တရုတ်နိုင်ငံမှာ မောင်းသူမဲ့ စက်ရုပ်တက္ကစီ ဆောက်လုပ်ရေးမြောင်းထဲ ပြုတ်ကျ

 2765

ရောင်နီ (NP News) - သြဂုတ် ၁ဝ
တရုတ်စက်ရုပ်ကုမ္ပဏီ Baidu ရဲ့ Apollo Go စက်ရုပ်ဝန်ဆောင်မှုမှ ထုတ်လုပ်တဲ့ ဒါရိုင်ဘာမလို အလို အလျောက်မောင်းနှင်နိုင်တဲ့ မောင်းသူမဲ့ စက်ရုပ်တက္ကစီတစ်စီးဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြို့မှာ ခရီးသည်တစ်ဦးကို တင်ဆောင်လာစဉ် ဆောက်လုပ်ရေးဆိုက်တစ်ခုထဲက မြောင်းထဲပြုတ်ကျသတိမ်းမှောက်မှု ဖြစ်ခဲ့ပါတယ်။
Southern Metropolis Daily နဲ့ Huashang Newspaper သတင်းစာ အပါအဝင် မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီအဖြစ်အပျက်ဟာ ဩဂုတ် ၆ ရက်က ချုံချင်း မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တက္ကစီနဲ့ လိုက်ပါလာတဲ့ ခရီးသည်အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ လှေခါးကိုအသုံးပြုကာ မြောင်းထဲကနေ အပေါ်ပြန်တက်လာနိုင်ခဲ့ပါတယ်။ တရုတ်ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ဗီဒီယိုတွေအရတော့ ဆောက်လုပ်ရေး ကတုတ်ကျင်းတစ်ခုရဲ့အောက်ခြေမှာ Baidu Apollo လိုဂိုပါတဲ့ အဖြူရောင်စက်ရုပ်တက္ကစီယာဉ်တစ်စီးနဲ့အတူ ဘေးမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်း သတိပေးဆိုင်းဘုတ်တွေကို တွေ့ရှိရပါတယ်။ ဆောက်လုပ်ရေး အတားအဆီးတွေကို ဖြတ်ကျော်ပြီး အဲဒီကတုတ်မြောင်းထဲကို ဘယ်လိုဘယ်ပုံ ပြုတ်ကျ တိမ်းမှောက်ခဲ့လဲ ဆိုတာတော့ မရှင်းလင်းသေးပါဘူး။ ဒီအဖြစ်အပျက်အတွက် Baidu ကုမ္ပဏီကလည်း မှတ်ချက်ပြုခြင်း မရှိသေးပါ ဘူး။
ဒီအဖြစ်အပျက်ဟာ စက်ရုပ်တွေရဲ့ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်ပြီး တရုတ်ဆိုရှယ်ကွန်ရက်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ Baidu ဟာ တရုတ်နိုင်ငံရဲ့အကြီးဆုံးမောင်းသူမဲ့ စက်ရုပ်ယာဉ် ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပြီး ဝူဟန်၊ ပေကျင်းနဲ့ ချုံချင်း အပါအဝင် မြို့များစွာမှာ စီးပွားဖြစ် စက်ရုပ် လုပ်ငန်းလုပ်ဆောင်လျက်ရှိပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံမွာ ေမာင္းသူမဲ့ စက္႐ုပ္တကၠစီ ေဆာက္လုပ္ေရးေျမာင္းထဲ ျပဳတ္က်
ေရာင္နီ (NP News) - ၾသဂုတ္ ၁ဝ
တ႐ုတ္စက္႐ုပ္ကုမၸဏီ Baidu ရဲ႕ Apollo Go စက္႐ုပ္ဝန္ေဆာင္မႈမွ ထုတ္လုပ္တဲ့ ဒါ႐ိုင္ဘာမလို အလို အေလ်ာက္ေမာင္းႏွင္ႏိုင္တဲ့ ေမာင္းသူမဲ့ စက္႐ုပ္တကၠစီတစ္စီးဟာ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ခ်ဳံခ်င္းၿမိဳ႕မွာ ခရီးသည္တစ္ဦးကို တင္ေဆာင္လာစဥ္ ေဆာက္လုပ္ေရးဆိုက္တစ္ခုထဲက ေျမာင္းထဲျပဳတ္က်သတိမ္းေမွာက္မႈ ျဖစ္ခဲ့ပါတယ္။
Southern Metropolis Daily နဲ႔ Huashang Newspaper သတင္းစာ အပါအဝင္ မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ ဒီအျဖစ္အပ်က္ဟာ ဩဂုတ္ ၆ ရက္က ခ်ဳံခ်င္း မွာ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ တကၠစီနဲ႔ လိုက္ပါလာတဲ့ ခရီးသည္အမ်ိဳးသမီးကေတာ့ ထိခိုက္ဒဏ္ရာရရွိမႈ မရွိဘဲ ေလွခါးကိုအသုံးျပဳကာ ေျမာင္းထဲကေန အေပၚျပန္တက္လာႏိုင္ခဲ့ပါတယ္။ တ႐ုတ္ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔ေနတဲ့ဗီဒီယိုေတြအရေတာ့ ေဆာက္လုပ္ေရး ကတုတ္က်င္းတစ္ခုရဲ႕ေအာက္ေျခမွာ Baidu Apollo လိုဂိုပါတဲ့ အျဖဴေရာင္စက္႐ုပ္တကၠစီယာဥ္တစ္စီးနဲ႔အတူ ေဘးမွာလည္း ေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္း သတိေပးဆိုင္းဘုတ္ေတြကို ေတြ႕ရွိရပါတယ္။ ေဆာက္လုပ္ေရး အတားအဆီးေတြကို ျဖတ္ေက်ာ္ၿပီး အဲဒီကတုတ္ေျမာင္းထဲကို ဘယ္လိုဘယ္ပုံ ျပဳတ္က် တိမ္းေမွာက္ခဲ့လဲ ဆိုတာေတာ့ မရွင္းလင္းေသးပါဘူး။ ဒီအျဖစ္အပ်က္အတြက္ Baidu ကုမၸဏီကလည္း မွတ္ခ်က္ျပဳျခင္း မရွိေသးပါ ဘူး။
ဒီအျဖစ္အပ်က္ဟာ စက္႐ုပ္ေတြရဲ႕ေဘးကင္းလုံၿခဳံမႈနဲ႔ပတ္သက္ၿပီး တ႐ုတ္ဆိုရွယ္ကြန္ရက္မီဒီယာမွာ က်ယ္က်ယ္ျပန႔္ျပန႔္ေဝဖန္မႈေတြ ျဖစ္ေပၚလာေစခဲ့ပါတယ္။ Baidu ဟာ တ႐ုတ္ႏိုင္ငံရဲ႕အႀကီးဆုံးေမာင္းသူမဲ့ စက္႐ုပ္ယာဥ္ ထုတ္လုပ္တဲ့ကုမၸဏီျဖစ္ၿပီး ဝူဟန္၊ ေပက်င္းနဲ႔ ခ်ဳံခ်င္း အပါအဝင္ ၿမိဳ႕မ်ားစြာမွာ စီးပြားျဖစ္ စက္႐ုပ္ လုပ္ငန္းလုပ္ေဆာင္လ်က္ရွိပါတယ္။

Related news

© 2021. All rights reserved.