အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့နဲ့ အမေရိကန်ရဲ့လက်တစ်လုံးခြား အလုပ်သမားနေ့ ဇာတိရုပ်အမှန်

687

HtayOung (NP News) - စက်တင်ဘာ ၈
ပြီးခဲ့တဲ့ စက်တင်ဘာ (၁)ရက်ဟာ အမေရိကန်နိုင်ငံမှာ အလုပ်သမားနေ့(Labour Day) ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကျင့်သုံးနေကြတဲ့ အပြည်ပြည် ဆိုင်ရာအလုပ်သမားနေ့(International Worker’s Day) မေဒေး(May Day)နဲ့မတူပါဘူး။ နှစ်စဉ် မေ လ(၁)ရက်ဟာ “အပြည်ပြည်ဆိုင်ရာ အလုပ်သမား များနေ့” ဖြစ်ကြောင်း လူအတော်များများသိရှိကြပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံမှာတော့ “အလုပ် သမားနေ့” ဟာ စက်တင်ဘာလထဲမှာဖြစ်နေပါတယ်။
အလုပ်လုပ်သူတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက ဂုဏ်ပြုတဲ့ မေလ(၁)ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို အမေရိကန်ဖက်ဒရယ်အစိုးရက အသိအမှတ်မပြုပါဘူး။ အလုပ်သမားတွေကို ဂုဏ်ပြုခြင်း၊ လူမှုရေးတရားမျှတမှုနဲ့ ရပိုင်ခွင့်တွေတောင်းဆို ခြင်းအထိမ်းအမှတ်ကို ဒီမိုကရေစီ မီးရှူး တန်ဆောင်နိုင်ငံကြီးက မှေးမှိန်ထားတယ်လို့ အများကဲ့ရဲ့စရာ မဖြစ်ရအောင် အလုပ်သမားနေ့ရယ်လို့ ရက်သတ်မှတ် ပေးထားပေမယ့် မေလမဟုတ်ဘဲ စက်တင်ဘာလအတွင်း ရွှေ့ပစ်ထားပါတယ်။ သူတို့ ဘာသာ သီးသန့်သတ်မှတ်ခဲ့တာဟာ (၁၈၉၄) ခုနှစ်ကတည်းကဖြစ်ပြီး အဲဒီဖြစ်ရပ်နောက်ကွယ်မှာ အမေရိကန်ရဲ့ ကွန်မြူနစ် ကြောက်ရောဂါနဲ့ ယနေ့တိုင်တည်ရှိနေဆဲ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကိုတွေ့မြင်နိုင်ပါတယ်။
မေဒေးရဲ့မူလအစဟာ လူမှုနိုင်ငံရေး အယူအဆ၊ ကွန်မြူနစ်ဝါဒ၊ အလုပ်သမားအခွင့်အရေး တိုက်ပွဲတွေနဲ့ နက်ရှိုင်းစွာဆက်စပ်နေပြီး ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားတွေရဲ့ စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုပါတယ်။ မေဒေးနေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ အလုပ်သမားတို့က အင်အားပြ စီ တန်း လှည့်လည်ခြင်း၊ ဆန္ဒပြခြင်း၊ အလုပ်သမားအခွင့် အရေးတောင်းဆိုခြင်းများကို အဓိကပြုလုပ်လေ့ ရှိပါတယ်။ နိုင်ငံတချို့ဆိုရင် အလုပ်သမားတွေ စစ်ရေးပြတာ၊ အလုပ်သမားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုတွေ ပါဝင်ပါတယ်။ နောက်ပိုင်း မေလ (၈)ရက်ကို “အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့” အဖြစ် သတ်မှတ်ကြဖို့ဖြစ်လာခဲ့ပါတယ်။
(၁၈)ရာစုနှောင်းပိုင်း (၁၉)ရာစုအစ ကာလ စက်ယန္တရားကိုအသုံးပြုပြီး ကုန်ပစ္စည်းထုတ်လုပ်တဲ့ “စက်မှုတော်လှန်ရေး” ဟာ ဗြိတိန်နိုင်ငံမှာအစပြုပြီး ဥရောပနဲ့မြောက်အမေရိကတိုက်ကို လျင်မြန်စွာ ကူးစက်သွားပါတယ်။ လက်မှုလုပ်ငန်းမှ စက်မှုအခြေ ပြုစီးပွားရေးစနစ်ကို အရှိန်အဟုန်ပြင်းစွာ ပြောင်း လဲသွားတာပဲဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ ကုန်ပစ္စည်းထုတ် လုပ်ရာမှာ ပိုမိုအားကောင်းလာတဲ့အတွက် စားနပ် ရိက္ခာထွက်နှုန်းပိုလာပြီး လူဦးရေတိုးပွားလာပေမယ့် ကျန်းမာရေးနဲ့ လူနေမှုအဆင့်အတန်း ကျဆင်းလာပါတယ်။ မြို့ပြတွေဆီ လူဦးရေစီးဆင်းမှုများပြားလာပြီး ကုန်ကြမ်းရင်းမြစ်ရရှိရေးနဲ့ ကုန် ချောဈေးကွက်ရရှိရေး အတွက် ခေတ်နောက်ကျနေတဲ့တိုင်းပြည်ငယ်တွေကို ကိုလိုနီ ဇာတ်သွင်းမှု တွေဖြစ်လာပါတယ်။
မတူခြားနားတဲ့ အလုပ်သမားနေ့နှစ်ခုဟာ ဖြစ်ပေါ်လာပုံ၊ ကျင်းပပုံနဲ့ နိုင်ငံရေးဆိုင်ရာ ဆက်နွှယ် မှုတွေရှိနေကြပါတယ်။ တကယ်တော့ မေဒေးရဲ့ မူလ အစ “ဟေး မားကက်အရေးအခင်း” ဟာ အမေရိ ကန် နိုင်ငံအတွင်းမှာပဲဖြစ်ပွားခဲ့ပါတယ်။ ပြည်တွင်းစစ်အပြီး ရှည်လျားတဲ့စီးပွားပျက်ကပ်ကိုရင်ဆိုင်နေ ရခိုက် အဲဒီကာလ အလုပ်သမားတွေဟာ တစ်ရက်ကို (၁.၅၀) ဒေါ်လာသာရရှိကြပြီး ရက်သတ္တပတ်ကို ပျမ်းမျှ (၆)ရက်၊ တစ်ရက်ကို (၁၀)နာရီကျော် အလုပ်လုပ် ကြရပါတယ်။ ဒီအတွက် တစ်ရက်ကို အလုပ် ချိန် (၈)နာရီသတ်မှတ်ပေးဖို့နဲ့ ဘေးကင်းလုံခြုံတဲ့လုပ်ငန်းခွင် ဖန်တီးပေးဖို့တောင်းဆိုချက်တွေနဲ့ (၁၈၈၆)ခုနှစ် အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့ စက်ရုံတစ်ရုံက စတင်သပိတ်မှောက်ပါ တယ်။ သပိတ်မှောက်မှုဟာ တခြားမြို့ကြီးတွေဆီကူးစက်သွားပြီး စက်ရုံအလုပ်ရုံအများဆုံးရှိတဲ့ ချီကာဂို မှာ အလုပ်သမား (၄၀,ဝဝဝ)ကျော်နဲ့ တခြားမြို့တွေက အလုပ်သမား (၁)သောင်းကျော်တို့က သပိတ် မှောက်ရာမှာ ပါဝင်ခဲ့ကြတယ်။
မေလ (၃)ရက် ချီကာဂိုမြို့ သီးနှံရိတ်သိမ်း စက်ရုံတစ်ခုမှာ သပိတ်မှောက်အလုပ်သမားတွေနဲ့ သပိတ်မှောက်ဖို့ငြင်းဆန်သူ အုပ်စုနှစ်စုအကြား အချင်းများကြစဉ် ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တဲ့ အတွက် သပိတ်မှောက်အလုပ်သမား (၂)ဦး သေဆုံး ပါတယ်။ ဒီဖြစ်ရပ်ကို ကန့်ကွက်ရှုတ်ချမှုနဲ့ သပိတ် မှောက်အလုပ်သမားတွေရဲ့တောင်းဆိုချက်ကိုထောက်ခံကြောင်း မေလ(၄)ရက် ချီကာဂိုမြို့ ဟေးမား ကက် ရင်ပြင်မှာ အလုပ်သမား (၃၀ဝဝ) ခန့် စုဝေးပြီး ညီလာခံကျင်းပပါတယ်။
