နည်းပြ ကျိန်စာလား၊ ကစားသမား ကျိန်စာလား မသဲကွဲတဲ့ မန်ယူအသင်းရဲ့အနာဂတ် ဘာဆက်ဖြစ်နိုင်လဲ..??

 295

ရဲထက် (NP News) - အောက်တိုဘာ ၆

မန်ယူအသင်းဟာ ဒီရာသီအစပိုင်းမှာကတည်းက ရလဒ်ပိုင်းတွေမကောင်းခဲ့ပေမယ့် ချဲလ်ဆီး အသင်းကိုအနိုင် ယူပြခဲ့ပြီးနောက်ပိုင်း လမ်းကြောင်း မှန်ပေါ်ပြန်ရောက်လာပြီဆိုတဲ့ခံစားချက်မျိုးတွေ ရခဲ့ ကြပါတယ်။ ဒါပေမဲ့ အဲဒီခံစားချက်ဟာ တစ်ပတ် အကြာမှာပဲ ပြန်လည်ပျက်စီးသွားခဲ့ရပြီး ဘရန်းဖို့ဒ် အသင်းကို (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြန် ပါတယ်။ ဒီလိုမျိုး ခံစားမှုအမျိုးမျိုးပေးစွမ်းနေတဲ့ မန်ယူအသင်းဟာ ကစားသမားတွေရဲ့ ကျိန်စာသင့်နေတဲ့အရပ်တစ်ခု လား ဒါမှမဟုတ် နည်းပြတွေရဲ့ကျိန်စာသင့်ရာအရပ် တစ်ခုလာဆိုတာတောင် မေးခွန်းထုတ်ရမလို့ဖြစ် နေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ နည်းပြအပြောင်းအလဲလုပ်ခဲ့ကြပေမယ့် ဘာမှမထူးခြားလာ တဲ့အပြင် ရလဒ်ပိုင်းလည်းမပြောင်း လဲသွားခဲ့ပါဘူး။ ဒါ့ပြင် ကောင်းလှပါတယ်ဆိုတဲ့ ကစားသမားတွေအကုန်လုံး မန်ယူ အသင်းကိုရောက် ရှိချိန်မှာ ကစားသမားရဲ့ စိတ်ဓာတ်နဲ့ခြေစွမ်းပိုင်း ကျဆင်းသွားတယ်။ နောက်ဆုံး ရော်နယ်ဒိုလို စိတ်ဓာတ် ခိုင်မာသူတစ်ယောက်တောင် မန်ယူအသင်းဆီပြန်လာ ချိန်မှာ အဆင်မပြေဖြစ်ရတဲ့အပြင် ဝေဖန်မှုတွေ ကြားမှာ ‌‌နောက်ဆုံး အသင်းပြောင်းလိုက်ရတဲ့အထိ အခြေအနေဆိုးခဲ့တယ်။ ဒါတွေဟာ တစ်ခေတ်တစ် ခါက မန်ချက် စတာယူနိုက်တက်အသင်းကောဟုတ်ရဲ့လားဆိုတဲ့မေးခွန်းတွေကြားမှာ ပရိသတ်တွေ မေးချင်နေတဲ့အရာတစ်ခု လည်းဖြစ်ပါလိမ့်မယ်။
တကယ်တော့ ဒီဘက်ခေတ်နောက်ပိုင်းမှာ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ဖလား အများဆုံး ရယူထားတဲ့ စံချိန်ကို လီဗာပူးလ်အသင်းထံကို လွှဲပြောင်းပေးလိုက်ရပြီဖြစ်ပါတယ်။ နည်းပြ ဖာဂူဆန် လက်ထက်က အောင်မြင်မှုကြီး မားခဲ့မှုတွေဟာလည်း နည်းပြနဲ့ကစားသမားများစွာရဲ့ အပြောင်းအလဲတွေ၊ အသင်းပိုင်ရှင်တွေရဲ့အပြောင်းအလဲ တွေကြားမှာ မန်ယူအသင်းဆိုတဲ့ဂုဏ်ပုဒ်တစ်ခုဟာ မြေစာပင်တစ်ခု လိုဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ မန်ယူအသင်းပိုင်ရှင်တွေ ကတော့ ကစားသမားတစ်ယောက်နဲ့ပြဿနာဖြစ်ရင် ကစားသမားကိုရောင်းထုတ်ဖို့စဉ်းစားတတ်သလို ရလဒ်မကောင်း ရင်လည်း နည်းပြကို ရာထူးကနေ ထုတ်ပယ်ဖို့ ဝန်လေးမနေတဲ့အနေအထားမျိုးတွေကို သာ ဆက်တိုက်ကြားနေရ ဆဲဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ လက်ရှိအခြေအနေဟာ ရလဒ်ပိုင်းတွေ ဆက်တိုက်ဆိုးရွားနေတဲ့အနေအထား မှာရှိနေပြီး နည်းပြရာထူးအတွက်လည်း မျက်ခုံးလှုပ် နေရပြီပဲဖြစ်ပါတယ်။ နည်းပြ အမ်မိုရင်အပေါ်မှာလည်း ဝေဖန်မှုတွေများစွာ ထွက်ပေါ်လာနေပြီပဲဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ အဓိကပြဿနာကတော့ ကစားသ မားတစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်ပိုင်းအပြင် ဖန်တီးနိုင်မှု အားနည်းတာ၊ တိုက်စစ်ကစားသမားတွေရဲ့ ဂိုးရဖို့ရုန်းကန်ရမှုတွေအပြင် ကစားကွက် အခင်းအကျင်း ‌ရေ‌ရေရာရာမရှိမှုတွေက မန်ယူအသင်းကို အောက်ဆုံးအထိဆွဲချနေတဲ့ ဆိုးရွားတဲ့အချက်တွေပဲဖြစ်ပါ တယ်။ ပေါင်(၇၅)သန်းနီးပါးပေးပြီးခေါ်ထားရတဲ့ ဘင်ဂျမင်ဆက်စ်ကို ရှိနေပေမယ့်လည်း ကွင်းလယ် ပိုင်းက ဖန်တီးမှုပိုင်းနဲ့ တောင်ပံတိုက်စစ်ပိုင်းက အခွင့်အရေးဖန်တီးနိုင်မှုမရှိတာတွေကြောင့်လည်း မန်ယူအသင်းအတွက် နိုင်ပွဲရဖို့ခက်ခဲစေခဲ့တာဖြစ်ပါတယ်။ နောက်တစ်ချက်က အန်ဘူမိုနဲ့ ကူညာတို့လို့ ကစားသမားတွေဆီက လုံလောက်တဲ့ စွမ်းဆောင်ရည် ပိုင်းကို လက်ရှိအချိန်အထိမတွေ့ရသေးဘဲ တိုက်စစ် ကစားသမားသစ်တွေ အားလုံးပေါင်း သန်း(၂၀ဝ)နီး ပါးရှိတဲ့တိုက်စစ်ပိုင်းက ဘာမှမလုပ်ပြနိုင်တဲ့အပြင် သွင်းဂိုးတစ်ဂိုးရဖို့ ခက်ခက်ခဲခဲကစားနေရတယ်ဆိုက တည်းက မန်ယူအသင်းရဲ့အားနည်းချက်တွေကို ပိုမိုမြင်တွေ့လာရမှာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ကွင်းလယ် ပိုင်းမှာ နံပါတ်(၆)နေရာ ဖြစ်တဲ့ ကွင်းလယ်အဖျက် ကစားသမားကောင်းတစ်ယောက် မဖြစ်မနေလိုအပ်နေပြီး မေဆန်မောင့်လိုကစားသမား မျိုးကို နေရာမှန် ထားပြီးမကစားခိုင်းတာကလည်း နည်းပြအမ်မိုရင်ကို မေးခွန်းထုတ်မှုတွေရှိနေပြီး ကစားသမားအများ စုကို Out Of Position သုံးနေတဲ့အနေအထားမှာ ကွင်းလယ်ပိုင်းဟာ ဆိုးသထက်ဆိုးလာဖို့သာရှိနေပါတယ်။ လက်ရှိ အသင်းမှာရှိနေတဲ့ ကွင်းလယ်ကစားသမား တွေရဲ့ခြေစွမ်းဟာ အခြားသောအသင်းကြီးတွေထက် အရာရာမှာလိုအပ်ချက် တွေရှိနေပါတယ်။ ဒီအချက်ဟာ မန်ယူအသင်းနဲ့ နည်းပြအမ်မိုရင်ရဲ့ကစားကွက်နဲ့ ခြေစွမ်းပိုင်းက ဆိုးသထက်ဆိုးလာ တယ်လို့ပြောနိုင်ပြီး အမ်မိုရင်လက်ထက်မှာ မန်ယူအသင်းက ထူးထူးခြားခြားတိုးတက်လာတာမျိုးမရှိတဲ့အပြင် လက်ရှိမှာ အသင်းက ပိုပြီးဆုတ်ယုတ်လာတဲ့အခြေအနေမျိုး တွေကို မြင်တွေ့လာရပါတယ်။
နည်းပြ ရူဘင်အမ်မိုရင်ကိုင်တွယ်တဲ့ ပွဲစဉ် (၃၃)ပွဲမှာ (၉)ပွဲသာအနိုင်ရရှိထားပြီး (၇)ပွဲ သရေ ကျထားသလို အဆုံးဆိုးအချက်ကတော့ (၁၇)ပွဲရှုံး နိမ့်ထားတာက တော်တော်ကို ဆိုးရွားတဲ့ရလဒ်တစ်ခု လို့တောင်ဆိုနိုင်ပြီး ပွဲစဉ်အားလုံးရဲ့ ထက်ဝက်နီးပါးရှုံးနိမ့်ထားတယ်လို့ဆိုနိုင်ပါတယ်။ မန်ယူလို အစဉ်အလာကြီးမားတဲ့အသင်းအနေနဲ့ ကြည့်ရင် ဒီရလဒ်ပိုင်း က လက်ခံနိုင်စရာမျိုးမဟုတ်တဲ့အပြင် အမ်မိုရင် လက်ထက်မှာ မန်ယူအသင်းဟာ အိမ်ကွင်းအဝေး ကွင်းနှစ်ပွဲဆက်နိုင်ဖူးတဲ့ရလဒ်မျိုး တစ်ခါမှမရှိခဲ့တာ ကိုလည်းတွေ့ရပါတယ်။ ဒါဟာ နည်းပြတန်းဟက် လက်ထက်တုန်း ကနဲ့ယှဉ်ကြည့်ရင် တန်းဟက် ကိုင်တွယ်စဉ်မှာ ပွဲစဉ်(၃၃)ပွဲမှာ (၁၃)ပွဲအနိုင်ရရှိထားပြီး (၇)ပွဲသရေကျထားသလို (၁၂)ပွဲစာ ရှုံးနိမ့်ထားတာကို တွေ့ရပါတယ်။ ဒီရလဒ်ပိုင်းတွေက အသင်းအတွက် တစ်ခုမှမကောင်းခဲ့ပေမယ့်လည်း အမ်မိုရင်ကိုခန့် အပ်လိုတဲ့ နည်းပြရာထူးက တိုးတက်မလာတဲ့အပြင် ပိုဆိုးလာတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ဒါ့ပြင် အသင်းရဲ့ကွင်းလယ်ပိုင်းမှာ လိုအပ်ချက်တွေ များစွာရှိတဲ့အပြင် ဘရုနိုဖာနန်ဒက်ရဲ့ ခြေစွမ်းပိုင်းနဲ့ ပင်နယ်တီလွဲ ချော်မှုတွေကလည်း မန်ယူအသင်းအတွက် ပြန်လည်စဉ်းစားရမယ့်အချက်တွေပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မန်ယူ အသင်းဟာ တိုက်စစ်ပိုင်းကို ဘယ်လောက်ပဲအားဖြည့်ဖြည့် ကွင်းလယ်ပိုင်းမှာဖန်တီးနိုင်မှုမရှိသမျှတော့ တိုက်စစ်ပိုင်း အတွက် ဂိုးတွေရဖို့ ခက်ခဲနေဦးမှာပဲဖြစ်ပါတယ်။ အားလုံးကို ခြုံပြောရရင် မန်ယူအသင်းမှာ ဘယ်နေရာကနေဂိုးရ မယ်ဆိုတဲ့ခံစားချက်မျိုးမရသလို သွင်းဂိုးတွေအတွက် ဘယ်ကစားကွက်နဲ့ အံဝင်မလဲဆိုတဲ့အဖြေကို နည်းပြ အမ်မိုရင် ချပြနိုင်ခြင်းမရှိသေးတဲ့အပြင် ရိုးစင်းလွန်တဲ့ ကစားကွက်အခင်းအကျင်းတစ်ခုကိုသာ မြင်တွေ့ လာရတာဖြစ်ပါတယ်။ အသင်းကြီးတစ်သင်းအနေနဲ့ ဘယ်နေရာကနေ ဘယ်လိုဂိုးတွေရမယ်ဆိုတဲ့ ခံစား ချက်မျိုးမရတာက ပရိသတ်တွေ အတွက်ရော အသင်းရဲ့တာဝန်ရှိသူတွေပါ လက်မခံနိုင်တဲ့အချက် ဖြစ်သလို ဒီပုံစံအတိုင်းဆက်သွားလို့ ဖြစ်ပါ့မလားဆို တဲ့အတွေးများစွာလည်းရှိနေပါတယ်။
မန်ယူအသင်းက ဘရန်းဖို့ဒ်အသင်းကို (၃)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး နောက်ဆက်တွဲမှာပဲ အသင်း ရဲ့ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက နည်းပြ ရူဘင်အမ်မိုရင် ကို ယုံကြည်မှုအပြည့်အဝပေးထားတယ်လို့ ပြောထား ပေမယ့် အခုလက်ရှိ မီဒီယာတွေမှာ အသင်းဘက်က အမ်မိုရင်ကိုထုတ်ပယ်မယ်ဆိုရင် ခန့်ထားမယ့်နည်းပြ တွေကို လျာထားမှုတွေရှိနေ တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ မန်ယူအသင်းအနေနဲ့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲကျပ် တွေကို ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ရလဒ်ပိုင်း ဆိုးရွားခဲ့ပါက နည်းပြ အမ်မိုရင်ကို ရာထူးကနေထုတ် ပယ်ပြီး အပြောင်းအလဲလုပ်နိုင်တဲ့အခြေအနေမျိုးမှာ ရှိနေပါတယ်။ နောက်ထပ်တစ်ချက်က‌တော့ အမ်မိုရင် ကို ရာထူးက နေထုတ်ပယ်ခဲ့ပါက မန်ယူအသင်းအနေနဲ့ လျော်ကြေးငွေ (၁၂)သန်းပေးချေရမှာဖြစ်တာ ကြောင့် တာဝန်ရှိသူတွေ ဘက်က စဉ်းစားစရာဖြစ်တဲ့ အပြင် အမ်မိုရင်ကိုခေါ်ယူခဲ့စဉ်ကလည်း လျော်ကြေး ငွေ (၁၀)သန်းပေးချေခဲ့ရတာကြောင့် တကယ်လို့ အမ်မိုရင်ကိုသာထုတ်ပယ်ခဲ့ပါက မန်ယူအသင်းဘက် ကသာ နစ်နာစရာတွေဖြစ်လာဖို့ရှိနေပါတယ်။
