ကမ္ဘောဒီးယားလက်ဝှေ့ချန်ပီယံ နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့်ပွဲစဉ်က အရှေ့တောင်အာရှသမိုင်းမှာ အကြီးဆုံးပွဲ ဖြစ်လာ မယ်လို့ မြန်မာလက်ဝှေ့ကျော်တစ်ဦးဖြစ်တဲ့ ဒေဝ ပြော

 1280

ဂျန်ဇက် (NP News) - ဩဂုတ် ၃၁

ကမ္ဘောဒီးယားနိုင်ငံရဲ့လက်ရှိချန်ပီယံဖြစ်သလို အကြီးကျယ်ဆုံးကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ပရမ်စမ်နန် နဲ့ ယှဉ်ပြိုင် ထိုးသတ်မယ့်ပွဲစဉ်က အရှေ့တောင်အာရှရဲ့သမိုင်းမှာ အကြီးဆုံးပွဲဖြစ်လာဖွယ်ရှိနေပြီး ရိုးရာလက်ဝှေ့ဘုရင် နှစ်ယောက် တွေ့ဆုံမှုက သမိုင်းတစ်ခုရေးထိုးနိုင်ဖွယ်ရှိနေကြောင်း မြန်မာလက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်သလို ကနေဒါနိုင်ငံသား ဒေဝက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒေဝက ၎င်းအနေနဲ့ ကစားသမားဘဝက အနားမယူခင် နောက်ဆုံးပွဲစဉ်အဖြစ် ကမ္ဘောဒီးယားနာမည်ကြီး ရိုးရာ လက်ဝှေ့သမား ပရမ်စမ်နန် နဲ့ နိုဝင်ဘာ ၅ ရက်မှာ ယှဉ်ပြိုင်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ ဖနွမ်းပင် မြို့ယှဉ်ပြိုင်ထိုးသတ်မယ့် ပွဲစဉ်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ်အသစ် ဟွန်မာနက်ကိုယ်တိုင် တက်ရောက် အားပေးဖွယ်ရှိနေပြီး ကမ္ဘောဒီးယားသမိုင်းမှာ အကြီးမားဆုံးတိုက်ပွဲဖြစ်လာဖွယ်ရှိနေကြောင်း ဒေဝက ပြောပါ တယ်။

ပရမ်စမ်နန်ဟာ 2023 Thai Fight ချန်ပီယံဘွဲ့ကို ဆွတ်ခူးခဲ့ပြီး ဆီးဂိမ်းမှာလည်း မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်း ကို အနိုင်ရကာ ရွှေတံဆိပ်ဆုရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ပရမ်စမ်နန်ဟာ ကစားသမားဘဝအတွင်း ပွဲပေါင်း ၁ဝ၅ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ပွဲပေါင်း ၁၄ဝ ပွဲအနိုင်ရထားကာ ၃၂ ပွဲ ဆက်တိုက် အနိုင်ရထားသူဖြစ်ကြောင်း သိရပါတယ်။

ဒေဝက "သူ့ရဲ့အောင်မြင်မှုတွေကို ကျွန်တော်လေးစားပါတယ်။ဒါပေမယ့် ဘယ်သူက အရှေ့တောင်အာရှရဲ့ တကယ့်လက်ဝှေ့ဘုရင်ဖြစ်တယ်ဆိုတာကို ပြရပါမယ်။စိန်ခေါ်မှုအတွက် စိတ်လှုပ်ရှားနေပါတယ်။ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတာက ရှေးခေတ်စစ်သည်တော်တွေလိုမျိုး အလဲထိုးမှ အနိုင်ယူစနစ်ဖြစ်ပြီး အမှတ်ပေးစနစ် နဲ့ အနိုင်အရှုံးကို ဆုံးဖြတ်မှာမဟုတ်ဘူး" လို့ ၎င်းရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် အဆိုပါပွဲစဉ်ကို ကမ္ဘောဒီးယားရိုးရာကွမ်းခမာကြိုးများနဲ့ ၉ မိနစ် ၁ ချီ (အနားမပါ) စနစ်ဖြင့်ထိုးသတ်သွားကြမှာဖြစ်ကြောင်း ဒေဝက ပြောပါတယ်။

Zawgyi Version;
ကေမာၻဒီးယားလက္ေဝွ႔ခ်န္ပီယံ နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္မယ့္ပြဲစဥ္က အေရွ႕ေတာင္အာရွသမိုင္းမွာ အႀကီးဆုံးပြဲ ျဖစ္လာ မယ္လို႔ ျမန္မာလက္ေဝွ႔ေက်ာ္တစ္ဦးျဖစ္တဲ့ ေဒဝ ေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၃၁