လူစုလူဝေးကိုဖြိုခွင်းဖို့အတွက် ည (၁၀) နာရီခန့်မှာ ရဲတပ်ဖွဲ့ဝင် အင်အား (၁၇၀)ခန့် ရောက်ရှိ လာပါတယ်။ အဲဒီအချိန် လူအုပ်ထဲရှိ အမည်မသိလူ တစ်ဦးက ရဲတပ်ဖွဲ့ဝင်တွေကြား ဗုံးနဲ့ပစ်ပေါက်တဲ့အ တွက် ရဲ(၁) ဦး သေဆုံး၊ (၇)ဦး ဒဏ်ရာရရှိသွားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့စတင်ပစ်ခတ်ပြီး အလုပ်သမားတွေက ပြန်လှန်လုံးထွေး ထိုးကြိတ်ကြပါတယ်။ ဒီဖြစ်ရပ်မှာ ရဲ (၇)ဦး အရပ်သား (၁)ဦး သေ ဆုံးပြီး လူပေါင်းရာချီ ဒဏ်ရာရရှိခဲ့ပါတယ်။
ဗုံးပစ်ပေါက်သူဟာ ဘယ်သူဘယ်ဝါမှန်း မသိရှိရပေမယ့် အလုပ်ရှင်တွေက အလုပ်သမားခေါင်း ဆောင်(၈)ဦးကို လူသတ်မှုနဲ့တရားစွဲဆိုခဲ့ရာ (၇)ဦး မှာ သေဒဏ်ချမှတ်ခံရပါတယ်။ တခြား အလုပ်သမား (၁)ဦးမှာလည်း နှစ်ကြီးထောင်ဒဏ်ချမှတ်ခံရပါတယ်။
အမေရိကန်ပြည်သူတွေရဲ့ အလုပ်သမား အခွင့်အရေးတောင်းဆိုမှု ဟေးမားကက်အရေးအခင်း ကို အလုပ်ရှင်တွေဘက်က သွေးချောင်းစီး နှိမ် နင်းပစ်ခဲ့ပေမယ့် နောက်ပိုင်း အလုပ်ချိန် (၈)နာရီ စနစ်နဲ့ အလုပ်သမားအခွင့်အရေးဥပဒေများပြဋ္ဌာန်းရေး တိုက်ပွဲဝင်ရာမှာ အရေးပါတဲ့လှုံ့ဆော်မှုတစ်ခုဖြစ်လာခဲ့ ပါတယ်။
ဟေးမားကက်အရေးအခင်း စတင်ဖြစ်ပွားတဲ့ မေလ(၁)ရက်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမား နေ့အဖြစ် သတ်မှတ်ထားတာကတော့ အမေရိကန် မှာမဟုတ်ဘဲ(၁၈၈၉)ခုနှစ် ပြင်သစ်နိုင်ငံပါရီမြို့ “Second International” ခေါ် နိုင်ငံတကာအလုပ် သမားပါတီများအစည်းအရုံးဖြစ်ပါတယ်။ အဲဒီအဖွဲ့ တွေဟာ အရင်းရှင်စနစ်ကိုဝေဖန်ပြီး လူတန်းစားမရှိ ဘုံလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးလှုံ့ဆော်တဲ့ (ဂျာမန် ဒဿနပညာရှင် သတင်းစာဆရာ) ကားလ်မာ့က်စ်ရဲ့ ဆိုရှယ်လစ်စနစ်နဲ့ ကွန်မြူနစ်ဝါဒဆိုင်ရာသီအိုရီတွေ ကို တိုက်ရိုက်ဆက်ခံသူတွေဖြစ်ပါတယ်။ နောက်ပိုင်း (၁၉၁၄)ခုနှစ် ပထမကမ္ဘာစစ်ဖြစ်ပွားတဲ့အခါ ပါဝင် တိုက်ခိုက်တဲ့နိုင်ငံတွေကို ထောက်ခံကန့်ကွက် မတူညီကြခြင်းကြောင့် နိုင်ငံတကာ အလုပ်သမားပါတီ များ အစည်းအရုံးကြီး ပြိုကွဲသွားရပါတယ်။