လက်ရှိမှာ မန်ယူအသင်းရဲ့ နည်းပြရာထူး အတွက်နာမည်ထွက်နေတဲ့ နည်းပြတွေကတော့ အင်္ဂ လန်အသင်း နည်းပြဟောင်း ဆောက်ဂိတ်က ထိပ်ဆုံး နေရာမှာရှိနေပြီး ဘုန်းမောက်စ်အသင်းနည်းပြ အန်ဒိုနီ အီရာရိုလာနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ နည်းပြ အိုလီဗာခရစ္စနာတို့ဖြစ်ပါတယ်။ နောက်ထပ် မထင်မှတ်ထားတဲ့နည်းပြကတော့ ဘရိုက်တန်နဲ့ ချဲလ် ဆီးအသင်းတို့ရဲ့ နည်းပြဟောင်း ဂရေဟမ်ပေါ်တာ တို့ပဲဖြစ်ပါတယ်။ နည်းပြဆောက်ဂိတ်ကတော့ အင်္ဂလန်နိုင်ငံသားဖြစ်တဲ့အတွက် ကစားသမားတွေ အပေါ်မှာထိန်းချုပ်နိုင်မယ့်အပြင် မီဒီယာတွေကိုလည်း ကိုင်တွယ် နိုင်မယ်ဆိုတဲ့ယုံကြည်ချက်တစ်ခုနဲ့ လျာထားတာဖြစ်ပြီး ဘုန်းမောက်စ်အသင်းရဲ့နည်းပြကိုတော့ တိုက်စစ်အားသန်တဲ့ အပြင် ဘုန်းမောက်စ် အသင်းရဲ့ လက်ရှိမှာ ခြေစွမ်းပိုင်းနဲ့ ရလဒ်ပိုင်းတွေ ကြောင့်ဖြစ်ပြီး နည်းပြ အိုလီဗာခရစ္စနာကိုတော့ ခရစ္စတယ်ပဲလေ့စ်အသင်းကို နှစ်ပေါင်း(၁၆၀)အ တွင်းမှာ (၁၈)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်တဲ့အပြင် FA Cup နဲ့ ကွန်မြူနတီ ဒိုင်းတွေကိုရယူပေးထားတာကြောင့် မန်ယူအသင်း ဘက်က စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဂရေဟမ်ပေါ် တာကတော့ မန်ယူအသင်းဘက်က ခေါ်ယူဖို့ရာခိုင် နှုန်းအနည်းဖြစ်နေပြီး ဝက်စ်ဟမ်းဘက်က ထုတ်ပယ် လိုက်တဲ့နည်းပြကိုခေါ်ယူဖို့ မဖြစ်နိုင်သလောက်နည်း ပါးပါတယ်။
ဒါကြောင့် မန်ယူအသင်းရဲ့ နည်းပြရာထူးက ခန့်မှန်းလို့မရသေးတဲ့အနေအထားတစ်ရပ်မှာရှိ နေသေးပြီး မန်ယူအသင်းရဲ့တာဝန်ရှိသူတွေက နည်းပြ အမ်မိုရင်ကို အပြည့်အဝထောက်ခံထားပြီး ယုံကြည်မှုပေးထားတဲ့တိုင်အောင် ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေဦးမယ်ဆိုရင်တော့ ရာထူးအပြောင်း အလဲက ချက်ချင်းဆိုသလိုဖြစ်လာနိုင်တဲ့အနေအ ထားဖြစ်ပါတယ်။ ဒါ့ပြင် အမ်မိုရင်အနေနဲ့ ပွဲကျပ်ကာ လတွေကို ဆက်တိုက်ရင်ဆိုင်ရဖို့ရှိနေပြီး လီဗာပူးလ်၊ ဘရိုက်တန်၊ နော်တင်ဖောရက်စ်နဲ့ စပါးစ် အသင်းတွေကို ရင်ဆိုင်ရမှာဖြစ်တာကြောင့် အမ်မိုရင်အနေနဲ့ ဒီပွဲစဉ်တွေမပြီးသေးခင်မှာပဲ ထုတ်ပယ်ခံရဖို့ အလားအလာများနေပါတယ်။
ဒါတွေဟာ မန်ယူအသင်းအတွက် အဖြေ ရှာမရသေးတဲ့ပြဿနာတွေဖြစ်ပြီး နည်းပြကြီး ဖာဂူ ဆန်ထွက်ခွာ သွားပြီးနောက်ပိုင်းမှာ မန်ယူအသင်းရဲ့ အခြေအနေတွေဟာ ဆိုးသထက်ဆိုးလာတဲ့အပြင် အသင်းကို ရေရှည် ဏူညေ ဆွဲပြီး ပရီးမီးယားလိဂ်နဲ့ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေကိုရယူပေးနိုင် မယ့်နည်းပြကောင်းတစ်ယောက်ကို လက်ရှိအချိန်အထိ မြင်တွေ့ရခြင်းမရှိသေးဘဲ ကစားသမား အပြောင်းအရွှေ့တွေမှာလည်း မှန်ကန်တိကျတဲ့ ခေါ်ယူ မှုတွေကိုလုပ်ဆောင်နိုင်ခြင်းမရှိသေးတာပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း နည်းပြအပြောင်းအလဲလုပ်ဖို့အတွက် သတင်း တွေထွက်ပေါ်နေတဲ့ မန်ယူအသင်းအတွက် လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ဆိုရင် နည်းပြအပြောင်းအလဲ လုပ်တာက အဖြေတစ်ခုလား ဒါမှမဟုတ်ရင် ကစားသမားတွေ အပြောင်းအလဲလုပ် တာကအဖြေလားဆိုတာကို မေးခွန်း ထုတ်ရမှာ ဖြစ်ပါတယ်။

Zawgyi Version:
နည္းျပ က်ိန္စာလား၊ ကစားသမား က်ိန္စာလား မသဲကြဲတဲ့ မန္ယူအသင္းရဲ႕အနာဂတ္ ဘာဆက္ျဖစ္ႏိုင္လဲ..??
