မည်သည့်နေရာတွင် မှားယွင်းကြောင်း သိရရန် ပယ်ဖျက်ခံပါတီ NDF က UEC ထံမှ စာရင်းတောင်းမည် ဟုဆို

 1919

Pearl (NP News) - စက်တင်ဘာ ၁၃
မည်သည့်နေရာတွင် မှားယွင်းကြောင်းသိရရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ထံမှ စာရင်း တောင်းမည်ဖြစ်ကြောင်း ပယ်ဖျက်ခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အင်အား စုပါတီ (NDF) မှ ဒုတိယဥက္ကဋ္ဌ ဦး ထက်အောင်ကျော်က NP News သို့ ပြောသည်။
NDF ပါတီသည် (၂၀၂၅) ခုနှစ် ဩဂုတ်လမှ စတင်ကာ ပါတီဝင်အင်အားစာရင်းကို စတင်ပေးပို့ခဲ့ရာတွင် ပြည့်မီခြင်းမရှိသည့်အပြင် နောက်ဆုံးရက်အထိ ထပ်မံစိစစ်တောင်းခံရာတွင်လည်း မပြည့်မီကြောင်းနှင့် ယင်းသို့ မပြည့် ကြောင်းကို ကော်မရှင်တွင် စိစစ်ထားသော အချက်အလက် စုံလင်စွာရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်(UEC) ၏ အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောသည်။
NDF ၏ ဩဂုတ်(၁၅)ရက်တွင် တင်ထားသည့် ပါတီဝင်အင်အားစာရင်းကို စိစစ်ခဲ့ရာ (၇၀ဝဝ)ကျော်သာ စာရင်းကိုက်ကာ ကျန်စာရင်းများသည် အချက်အလက်မပြည့်စုံခြင်း၊ ထပ်နေခြင်း စသည်တို့ ဖြစ်နေကြောင်း သိရသည်။
‘အချက်အလက်မပြည့်စုံတာတွေ၊ သေဆုံးနေတာတွေ၊ ထပ်နေတာတွေ။ မကိုက်ညီတာတွေ။ ကျွန်တော်တို့မှာ စာရင်းဇယားရှိပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒါကိုမခိုင်မာဘဲ ကျွန်တော်တို့ ဘယ်လိုလုပ်လို့ ရမှာလဲ။ ဒါတွေကို ကျွန်တော်တို့ရဲ့ Soft Copy တွေ ကအစ၊ E-Government ဌာနပေါ့လေ။ မဲစာရင်း ဌာနပေါ့။ ဒီဌာနကလည်း ဒီလိုစစ် တာပါ။ အင်အား တွေစစ်တယ်ဆို သဘောသဘာဝသိပ်မကွာတဲ့အ တွက် လွယ်ပါတယ်။ ကျွန်တော်တို့မှာ အဲဒီဆော့ဖ်ဝဲ တွေရှိတဲ့အတွက် မြန်မြန်ဆန်ဆန်စိစစ်ပေး နိုင်တာ ဖြစ်ပါတယ်။ ရက်တွေကတော့ တော်တော်ကပ် ပါတယ်’ ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦးက ပြော ကြားသည်။
ထို့နောက် ပါတီဝင်အင်အားစာရင်းကို စက်တင်ဘာလ (၂)ရက်တွင် (၃၀ဝဝဝ)ကျော်၊ စက်တင်ဘာလ (၅)ရက်တွင် (၂၀ဝဝဝ)ကျော်၊ နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် စက်တင်ဘာ(၇) ရက်တွင် (၁၂၀ဝဝ)ကျော်ပေးပို့ လာပြီး ယင်းစာရင်း များကို စက်တင်ဘာလ(၈)ရက်တွင်အပြီး စိစစ်ခဲ့သော်လည်း သတ်မှတ်အင်အားမပြည့်ခြင်းဖြစ် ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၏ ပြော ကြားချက်အရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၂၆)ရက်က UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံရာတွင် NDF မှ တာဝန်ရှိသူ(၂)ဦးကို ဖိတ်ခေါ်ခဲ့ရာ တစ်ဦးကို အစည်းအဝေးတက်စေခဲ့ပြီး ကျန်တစ်ဦးကို မဲစာရင်း ထပ်နေသော ကိစ္စများရှင်းလင်းသည့် နေရာသို့ တက်စေခဲ့ ကြောင်း ၎င်းကဆိုသည်။
ထို့ပြင့်နဃ အနေဖြင့် ပါတီဝင် အင်အား ပေးပို့ရန် တိုက်တွန်းနှိုးဆော်ခဲ့သည့်အပြင် ဆက်သွယ်ထားသည့် ဖုန်းမှတ်တမ်းလည်းရှိကြောင်း၊ အသေးစိတ်ရှင်းပြပေးရန် အသင့်ရှိကြောင်းလည်း ဦးခင်မောင်ဦးက ဆိုသည်။
‘ကျွန်တော်တို့က ကြေညာချက်အပေါ်မှာ UEC က ကြေညာချက်အပြီး နောက်ရက်မှာပဲ ကျွန်တော်တို့က အတွင်းရေး မှူးအဖွဲ့ဝင်ပေါ့။ ကိုမျိုးဆက်သွေးရယ် ကိုကျော်သီဟရယ် (၂)ယောက် သွားပါတယ်။ သွားပြီးတော့ ဘယ်နေရာတွေ ဘယ်လိုမှားသလဲပေါ့။ မှားတဲ့ဟာတွေက ဘယ်လိုမှားပြီး ဘယ်သူတွေမှန်သလဲပေါ့။ မှားတာတွေက ဘယ်လိုတွေမှား သွားလဲပေါ့။ မွေးသက္ကရာဇ် မပါတာတွေ ရှိတယ်ပေါ့။ သူတို့ကတော့ အကြမ်းဖျင်းပြောတာပေါ့။ အဲဒါတွေအကုန်လုံး လိုချင်ရင် ဒီအတိုင်းတော့ပေးလို့မရဘူး။ စာတင်ပြီး တောင်းရမယ်ပေါ့။ အဲဒါနဲ့ စာတင်ပြီး တောင်းမယ်’ ဟု NDF မှ ဒုတိယ ဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပါတီပယ်ဖျက်ခံရခြင်းနှင့်ပတ်သက်ပြီး ပြောသည်။