ကေမာၻဒီးယားႏိုင္ငံရဲ႕လက္ရွိခ်န္ပီယံျဖစ္သလို အႀကီးက်ယ္ဆုံးၾကယ္ပြင့္တစ္ဦးျဖစ္တဲ့ ပရမ္စမ္နန္ နဲ႔ ယွဥ္ၿပိဳင္ ထိုးသတ္မယ့္ပြဲစဥ္က အေရွ႕ေတာင္အာရွရဲ႕သမိုင္းမွာ အႀကီးဆုံးပြဲျဖစ္လာဖြယ္ရွိေနၿပီး ႐ိုးရာလက္ေဝွ႔ဘုရင္ ႏွစ္ေယာက္ ေတြ႕ဆုံမႈက သမိုင္းတစ္ခုေရးထိုးႏိုင္ဖြယ္ရွိေနေၾကာင္း ျမန္မာလက္ေဝွ႔ခ်န္ပီယံတစ္ဦးျဖစ္သလို ကေနဒါႏိုင္ငံသား ေဒဝက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ေဒဝက ၎အေနနဲ႔ ကစားသမားဘဝက အနားမယူခင္ ေနာက္ဆုံးပြဲစဥ္အျဖစ္ ကေမာၻဒီးယားနာမည္ႀကီး ႐ိုးရာ လက္ေဝွ႔သမား ပရမ္စမ္နန္ နဲ႔ ႏိုဝင္ဘာ ၅ ရက္မွာ ယွဥ္ၿပိဳင္တိုက္ခိုက္သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။ ဖႏြမ္းပင္ ၿမိဳ႕ယွဥ္ၿပိဳင္ထိုးသတ္မယ့္ ပြဲစဥ္ကို ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္အသစ္ ဟြန္မာနက္ကိုယ္တိုင္ တက္ေရာက္ အားေပးဖြယ္ရွိေနၿပီး ကေမာၻဒီးယားသမိုင္းမွာ အႀကီးမားဆုံးတိုက္ပြဲျဖစ္လာဖြယ္ရွိေနေၾကာင္း ေဒဝက ေျပာပါ တယ္။

ပရမ္စမ္နန္ဟာ 2023 Thai Fight ခ်န္ပီယံဘြဲ႕ကို ဆြတ္ခူးခဲ့ၿပီး ဆီးဂိမ္းမွာလည္း ျမန္မာလက္ေဝွ႔ေက်ာ္ ထြန္းထြန္းမင္း ကို အႏိုင္ရကာ ေ႐ႊတံဆိပ္ဆုရရွိခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ပရမ္စမ္နန္ဟာ ကစားသမားဘဝအတြင္း ပြဲေပါင္း ၁ဝ၅ ပြဲ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ၿပီး ပြဲေပါင္း ၁၄ဝ ပြဲအႏိုင္ရထားကာ ၃၂ ပြဲ ဆက္တိုက္ အႏိုင္ရထားသူျဖစ္ေၾကာင္း သိရပါတယ္။

ေဒဝက "သူ႔ရဲ႕ေအာင္ျမင္မႈေတြကို ကြၽန္ေတာ္ေလးစားပါတယ္။ဒါေပမယ့္ ဘယ္သူက အေရွ႕ေတာင္အာရွရဲ႕ တကယ့္လက္ေဝွ႔ဘုရင္ျဖစ္တယ္ဆိုတာကို ျပရပါမယ္။စိန္ေခၚမႈအတြက္ စိတ္လႈပ္ရွားေနပါတယ္။ ပိုၿပီး စိတ္လႈပ္ရွားစရာေကာင္းတာက ေရွးေခတ္စစ္သည္ေတာ္ေတြလိုမ်ိဳး အလဲထိုးမွ အႏိုင္ယူစနစ္ျဖစ္ၿပီး အမွတ္ေပးစနစ္ နဲ႔ အႏိုင္အရႈံးကို ဆုံးျဖတ္မွာမဟုတ္ဘူး" လို႔ ၎ရဲ႕ Facebook စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ဒါ့အျပင္ အဆိုပါပြဲစဥ္ကို ကေမာၻဒီးယား႐ိုးရာကြမ္းခမာႀကိဳးမ်ားနဲ႔ ၉ မိနစ္ ၁ ခ်ီ (အနားမပါ) စနစ္ျဖင့္ထိုးသတ္သြားၾကမွာျဖစ္ေၾကာင္း ေဒဝက ေျပာပါတယ္။

Related news

© 2021. All rights reserved.