မန္တလေးမြို့၌ ဆိုင်ကယ်နှင့် အိုးဝေတို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ (၄)ဦးဒဏ်ရာရရှိ

3062
သန့်ဇင်(NP News) - ဩဂုတ် ၂၃
မန္တလေးတိုင်း၊ ချမ်အေးသာစံမြို့နယ်တွင် ဆိုင်ကယ် နှင့် အိုးဝေတို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသား(၃)ဦးခြေထောက်ကျိုးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုသည် ယမန့် (ဩဂုတ်လ ၂၂ရက်)၊ ညနေ ၄နာရီခွဲအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ၅၄ လမ်းနှင့် ၃၆ လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း မြတ်သဒ္ဒါလူမှုကူညီရေးအသင်းထံမှ သိရသည်။
"တစ်ဖက်နဲ့တစ်ဖက်မျက်နှာချင်းဆိုင်ပေါ့။ လမ်းဆုံမှာ တိုက်မိတာလို့ထင်တယ်။ ဆိုင်ကယ်က လူငယ်တွေကတော့ Bar တစ်ခုခုကပြန်လာတယ်ထင်တယ်" ဟု မြတ်သဒ္ဒါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုတွင် ဆိုင်ကယ်ပေါ်မှ အသက်(၂၀)ဝန်းကျင် အမျိုးသား(၂)ဦးနှင့် အိုးဝေယဉ်မောင်းဖြစ်သူ အသက်(၃၅)ဝန်းကျင်အမျိုးသားတို့ ခြေထောက်ကျိုးဒဏ်ရာများရရှိကာ အသက်(၃၀)ဝန်းကျင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
"အသက်အန္တရာယ်တော့မစိုးရိမ်ရပါဘူးဗျ။ ဆိုင်ကယ်က(၂)ယောက်က အခြားအသင်းကတင်တာဆိုတော့ မသိလိုက်ဘူးဗျ။ ကျွန်တော်တို့ တင်တဲ့အိုးဝေဆရာကတော့ ဘယ်ဘက်ခြေထောက်ကျိုးတယ်" ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် ယာဉ်တိုက်မှုဖြစ်စဉ်မှ ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့သည့် အမျိုးသား(၃)ဦးနှင့် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည့် အမျိုးသမီးတစ်ဦးအား မန္တလေးမြို့ပြည်သူဆေးရုံကြီးသို့ ပို့ ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
မႏၲေလးၿမိဳ႕၌ ဆိုင္ကယ္ႏွင့္ အိုးေဝတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိရာမွ (၄)ဦးဒဏ္ရာရရွိ
သန႔္ဇင္(NP News) - ဩဂုတ္ ၂၃
မႏၲေလးတိုင္း၊ ခ်မ္ေအးသာစံၿမိဳ႕နယ္တြင္ ဆိုင္ကယ္ ႏွင့္ အိုးေဝတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိရာမွ အမ်ိဳးသား(၃)ဦးေျခေထာက္က်ိဳးကာ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ယာဥ္တိုက္မႈသည္ ယမန႔္ (ဩဂုတ္လ ၂၂ရက္)၊ ညေန ၄နာရီခြဲအခ်ိန္တြင္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၅၄ လမ္းႏွင့္ ၃၆ လမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း ျမတ္သဒၵါလူမႈကူညီေရးအသင္းထံမွ သိရသည္။
"တစ္ဖက္နဲ႔တစ္ဖက္မ်က္ႏွာခ်င္းဆိုင္ေပါ့။ လမ္းဆုံမွာ တိုက္မိတာလို႔ထင္တယ္။ ဆိုင္ကယ္က လူငယ္ေတြကေတာ့ Bar တစ္ခုခုကျပန္လာတယ္ထင္တယ္" ဟု ျမတ္သဒၵါလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈတြင္ ဆိုင္ကယ္ေပၚမွ အသက္(၂၀)ဝန္းက်င္ အမ်ိဳးသား(၂)ဦးႏွင့္ အိုးေဝယဥ္ေမာင္းျဖစ္သူ အသက္(၃၅)ဝန္းက်င္အမ်ိဳးသားတို႔ ေျခေထာက္က်ိဳးဒဏ္ရာမ်ားရရွိကာ အသက္(၃၀)ဝန္းက်င္ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
"အသက္အႏၲရာယ္ေတာ့မစိုးရိမ္ရပါဘူးဗ်။ ဆိုင္ကယ္က(၂)ေယာက္က အျခားအသင္းကတင္တာဆိုေတာ့ မသိလိုက္ဘူးဗ်။ ကြၽန္ေတာ္တို႔ တင္တဲ့အိုးေဝဆရာကေတာ့ ဘယ္ဘက္ေျခေထာက္က်ိဳးတယ္" ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေနာက္ ယာဥ္တိုက္မႈျဖစ္စဥ္မွ ေျခေထာက္က်ိဳးဒဏ္ရာရရွိခဲ့သည့္ အမ်ိဳးသား(၃)ဦးႏွင့္ ပြန္းပဲ့ဒဏ္ရာမ်ားရရွိခဲ့သည့္ အမ်ိဳးသမီးတစ္ဦးအား မႏၲေလးၿမိဳ႕ျပည္သူေဆး႐ုံႀကီးသို႔ ပို႔ ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။