Zawgyi Version:
မည္သည့္ေနရာတြင္ မွားယြင္းေၾကာင္း သိရရန္ ပယ္ဖ်က္ခံပါတီ NDF က UEC ထံမွ စာရင္းေတာင္းမည္ ဟုဆို
Pearl (NP News) - စက္တင္ဘာ ၁၃
မည္သည့္ေနရာတြင္ မွားယြင္းေၾကာင္းသိရရန္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC)ထံမွ စာရင္း ေတာင္းမည္ျဖစ္ေၾကာင္း ပယ္ဖ်က္ခံပါတီျဖစ္ေသာ အမ်ိဳးသားဒီမိုကေရစီ အင္အား စုပါတီ (NDF) မွ ဒုတိယဥကၠ႒ ဦး ထက္ေအာင္ေက်ာ္က NP News သို႔ ေျပာသည္။
NDF ပါတီသည္ (၂၀၂၅) ခုႏွစ္ ဩဂုတ္လမွ စတင္ကာ ပါတီဝင္အင္အားစာရင္းကို စတင္ေပးပို႔ခဲ့ရာတြင္ ျပည့္မီျခင္းမရွိသည့္အျပင္ ေနာက္ဆုံးရက္အထိ ထပ္မံစိစစ္ေတာင္းခံရာတြင္လည္း မျပည့္မီေၾကာင္းႏွင့္ ယင္းသို႔ မျပည့္ ေၾကာင္းကို ေကာ္မရွင္တြင္ စိစစ္ထားေသာ အခ်က္အလက္ စုံလင္စြာရွိေၾကာင္း ျပည္ေထာင္စုေ႐ြး ေကာက္ပြဲ ေကာ္မရွင္(UEC) ၏ အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက ေျပာသည္။
NDF ၏ ဩဂုတ္(၁၅)ရက္တြင္ တင္ထားသည့္ ပါတီဝင္အင္အားစာရင္းကို စိစစ္ခဲ့ရာ (၇၀ဝဝ)ေက်ာ္သာ စာရင္းကိုက္ကာ က်န္စာရင္းမ်ားသည္ အခ်က္အလက္မျပည့္စုံျခင္း၊ ထပ္ေနျခင္း စသည္တို႔ ျဖစ္ေနေၾကာင္း သိရသည္။
‘အခ်က္အလက္မျပည့္စုံတာေတြ၊ ေသဆုံးေနတာေတြ၊ ထပ္ေနတာေတြ။ မကိုက္ညီတာေတြ။ ကြၽန္ေတာ္တို႔မွာ စာရင္းဇယားရွိပါတယ္။ ဘာေၾကာင့္ လဲဆိုေတာ့ ဒါကိုမခိုင္မာဘဲ ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္လို႔ ရမွာလဲ။ ဒါေတြကို ကြၽန္ေတာ္တို႔ရဲ႕ Soft Copy ေတြ ကအစ၊ E-Government ဌာနေပါ့ေလ။ မဲစာရင္း ဌာနေပါ့။ ဒီဌာနကလည္း ဒီလိုစစ္ တာပါ။ အင္အား ေတြစစ္တယ္ဆို သေဘာသဘာဝသိပ္မကြာတဲ့အ တြက္ လြယ္ပါတယ္။ ကြၽန္ေတာ္တို႔မွာ အဲဒီေဆာ့ဖ္ဝဲ ေတြရွိတဲ့အတြက္ ျမန္ျမန္ဆန္ဆန္စိစစ္ေပး ႏိုင္တာ ျဖစ္ပါတယ္။ ရက္ေတြကေတာ့ ေတာ္ေတာ္ကပ္ ပါတယ္’ ဟု UEC အဖြဲ႕ဝင္ဦးခင္ေမာင္ဦးက ေျပာ ၾကားသည္။