မေလ (၁)ရက်ဟာ ဥရောပတိုင်းပြည်များ အတွက် နွေဦးရာသီစတင်ဝင်ရောက်တဲ့ “မေဒေး” အဖြစ် မူလကတည်းကရှိခဲ့ပြီးသားပါ။ ချီကာဂို ဟေး မားကက်သပိတ် အလုပ်ချိန် (၈)နာရီတောင်းဆိုမှုကို ဂုဏ်ပြုတဲ့အနေနဲ့ မေလ (၁)ရက်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ်သတ်မှတ်ပြီး ကမ္ဘာ တစ် ဝန်းလုံးရှိ အလုပ်သမားအားလုံးပါဝင်ဖို့ (၁၈၈၉)ခုနှစ် ပါရီအလုပ်သမားများ လူထုအစည်းအဝေးက စတင် ဆုံးဖြတ်ခဲ့တယ်။ ကွန်မြူနစ်တို့ရဲ့သတ်မှတ်ချက်ကို အောင့်အောင့်ညှစ်ညှစ်နဲ့ လက်ခံလိုက်ရပေမယ့် (၁၈ ၉၄) ခုနှစ်ရောက်မှ အမေရိကန်အစိုးရဟာ သူ့တိုင်းပြည်ရဲ့အလုပ်သမားနေ့ကို မေလ (၁)ရက်အစား စက် တင်ဘာလထဲ ရွှေ့ပစ်လိုက်ပြီး “Labor Day” လို့ အမည်ပေးခြင်းဖြင့် သွေးစွန်းတဲ့အတိတ်ဖြစ်ရပ်ကို ပြည် ဖုံးကားချလိုက်ပါတယ်။
ကျရောက်လာတဲ့အလုပ်သမားနေ့ကို ဂုဏ်ပြုကြောင်း အမေရိကန်အစိုးရအဆက်ဆက်တို့က မိန့်ခွန်းတွေ၊ သဝဏ်လွှာတွေ ထုတ်ပြန်လေ့ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံတစ်ဝန်းလုံးရှိ အလုပ် သမား တွေရဲ့အခွင့်အရေးတွေကတော့ ခြိမ်းခြောက်ခံနေရပါ တယ်။ ထရမ့်အစိုးရနဲ့ ကွန်ဂရက် လွှတ် တော်အတွင်းရှိ ရှေးရိုးစွဲသမားတို့ဟာ အလုပ်သမားအကာအကွယ် ပေးရေး စံချိန် စံနှုန်းတွေကိုအားနည်း စေခဲ့ပြီး အလုပ်ခွင်စည်းမျဉ်းတွေကို ပြင်ဆင်ဖြတ်တောက်ကာ အလုပ်သမားသမဂ္ဂတို့ရဲ့အခွင့်အရေးတွေ ကိုလည်း လျှော့ချခဲ့ကြပါတယ်။ အလုပ်သမားတွေကို ကာကွယ်ပေးရမယ့် ပြည်နယ်အာဏာပိုင်တွေက လည်း ဖက်ဒရယ်အစိုးရရဲ့လုပ်ရပ်ကို လက်ပိုက်ကြည့်သလို ဖြစ်နေပါတယ်။ ဒီအတွက် အထူးသဖြင့် Blue states ခေါ် ဒီမိုကရက်တစ်အများစု လွှမ်းမိုးရာပြည်နယ်တွေ စုပေါင်းပြီး ဦးဆောင်ပြင်ဆင်သင့် တယ်လို့ ဗြိတိန်အခြေစိုက် “WEEKLY WORKER” (31 August 2025) က အမေရိကန်အလုပ်သမားနေ့ကို ဂုဏ်ပြုရေးသားပါတယ်။
ပိုမိုအားကောင်းတဲ့ အလုပ်သမားဥပဒေတွေကိုပြဋ္ဌာန်းနိုင်ကြောင်း၊ အကာအကွယ်ပေးရေးတွေ ကို တစ်ဖက်သတ်ပြဋ္ဌာန်းနိုင်ပြီး မလုံခြုံတဲ့အခြေ အနေတွေ၊ လုပ်အားခခိုးယူမှုတွေ၊ မတရားသဖြင့် ချုပ် ဆိုထားတဲ့ ကန်ထရိုက်လုပ်ငန်းများမှ အလုပ်သ မားများကိုကာကွယ်ပေးရန်စနစ်သစ်များကို ဖန်တီးနိုင် တယ်လို့အကြံပြုထားပါတယ်။ တချို့ပြည်နယ်တွေမှာ စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး နယူးဂျာစီ၊ ပင် ဆယ်ဗေးနီးယားနဲ့ ဒီလာဝဲလ်ပြည်နယ်တို့မှာ လုပ်အားခ ခိုးယူမှုအကာအကွယ်ပေးရေး ညှိနှိုင်းဆောင် ရွက်ရန် သဘောတူညီထားပြီးဖြစ်ကြောင်း၊ တခြားပြည်နယ်တချို့မှာ အလုပ်ခွင်အကာအကွယ်ပေးမှုတွေ ကိုပြဋ္ဌာန်းပြီး အလုပ်ရှင်ကုမ္ပဏီတွေကို တရားစွဲ ဆိုခဲ့ကြတယ်လို့ဆိုပါတယ်။ ဒီလောက်နဲ့ မလုံလောက် သေးဘဲ သဘောတူညီချက်တချို့ကိုတားဆီးဖို့၊ အလုပ်ခွင် အပူဒဏ်မှ ကာကွယ်ရေးစည်းမျဉ်းများ မိတ် ဆက်ပေးရန်၊ လုပ်အားခခိုးယူမှုတွေကို အကြီးစား ရာဇဝတ်မှုအဖြစ် အပြစ်ပေးရန်၊ ပြည်နယ်စာချုပ် များ၊ ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှုများအတွက် ခိုင်မာတဲ့အလုပ်သမားစံနှုန်းလိုအပ်ချက်တွေအပါအဝင် ပိုမို ကြီးမားရဲရင့်တဲ့လုပ်ဆောင်ချက်တွေဖြစ်လာစေဖို့ တိုက်တွန်းရေးသားထားပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ အကျဉ်းထောင်များအတွင်း အလုပ်လုပ်ကိုင်သူတွေရဲ့ အခြေအနေ ဟာ အဓိကလူ့အခွင့်အရေးပြဿနာတစ်ရပ် အဖြစ်တည်ရှိနေတယ်လို့ နယူးဂျာစီပြည်နယ်အခြေစိုက် Breaking AC ဒေသန္တရသတင်းစာ (26 November 2024) က ရေးခဲ့ဖူးပါတယ်။
ထောင်သားပေါင်း (၈၀ဝ,ဝဝဝ) နီးပါး ခန့်ဟာ ချက်ပြုတ်တာ၊ သန့်ရှင်းရေးလုပ်တာနဲ့ ဆောက် လုပ်ရေးလုပ်ငန်းလိုမျိုးအလုပ်တွေကို လုပ်ကိုင်နေရတယ်လို့ သတင်းတွေထွက်ပေါ်နေကြောင်း၊ ၎င်းတို့ အနက် အများစုမှာ လုပ်ခလစာ လုံးဝမရရှိ သို့မဟုတ် အလွန်နည်းပါးတဲ့လုပ်ခကိုသာရရှိကြောင်း အလာ ဘားမား၊ ဖလော်ရီဒါနဲ့ တက္ကဆက်တို့လို ပြည်နယ်တချို့မှာ အကျဉ်းထောင်သား အလုပ်သမား အများစု ကို လုပ်အားခ လုံးဝမပေးကြောင်း၊ ပေးတဲ့အခါ မှာလည်း တစ်နာရီကို (၁၃) ဆင့်မှ (၅၂)ဆင့်အထိ သာ ရရှိတတ်ပြီး ထောင်အာဏာပိုင်တွေက လုပ်အားခ ကို အကြီးအကျယ်ဖြတ်တောက်ထားကြောင်း၊ အဲဒီ စနစ်ဟာ ပြည်နယ်အစိုးရတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ အတွက် နှစ်စဉ် ဒေါ်လာ ဘီလျံပေါင်းများစွာ ဝင်ငွေရ ရှိစေကြောင်း၊ “Apple” “KFC” နဲ့ ပက်ပ်စီကိုလာတို့ လို နာမည်ကြီးတွေအပါအဝင် ကုမ္ပဏီ အတော်များများ တို့ဟာ အကျဉ်းထောင်အတွင်း အလုပ်သမားတွေကို အဓမ္မအသုံးပြုမှုနဲ့ဆက်စပ်နေ ကြောင်း၊ ဒီလုပ်ရပ်ဟာ “ကျွန်စနစ်”ရဲ့ အကြွင်းအကျန်လို့ဆိုနိုင်ပြီး အသားအရောင်ခွဲခြားမှုနဲ့ အကြီး အကျယ်ပတ်သက်နေတယ်လို့ ရေးပါတယ်။
