ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်သို့ အလည်လာရောက်သည့်အဖွဲ့ ပဒူတုပ်ခံရ၍ (၂)ဦး စိုးရိမ်ရ

6806
သန့်ဇင် (NP News) - ဩဂုတ် ၃၁
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်သို့ အလည်လာရောက်သည့် ဆောက်လုပ်ရေးအဖွဲ့ ပဒူတုပ်ခံရမှုကြောင့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၃၁ ရက်)၊ မွန်းလွဲ ၁၂နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့၊ အမှတ်(၅)နယ်မြေ၊ ပွဲကောက်ရေတံခွန် အဆင်းလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ပွဲကောက်ကို သွားတဲ့လမ်းပေါ်မှာဖြစ်တာပါ။ အလည်လာရင်းနဲ့ဖြစ်တာဗျ။ အဲဒီနားမှာ သုံးဘီးဂိတ်ရှိတယ်ပေါ့နော်။ အဲဒီနားမှာ လမ်းလျှောက်နေရင်းနဲ့ ဖြစ်တာပေါ့” ဟု သန္တသုခအခမဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ပဒူတုပ်ခံရသည့်အဖွဲ့သည် အမျိုးသား(၅)ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်သော ဆောက်လုပ်ရေးအဖွဲ့ဖြစ်ပြီး ပဒူတုပ်ခံရမှုကြောင့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးသည် အနည်းငယ်စိုးရိမ်ဖွယ်ရှိကြောင်း သိရသည်။
“သူတို့ကစုစုပေါင်း(၆)ယောက်ပေါ့နော်။ အကုန်လုံးတော့ ဆေးရုံပို့ထားရတယ်။ အဲဒီထဲက နှစ်ယောက်ကတော့ အတုပ်ခံရတာ နည်းနည်းလေးများတာပေါ့နော်” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါအဖွဲ့အား သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ျပင္ဦးလြင္ၿမိဳ႕ ပြဲေကာက္ေရတံခြန္သို႔ အလည္လာေရာက္သည့္အဖြဲ႕ ပဒူတုပ္ခံရ၍ (၂)ဦး စိုးရိမ္ရ
သန႔္ဇင္ (NP News) - ဩဂုတ္ ၃၁
မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕ ပြဲေကာက္ေရတံခြန္သို႔ အလည္လာေရာက္သည့္ ေဆာက္လုပ္ေရးအဖြဲ႕ ပဒူတုပ္ခံရမႈေၾကာင့္ အမ်ိဳးသားတစ္ဦး ႏွင့္ အမ်ိဳးသမီးတစ္ဦး စိုးရိမ္ဖြယ္အေျခအေနရွိေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဩဂုတ္လ ၃၁ ရက္)၊ မြန္းလြဲ ၁၂နာရီခြဲအခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕၊ အမွတ္(၅)နယ္ေျမ၊ ပြဲေကာက္ေရတံခြန္ အဆင္းလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သႏၲိသုခ အခမဲ့လူမႈကူညီေရးအသင္းထံမွ သိရသည္။
“ပြဲေကာက္ကို သြားတဲ့လမ္းေပၚမွာျဖစ္တာပါ။ အလည္လာရင္းနဲ႔ျဖစ္တာဗ်။ အဲဒီနားမွာ သုံးဘီးဂိတ္ရွိတယ္ေပါ့ေနာ္။ အဲဒီနားမွာ လမ္းေလွ်ာက္ေနရင္းနဲ႔ ျဖစ္တာေပါ့” ဟု သႏၲသုခအခမဲ့လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ပဒူတုပ္ခံရသည့္အဖြဲ႕သည္ အမ်ိဳးသား(၅)ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးပါဝင္ေသာ ေဆာက္လုပ္ေရးအဖြဲ႕ျဖစ္ၿပီး ပဒူတုပ္ခံရမႈေၾကာင့္ အမ်ိဳးသားတစ္ဦး ႏွင့္ အမ်ိဳးသမီးတစ္ဦးသည္ အနည္းငယ္စိုးရိမ္ဖြယ္ရွိေၾကာင္း သိရသည္။
“သူတို႔ကစုစုေပါင္း(၆)ေယာက္ေပါ့ေနာ္။ အကုန္လုံးေတာ့ ေဆး႐ုံပို႔ထားရတယ္။ အဲဒီထဲက ႏွစ္ေယာက္ကေတာ့ အတုပ္ခံရတာ နည္းနည္းေလးမ်ားတာေပါ့ေနာ္” ဟု ၎ကဆက္လက္ေျပာသည္။
အဆိုပါအဖြဲ႕အား သႏၲိသုခအခမဲ့လူမႈကူညီေရးအသင္းမွ ျပင္ဦးလြင္ၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။