ရဲထက္ (NP News) - ေအာက္တိုဘာ ၆

မန္ယူအသင္းဟာ ဒီရာသီအစပိုင္းမွာကတည္းက ရလဒ္ပိုင္းေတြမေကာင္းခဲ့ေပမယ့္ ခ်ဲလ္ဆီး အသင္းကိုအႏိုင္ ယူျပခဲ့ၿပီးေနာက္ပိုင္း လမ္းေၾကာင္း မွန္ေပၚျပန္ေရာက္လာၿပီဆိုတဲ့ခံစားခ်က္မ်ိဳးေတြ ရခဲ့ ၾကပါတယ္။ ဒါေပမဲ့ အဲဒီခံစားခ်က္ဟာ တစ္ပတ္ အၾကာမွာပဲ ျပန္လည္ပ်က္စီးသြားခဲ့ရၿပီး ဘရန္းဖို႔ဒ္ အသင္းကို (၃)ဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့ျပန္ ပါတယ္။ ဒီလိုမ်ိဳး ခံစားမႈအမ်ိဳးမ်ိဳးေပးစြမ္းေနတဲ့ မန္ယူအသင္းဟာ ကစားသမားေတြရဲ႕ က်ိန္စာသင့္ေနတဲ့အရပ္တစ္ခု လား ဒါမွမဟုတ္ နည္းျပေတြရဲ႕က်ိန္စာသင့္ရာအရပ္ တစ္ခုလာဆိုတာေတာင္ ေမးခြန္းထုတ္ရမလို႔ျဖစ္ ေနပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ဖို႔ နည္းျပအေျပာင္းအလဲလုပ္ခဲ့ၾကေပမယ့္ ဘာမွမထူးျခားလာ တဲ့အျပင္ ရလဒ္ပိုင္းလည္းမေျပာင္း လဲသြားခဲ့ပါဘူး။ ဒါ့ျပင္ ေကာင္းလွပါတယ္ဆိုတဲ့ ကစားသမားေတြအကုန္လုံး မန္ယူ အသင္းကိုေရာက္ ရွိခ်ိန္မွာ ကစားသမားရဲ႕ စိတ္ဓာတ္နဲ႔ေျခစြမ္းပိုင္း က်ဆင္းသြားတယ္။ ေနာက္ဆုံး ေရာ္နယ္ဒိုလို စိတ္ဓာတ္ ခိုင္မာသူတစ္ေယာက္ေတာင္ မန္ယူအသင္းဆီျပန္လာ ခ်ိန္မွာ အဆင္မေျပျဖစ္ရတဲ့အျပင္ ေဝဖန္မႈေတြ ၾကားမွာ ‌‌ေနာက္ဆုံး အသင္းေျပာင္းလိုက္ရတဲ့အထိ အေျခအေနဆိုးခဲ့တယ္။ ဒါေတြဟာ တစ္ေခတ္တစ္ ခါက မန္ခ်က္ စတာယူႏိုက္တက္အသင္းေကာဟုတ္ရဲ႕လားဆိုတဲ့ေမးခြန္းေတြၾကားမွာ ပရိသတ္ေတြ ေမးခ်င္ေနတဲ့အရာတစ္ခု လည္းျဖစ္ပါလိမ့္မယ္။
တကယ္ေတာ့ ဒီဘက္ေခတ္ေနာက္ပိုင္းမွာ မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ဖလား အမ်ားဆုံး ရယူထားတဲ့ စံခ်ိန္ကို လီဗာပူးလ္အသင္းထံကို လႊဲေျပာင္းေပးလိုက္ရၿပီျဖစ္ပါတယ္။ နည္းျပ ဖာဂူဆန္ လက္ထက္က ေအာင္ျမင္မႈႀကီး မားခဲ့မႈေတြဟာလည္း နည္းျပနဲ႔ကစားသမားမ်ားစြာရဲ႕ အေျပာင္းအလဲေတြ၊ အသင္းပိုင္ရွင္ေတြရဲ႕အေျပာင္းအလဲ ေတြၾကားမွာ မန္ယူအသင္းဆိုတဲ့ဂုဏ္ပုဒ္တစ္ခုဟာ ေျမစာပင္တစ္ခု လိုျဖစ္ခဲ့ရပါတယ္။ ဒါေပမဲ့ မန္ယူအသင္းပိုင္ရွင္ေတြ ကေတာ့ ကစားသမားတစ္ေယာက္နဲ႔ျပႆနာျဖစ္ရင္ ကစားသမားကိုေရာင္းထုတ္ဖို႔စဥ္းစားတတ္သလို ရလဒ္မေကာင္း ရင္လည္း နည္းျပကို ရာထူးကေန ထုတ္ပယ္ဖို႔ ဝန္ေလးမေနတဲ့အေနအထားမ်ိဳးေတြကို သာ ဆက္တိုက္ၾကားေနရ ဆဲျဖစ္ပါတယ္။
မန္ယူအသင္းရဲ႕ လက္ရွိအေျခအေနဟာ ရလဒ္ပိုင္းေတြ ဆက္တိုက္ဆိုး႐ြားေနတဲ့အေနအထား မွာရွိေနၿပီး နည္းျပရာထူးအတြက္လည္း မ်က္ခုံးလႈပ္ ေနရၿပီပဲျဖစ္ပါတယ္။ နည္းျပ အမ္မိုရင္အေပၚမွာလည္း ေဝဖန္မႈေတြမ်ားစြာ ထြက္ေပၚလာေနၿပီပဲျဖစ္ပါတယ္။ မန္ယူအသင္းရဲ႕ အဓိကျပႆနာကေတာ့ ကစားသ မားတစ္ေယာက္ခ်င္းစီရဲ႕ စိတ္ဓာတ္ပိုင္းအျပင္ ဖန္တီးႏိုင္မႈ အားနည္းတာ၊ တိုက္စစ္ကစားသမားေတြရဲ႕ ဂိုးရဖို႔႐ုန္းကန္ရမႈေတြအျပင္ ကစားကြက္ အခင္းအက်င္း ‌ေရ‌ေရရာရာမရွိမႈေတြက မန္ယူအသင္းကို ေအာက္ဆုံးအထိဆြဲခ်ေနတဲ့ ဆိုး႐ြားတဲ့အခ်က္ေတြပဲျဖစ္ပါ တယ္။ ေပါင္(၇၅)သန္းနီးပါးေပးၿပီးေခၚထားရတဲ့ ဘင္ဂ်မင္ဆက္စ္ကို ရွိေနေပမယ့္လည္း ကြင္းလယ္ ပိုင္းက ဖန္တီးမႈပိုင္းနဲ႔ ေတာင္ပံတိုက္စစ္ပိုင္းက အခြင့္အေရးဖန္တီးႏိုင္မႈမရွိတာေတြေၾကာင့္လည္း မန္ယူအသင္းအတြက္ ႏိုင္ပြဲရဖို႔ခက္ခဲေစခဲ့တာျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က အန္ဘူမိုနဲ႔ ကူညာတို႔လို႔ ကစားသမားေတြဆီက လုံေလာက္တဲ့ စြမ္းေဆာင္ရည္ ပိုင္းကို လက္ရွိအခ်ိန္အထိမေတြ႕ရေသးဘဲ တိုက္စစ္ ကစားသမားသစ္ေတြ အားလုံးေပါင္း သန္း(၂၀ဝ)နီး ပါးရွိတဲ့တိုက္စစ္ပိုင္းက ဘာမွမလုပ္ျပႏိုင္တဲ့အျပင္ သြင္းဂိုးတစ္ဂိုးရဖို႔ ခက္ခက္ခဲခဲကစားေနရတယ္ဆိုက တည္းက မန္ယူအသင္းရဲ႕အားနည္းခ်က္ေတြကို ပိုမိုျမင္ေတြ႕လာရမွာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ကြင္းလယ္ ပိုင္းမွာ နံပါတ္(၆)ေနရာ ျဖစ္တဲ့ ကြင္းလယ္အဖ်က္ ကစားသမားေကာင္းတစ္ေယာက္ မျဖစ္မေနလိုအပ္ေနၿပီး ေမဆန္ေမာင့္လိုကစားသမား မ်ိဳးကို ေနရာမွန္ ထားၿပီးမကစားခိုင္းတာကလည္း နည္းျပအမ္မိုရင္ကို ေမးခြန္းထုတ္မႈေတြရွိေနၿပီး ကစားသမားအမ်ား စုကို Out Of Position သုံးေနတဲ့အေနအထားမွာ ကြင္းလယ္ပိုင္းဟာ ဆိုးသထက္ဆိုးလာဖို႔သာရွိေနပါတယ္။ လက္ရွိ အသင္းမွာရွိေနတဲ့ ကြင္းလယ္ကစားသမား ေတြရဲ႕ေျခစြမ္းဟာ အျခားေသာအသင္းႀကီးေတြထက္ အရာရာမွာလိုအပ္ခ်က္ ေတြရွိေနပါတယ္။ ဒီအခ်က္ဟာ မန္ယူအသင္းနဲ႔ နည္းျပအမ္မိုရင္ရဲ႕ကစားကြက္နဲ႔ ေျခစြမ္းပိုင္းက ဆိုးသထက္ဆိုးလာ တယ္လို႔ေျပာႏိုင္ၿပီး အမ္မိုရင္လက္ထက္မွာ မန္ယူအသင္းက ထူးထူးျခားျခားတိုးတက္လာတာမ်ိဳးမရွိတဲ့အျပင္ လက္ရွိမွာ အသင္းက ပိုၿပီးဆုတ္ယုတ္လာတဲ့အေျခအေနမ်ိဳး ေတြကို ျမင္ေတြ႕လာရပါတယ္။
နည္းျပ ႐ူဘင္အမ္မိုရင္ကိုင္တြယ္တဲ့ ပြဲစဥ္ (၃၃)ပြဲမွာ (၉)ပြဲသာအႏိုင္ရရွိထားၿပီး (၇)ပြဲ သေရ က်ထားသလို အဆုံးဆိုးအခ်က္ကေတာ့ (၁၇)ပြဲရႈံး နိမ့္ထားတာက ေတာ္ေတာ္ကို ဆိုး႐ြားတဲ့ရလဒ္တစ္ခု လို႔ေတာင္ဆိုႏိုင္ၿပီး ပြဲစဥ္အားလုံးရဲ႕ ထက္ဝက္နီးပါးရႈံးနိမ့္ထားတယ္လို႔ဆိုႏိုင္ပါတယ္။ မန္ယူလို အစဥ္အလာႀကီးမားတဲ့အသင္းအေနနဲ႔ ၾကည့္ရင္ ဒီရလဒ္ပိုင္း က လက္ခံႏိုင္စရာမ်ိဳးမဟုတ္တဲ့အျပင္ အမ္မိုရင္ လက္ထက္မွာ မန္ယူအသင္းဟာ အိမ္ကြင္းအေဝး ကြင္းႏွစ္ပြဲဆက္ႏိုင္ဖူးတဲ့ရလဒ္မ်ိဳး တစ္ခါမွမရွိခဲ့တာ ကိုလည္းေတြ႕ရပါတယ္။ ဒါဟာ နည္းျပတန္းဟက္ လက္ထက္တုန္း ကနဲ႔ယွဥ္ၾကည့္ရင္ တန္းဟက္ ကိုင္တြယ္စဥ္မွာ ပြဲစဥ္(၃၃)ပြဲမွာ (၁၃)ပြဲအႏိုင္ရရွိထားၿပီး (၇)ပြဲသေရက်ထားသလို (၁၂)ပြဲစာ ရႈံးနိမ့္ထားတာကို ေတြ႕ရပါတယ္။ ဒီရလဒ္ပိုင္းေတြက အသင္းအတြက္ တစ္ခုမွမေကာင္းခဲ့ေပမယ့္လည္း အမ္မိုရင္ကိုခန႔္ အပ္လိုတဲ့ နည္းျပရာထူးက တိုးတက္မလာတဲ့အျပင္ ပိုဆိုးလာတယ္ဆိုတာကို ျပသေနတာျဖစ္ပါတယ္။ ဒါ့ျပင္ အသင္းရဲ႕ကြင္းလယ္ပိုင္းမွာ လိုအပ္ခ်က္ေတြ မ်ားစြာရွိတဲ့အျပင္ ဘ႐ုႏိုဖာနန္ဒက္ရဲ႕ ေျခစြမ္းပိုင္းနဲ႔ ပင္နယ္တီလြဲ ေခ်ာ္မႈေတြကလည္း မန္ယူအသင္းအတြက္ ျပန္လည္စဥ္းစားရမယ့္အခ်က္ေတြပဲျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ မန္ယူ အသင္းဟာ တိုက္စစ္ပိုင္းကို ဘယ္ေလာက္ပဲအားျဖည့္ျဖည့္ ကြင္းလယ္ပိုင္းမွာဖန္တီးႏိုင္မႈမရွိသမွ်ေတာ့ တိုက္စစ္ပိုင္း အတြက္ ဂိုးေတြရဖို႔ ခက္ခဲေနဦးမွာပဲျဖစ္ပါတယ္။ အားလုံးကို ၿခဳံေျပာရရင္ မန္ယူအသင္းမွာ ဘယ္ေနရာကေနဂိုးရ မယ္ဆိုတဲ့ခံစားခ်က္မ်ိဳးမရသလို သြင္းဂိုးေတြအတြက္ ဘယ္ကစားကြက္နဲ႔ အံဝင္မလဲဆိုတဲ့အေျဖကို နည္းျပ အမ္မိုရင္ ခ်ျပႏိုင္ျခင္းမရွိေသးတဲ့အျပင္ ႐ိုးစင္းလြန္တဲ့ ကစားကြက္အခင္းအက်င္းတစ္ခုကိုသာ ျမင္ေတြ႕ လာရတာျဖစ္ပါတယ္။ အသင္းႀကီးတစ္သင္းအေနနဲ႔ ဘယ္ေနရာကေန ဘယ္လိုဂိုးေတြရမယ္ဆိုတဲ့ ခံစား ခ်က္မ်ိဳးမရတာက ပရိသတ္ေတြ အတြက္ေရာ အသင္းရဲ႕တာဝန္ရွိသူေတြပါ လက္မခံႏိုင္တဲ့အခ်က္ ျဖစ္သလို ဒီပုံစံအတိုင္းဆက္သြားလို႔ ျဖစ္ပါ့မလားဆို တဲ့အေတြးမ်ားစြာလည္းရွိေနပါတယ္။
မန္ယူအသင္းက ဘရန္းဖို႔ဒ္အသင္းကို (၃)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့ၿပီး ေနာက္ဆက္တြဲမွာပဲ အသင္း ရဲ႕ဥကၠ႒နဲ႔ တာဝန္ရွိသူေတြက နည္းျပ ႐ူဘင္အမ္မိုရင္ ကို ယုံၾကည္မႈအျပည့္အဝေပးထားတယ္လို႔ ေျပာထား ေပမယ့္ အခုလက္ရွိ မီဒီယာေတြမွာ အသင္းဘက္က အမ္မိုရင္ကိုထုတ္ပယ္မယ္ဆိုရင္ ခန႔္ထားမယ့္နည္းျပ ေတြကို လ်ာထားမႈေတြရွိေန တယ္လို႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။ မန္ယူအသင္းအေနနဲ႔ လာမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ပြဲက်ပ္ ေတြကို ဆက္တိုက္ရင္ဆိုင္ရမွာျဖစ္ၿပီး အဲဒီပြဲစဥ္မွာ ရလဒ္ပိုင္း ဆိုး႐ြားခဲ့ပါက နည္းျပ အမ္မိုရင္ကို ရာထူးကေနထုတ္ ပယ္ၿပီး အေျပာင္းအလဲလုပ္ႏိုင္တဲ့အေျခအေနမ်ိဳးမွာ ရွိေနပါတယ္။ ေနာက္ထပ္တစ္ခ်က္က‌ေတာ့ အမ္မိုရင္ ကို ရာထူးက ေနထုတ္ပယ္ခဲ့ပါက မန္ယူအသင္းအေနနဲ႔ ေလ်ာ္ေၾကးေငြ (၁၂)သန္းေပးေခ်ရမွာျဖစ္တာ ေၾကာင့္ တာဝန္ရွိသူေတြ ဘက္က စဥ္းစားစရာျဖစ္တဲ့ အျပင္ အမ္မိုရင္ကိုေခၚယူခဲ့စဥ္ကလည္း ေလ်ာ္ေၾကး ေငြ (၁၀)သန္းေပးေခ်ခဲ့ရတာေၾကာင့္ တကယ္လို႔ အမ္မိုရင္ကိုသာထုတ္ပယ္ခဲ့ပါက မန္ယူအသင္းဘက္ ကသာ နစ္နာစရာေတြျဖစ္လာဖို႔ရွိေနပါတယ္။
