့် အခြေခံကျတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်’ ဟု ပြောသည်။
ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် လာမည့် ရက်ပိုင်းအတွင်း နိုင်ငံရေးပါတီများ နှင့်တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်းသိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သော (၂၀၂၄) ခုနှစ်က တက္ကသိုလ် ကျောင်းသားများ ဦးဆောင်သည့်ဆန္ဒပြပွဲအတွင်းဝန်ကြီးချုပ် ရှိတ်ဟာစီနာဖြုတ်ချခံရပြီးနောက် ယူနွတ်ဦးဆောင်သော ယာယီအစိုးရအဖွဲ့ တာဝန်ယူခဲ့ကာနိုင်ငံအတွင်း ရွေးကောက်ပွဲကိုတစ်ကျော့ပြန်ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ပြုပြင် ပြောင်းလဲရေးသည် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့် သုံးခုထဲကတစ်ခု ဖြစ်ပြီး ရွေးကောက်ပွဲကို ဇူလိုင် ကြေညာစာတမ်းနှင့်အညီ တရားမျှတစွာကျင်းပမည်ဖြစ်ကြောင်း ယူနွတ်က ထပ်မံပြောဆိုခဲ့သည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲအစီအစဥ္ေျပာင္းလဲမည္မဟုတ္ဟု ဘဂၤလားေဒ့ရွ္ ယာယီေခါင္းေဆာင္ ယူႏြတ္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၃
ဘဂၤလားေဒ့ရွ္ ယာယီအစိုးရအဖြဲ႕ ေခါင္းေဆာင္ မူဟာမက္ယူႏြတ္က ေ႐ြးေကာက္ပြဲကို လာမည့္ႏွစ္ေဖေဖာ္ဝါရီ လအတြင္း က်င္းပမည့္အစီအစဥ္ ေျပာင္းလဲမည္မဟုတ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲကို ေဖေဖာ္ဝါရီလ ဒုတိယသီတင္း ပတ္အတြင္း က်င္းပသြားဖြယ္ရွိေနေၾကာင္းေျပာသည္။ ယူႏြတ္သည္ စက္တင္ဘာ (၁၁) ရက္က ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕တာဝန္ရွိ သူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ယင္းကဲ့ သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ယူႏြတ္က ‘ေ႐ြးေကာက္ပြဲကို စီစဥ္ထားတဲ့အတိုင္းက်င္းပမယ္။ လိုအပ္တဲ့ ျပဳျပင္ ေျပာင္းလဲမႈေတြကို အၿပီးသတ္ လုပ္ေဆာင္သြားရမယ္။ ေ႐ြးေကာက္ပြဲကို ေဖေဖာ္ဝါရီလဒုတိယသီ တင္းပတ္အတြင္းက်င္းပဖို႔ အစီအစဥ္မေျပာင္း လဲဘူး’ ဟုေျပာသည္။
ေ႐ြးေကာက္ပြဲကို ႏိုင္ငံတစ္ဝန္း တရားမွ်တစြာက်င္းပရမည္ျဖစ္ေၾကာင္း ယူႏြတ္ကေျပာသည္။ ယူႏြတ္က ‘လာမယ့္ ေဖေဖာ္ဝါရီလမွာ က်င္းပမယ့္ အမ်ိဳးသားေ႐ြးေကာက္ပြဲဟာ သာမန္ေ႐ြးေကာက္ပြဲ သက္သက္မဟုတ္ပါဘူး။ ဘဂၤလားေဒ့ရွ္ရဲ႕အနာဂတ္အတြက္ လမ္းျပ ေျမပုံကိုပုံေဖာ္ေပးမယ့္ အေျခခံက်တဲ့ ေ႐ြးေကာက္ပြဲလည္း ျဖစ္ပါတယ္’ ဟု ေျပာသည္။
ေ႐ြးေကာက္ပြဲေကာ္မရွင္သည္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ရန္အတြက္ လာမည့္ ရက္ပိုင္းအတြင္း ႏိုင္ငံေရးပါတီမ်ား ႏွင့္ေတြ႕ဆုံေဆြးေႏြး မည္ျဖစ္ေၾကာင္းသိရသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ၿပီးခဲ့ေသာ (၂၀၂၄) ခုႏွစ္က တကၠသိုလ္ ေက်ာင္းသားမ်ား ဦးေဆာင္သည့္ဆႏၵျပပြဲအတြင္းဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာျဖဳတ္ခ်ခံရၿပီးေနာက္ ယူႏြတ္ဦးေဆာင္ေသာ ယာယီအစိုးရအဖြဲ႕ တာဝန္ယူခဲ့ကာႏိုင္ငံအတြင္း ေ႐ြးေကာက္ပြဲကိုတစ္ေက်ာ့ျပန္က်င္းပရန္ စီစဥ္ခဲ့ျခင္း ျဖစ္သည္။ ျပဳျပင္ ေျပာင္းလဲေရးသည္ ဘဂၤလားေဒ့ရွ္ ယာယီအစိုးရအဖြဲ႕၏ လုပ္ပိုင္ခြင့္ သုံးခုထဲကတစ္ခု ျဖစ္ၿပီး ေ႐ြးေကာက္ပြဲကို ဇူလိုင္ ေၾကညာစာတမ္းႏွင့္အညီ တရားမွ်တစြာက်င္းပမည္ျဖစ္ေၾကာင္း ယူႏြတ္က ထပ္မံေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.