ထို႔ေနာက္ ပါတီဝင္အင္အားစာရင္းကို စက္တင္ဘာလ (၂)ရက္တြင္ (၃၀ဝဝဝ)ေက်ာ္၊ စက္တင္ဘာလ (၅)ရက္တြင္ (၂၀ဝဝဝ)ေက်ာ္၊ ေနာက္ဆုံးသတ္မွတ္ရက္ျဖစ္သည့္ စက္တင္ဘာ(၇) ရက္တြင္ (၁၂၀ဝဝ)ေက်ာ္ေပးပို႔ လာၿပီး ယင္းစာရင္း မ်ားကို စက္တင္ဘာလ(၈)ရက္တြင္အၿပီး စိစစ္ခဲ့ေသာ္လည္း သတ္မွတ္အင္အားမျပည့္ျခင္းျဖစ္ ေၾကာင္း ေကာ္မရွင္အဖြဲ႕ဝင္ ဦးခင္ေမာင္ဦး၏ ေျပာ ၾကားခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဩဂုတ္လ (၂၆)ရက္က UEC ႏွင့္ ႏိုင္ငံေရးပါတီမ်ားေတြ႕ဆုံရာတြင္ NDF မွ တာဝန္ရွိသူ(၂)ဦးကို ဖိတ္ေခၚခဲ့ရာ တစ္ဦးကို အစည္းအေဝးတက္ေစခဲ့ၿပီး က်န္တစ္ဦးကို မဲစာရင္း ထပ္ေနေသာ ကိစၥမ်ားရွင္းလင္းသည့္ ေနရာသို႔ တက္ေစခဲ့ ေၾကာင္း ၎ကဆိုသည္။
ထို႔ျပင့္နဃ အေနျဖင့္ ပါတီဝင္ အင္အား ေပးပို႔ရန္ တိုက္တြန္းႏႈိးေဆာ္ခဲ့သည့္အျပင္ ဆက္သြယ္ထားသည့္ ဖုန္းမွတ္တမ္းလည္းရွိေၾကာင္း၊ အေသးစိတ္ရွင္းျပေပးရန္ အသင့္ရွိေၾကာင္းလည္း ဦးခင္ေမာင္ဦးက ဆိုသည္။
‘ကြၽန္ေတာ္တို႔က ေၾကညာခ်က္အေပၚမွာ UEC က ေၾကညာခ်က္အၿပီး ေနာက္ရက္မွာပဲ ကြၽန္ေတာ္တို႔က အတြင္းေရး မႉးအဖြဲ႕ဝင္ေပါ့။ ကိုမ်ိဳးဆက္ေသြးရယ္ ကိုေက်ာ္သီဟရယ္ (၂)ေယာက္ သြားပါတယ္။ သြားၿပီးေတာ့ ဘယ္ေနရာေတြ ဘယ္လိုမွားသလဲေပါ့။ မွားတဲ့ဟာေတြက ဘယ္လိုမွားၿပီး ဘယ္သူေတြမွန္သလဲေပါ့။ မွားတာေတြက ဘယ္လိုေတြမွား သြားလဲေပါ့။ ေမြးသကၠရာဇ္ မပါတာေတြ ရွိတယ္ေပါ့။ သူတို႔ကေတာ့ အၾကမ္းဖ်င္းေျပာတာေပါ့။ အဲဒါေတြအကုန္လုံး လိုခ်င္ရင္ ဒီအတိုင္းေတာ့ေပးလို႔မရဘူး။ စာတင္ၿပီး ေတာင္းရမယ္ေပါ့။ အဲဒါနဲ႔ စာတင္ၿပီး ေတာင္းမယ္’ ဟု NDF မွ ဒုတိယ ဥကၠ႒ ဦးထက္ေအာင္ေက်ာ္က ပါတီပယ္ဖ်က္ခံရျခင္းႏွင့္ပတ္သက္ၿပီး ေျပာသည္။

Related news

© 2021. All rights reserved.