လက္ရွိမွာ မန္ယူအသင္းရဲ႕ နည္းျပရာထူး အတြက္နာမည္ထြက္ေနတဲ့ နည္းျပေတြကေတာ့ အဂၤ လန္အသင္း နည္းျပေဟာင္း ေဆာက္ဂိတ္က ထိပ္ဆုံး ေနရာမွာရွိေနၿပီး ဘုန္းေမာက္စ္အသင္းနည္းျပ အန္ဒိုနီ အီရာ႐ိုလာနဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းရဲ႕ နည္းျပ အိုလီဗာခရစၥနာတို႔ျဖစ္ပါတယ္။ ေနာက္ထပ္ မထင္မွတ္ထားတဲ့နည္းျပကေတာ့ ဘ႐ိုက္တန္နဲ႔ ခ်ဲလ္ ဆီးအသင္းတို႔ရဲ႕ နည္းျပေဟာင္း ဂေရဟမ္ေပၚတာ တို႔ပဲျဖစ္ပါတယ္။ နည္းျပေဆာက္ဂိတ္ကေတာ့ အဂၤလန္ႏိုင္ငံသားျဖစ္တဲ့အတြက္ ကစားသမားေတြ အေပၚမွာထိန္းခ်ဳပ္ႏိုင္မယ့္အျပင္ မီဒီယာေတြကိုလည္း ကိုင္တြယ္ ႏိုင္မယ္ဆိုတဲ့ယုံၾကည္ခ်က္တစ္ခုနဲ႔ လ်ာထားတာျဖစ္ၿပီး ဘုန္းေမာက္စ္အသင္းရဲ႕နည္းျပကိုေတာ့ တိုက္စစ္အားသန္တဲ့ အျပင္ ဘုန္းေမာက္စ္ အသင္းရဲ႕ လက္ရွိမွာ ေျခစြမ္းပိုင္းနဲ႔ ရလဒ္ပိုင္းေတြ ေၾကာင့္ျဖစ္ၿပီး နည္းျပ အိုလီဗာခရစၥနာကိုေတာ့ ခရစၥတယ္ပဲေလ့စ္အသင္းကို ႏွစ္ေပါင္း(၁၆၀)အ တြင္းမွာ (၁၈)ပြဲဆက္တိုက္ ရႈံးပြဲမရွိေအာင္ စြမ္းေဆာင္ထားႏိုင္တဲ့အျပင္ FA Cup နဲ႔ ကြန္ျမဴနတီ ဒိုင္းေတြကိုရယူေပးထားတာေၾကာင့္ မန္ယူအသင္း ဘက္က စိတ္ဝင္စားေနတာျဖစ္ပါတယ္။ ဂေရဟမ္ေပၚ တာကေတာ့ မန္ယူအသင္းဘက္က ေခၚယူဖို႔ရာခိုင္ ႏႈန္းအနည္းျဖစ္ေနၿပီး ဝက္စ္ဟမ္းဘက္က ထုတ္ပယ္ လိုက္တဲ့နည္းျပကိုေခၚယူဖို႔ မျဖစ္ႏိုင္သေလာက္နည္း ပါးပါတယ္။
ဒါေၾကာင့္ မန္ယူအသင္းရဲ႕ နည္းျပရာထူးက ခန႔္မွန္းလို႔မရေသးတဲ့အေနအထားတစ္ရပ္မွာရွိ ေနေသးၿပီး မန္ယူအသင္းရဲ႕တာဝန္ရွိသူေတြက နည္းျပ အမ္မိုရင္ကို အျပည့္အဝေထာက္ခံထားၿပီး ယုံၾကည္မႈေပးထားတဲ့တိုင္ေအာင္ ရလဒ္ေတြ ဆက္တိုက္ဆိုး႐ြားေနဦးမယ္ဆိုရင္ေတာ့ ရာထူးအေျပာင္း အလဲက ခ်က္ခ်င္းဆိုသလိုျဖစ္လာႏိုင္တဲ့အေနအ ထားျဖစ္ပါတယ္။ ဒါ့ျပင္ အမ္မိုရင္အေနနဲ႔ ပြဲက်ပ္ကာ လေတြကို ဆက္တိုက္ရင္ဆိုင္ရဖို႔ရွိေနၿပီး လီဗာပူးလ္၊ ဘ႐ိုက္တန္၊ ေနာ္တင္ေဖာရက္စ္နဲ႔ စပါးစ္ အသင္းေတြကို ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ အမ္မိုရင္အေနနဲ႔ ဒီပြဲစဥ္ေတြမၿပီးေသးခင္မွာပဲ ထုတ္ပယ္ခံရဖို႔ အလားအလာမ်ားေနပါတယ္။
ဒါေတြဟာ မန္ယူအသင္းအတြက္ အေျဖ ရွာမရေသးတဲ့ျပႆနာေတြျဖစ္ၿပီး နည္းျပႀကီး ဖာဂူ ဆန္ထြက္ခြာ သြားၿပီးေနာက္ပိုင္းမွာ မန္ယူအသင္းရဲ႕ အေျခအေနေတြဟာ ဆိုးသထက္ဆိုးလာတဲ့အျပင္ အသင္းကို ေရရွည္ ဏူေည ဆြဲၿပီး ပရီးမီးယားလိဂ္နဲ႔ ဥေရာပၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈေတြကိုရယူေပးႏိုင္ မယ့္နည္းျပေကာင္းတစ္ေယာက္ကို လက္ရွိအခ်ိန္အထိ ျမင္ေတြ႕ရျခင္းမရွိေသးဘဲ ကစားသမား အေျပာင္းအေ႐ႊ႕ေတြမွာလည္း မွန္ကန္တိက်တဲ့ ေခၚယူ မႈေတြကိုလုပ္ေဆာင္ႏိုင္ျခင္းမရွိေသးတာပဲျဖစ္ပါတယ္။ လက္ရွိမွာလည္း နည္းျပအေျပာင္းအလဲလုပ္ဖို႔အတြက္ သတင္း ေတြထြက္ေပၚေနတဲ့ မန္ယူအသင္းအတြက္ လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္ဖို႔ဆိုရင္ နည္းျပအေျပာင္းအလဲ လုပ္တာက အေျဖတစ္ခုလား ဒါမွမဟုတ္ရင္ ကစားသမားေတြ အေျပာင္းအလဲလုပ္ တာကအေျဖလားဆိုတာကို ေမးခြန္း ထုတ္ရမွာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.