နိုင်ငံပေါင်း(၁၆၀)ခန့်က အလုပ်သမား သမဂ္ဂတွေကိုစုစည်းထားတဲ့ International Trade Union Confederation (ITUC) နဲ့ American Civil Liberties Union (ACLU) ခေါ် အမေရိကန် အရပ်ဘက် မူလအခွင့်အရေးများကာကွယ်ရေးအဖွဲ့တွေက အမေရိကန်အကျဉ်းထောင်တွေအတွင်း အတင်းအဓမ္မ အလုပ်ခိုင်းစေမှု ပပျောက်ရေး၊ တရားမျှတတဲ့လုပ်အားခရရှိရေးနဲ့ အလုပ်သမားတွေရဲ့အခွင့်အရေးကို ကာကွယ်ပေးရေး တောင်းဆိုလျက်ရှိကြောင်း၊ မင်နီဆိုးတားပြည်နယ်မှ တက်ကြွလှုပ်ရှားသူတွေဟာ ပြောင်းလဲမှုအတွက် ဦးဆောင်လှုပ်ရှားနေကြတယ်လို့ ဆိုပါတယ်။

Zawgyi Version:
အျပည္ျပည္ဆိုင္ရာ အလုပ္သမားေန႔နဲ႔ အေမရိကန္ရဲ႕လက္တစ္လုံးျခား အလုပ္သမားေန႔ ဇာတိ႐ုပ္အမွန္
HtayOung (NP News) - စက္တင္ဘာ ၈
ၿပီးခဲ့တဲ့ စက္တင္ဘာ (၁)ရက္ဟာ အေမရိကန္ႏိုင္ငံမွာ အလုပ္သမားေန႔(Labour Day) ျဖစ္ပါတယ္။ တစ္ကမာၻလုံးက်င့္သုံးေနၾကတဲ့ အျပည္ျပည္ ဆိုင္ရာအလုပ္သမားေန႔(International Worker’s Day) ေမေဒး(May Day)နဲ႔မတူပါဘူး။ ႏွစ္စဥ္ ေမ လ(၁)ရက္ဟာ “အျပည္ျပည္ဆိုင္ရာ အလုပ္သမား မ်ားေန႔” ျဖစ္ေၾကာင္း လူအေတာ္မ်ားမ်ားသိရွိၾကပါတယ္။ ဒါေပမဲ့ အေမရိကန္ႏိုင္ငံမွာေတာ့ “အလုပ္ သမားေန႔” ဟာ စက္တင္ဘာလထဲမွာျဖစ္ေနပါတယ္။
အလုပ္လုပ္သူေတြကို ကမာၻ႔ႏိုင္ငံအသီးသီးက ဂုဏ္ျပဳတဲ့ ေမလ(၁)ရက္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေန႔ကို အေမရိကန္ဖက္ဒရယ္အစိုးရက အသိအမွတ္မျပဳပါဘူး။ အလုပ္သမားေတြကို ဂုဏ္ျပဳျခင္း၊ လူမႈေရးတရားမွ်တမႈနဲ႔ ရပိုင္ခြင့္ေတြေတာင္းဆို ျခင္းအထိမ္းအမွတ္ကို ဒီမိုကေရစီ မီးရႉး တန္ေဆာင္ႏိုင္ငံႀကီးက ေမွးမွိန္ထားတယ္လို႔ အမ်ားကဲ့ရဲ႕စရာ မျဖစ္ရေအာင္ အလုပ္သမားေန႔ရယ္လို႔ ရက္သတ္မွတ္ ေပးထားေပမယ့္ ေမလမဟုတ္ဘဲ စက္တင္ဘာလအတြင္း ေ႐ႊ႕ပစ္ထားပါတယ္။ သူတို႔ ဘာသာ သီးသန႔္သတ္မွတ္ခဲ့တာဟာ (၁၈၉၄) ခုႏွစ္ကတည္းကျဖစ္ၿပီး အဲဒီျဖစ္ရပ္ေနာက္ကြယ္မွာ အေမရိကန္ရဲ႕ ကြန္ျမဴနစ္ ေၾကာက္ေရာဂါနဲ႔ ယေန႔တိုင္တည္ရွိေနဆဲ အလုပ္သမား အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကိုေတြ႕ျမင္ႏိုင္ပါတယ္။
ေမေဒးရဲ႕မူလအစဟာ လူမႈႏိုင္ငံေရး အယူအဆ၊ ကြန္ျမဴနစ္ဝါဒ၊ အလုပ္သမားအခြင့္အေရး တိုက္ပြဲေတြနဲ႔ နက္ရႈိင္းစြာဆက္စပ္ေနၿပီး ကမာၻတစ္ဝန္းရွိ အလုပ္သမားေတြရဲ႕ စည္းလုံးညီၫြတ္မႈကို ကိုယ္စားျပဳပါတယ္။ ေမေဒးေန႔ေရာက္တိုင္း ကမာၻ႔ႏိုင္ငံအသီးသီးမွာ အလုပ္သမားတို႔က အင္အားျပ စီ တန္း လွည့္လည္ျခင္း၊ ဆႏၵျပျခင္း၊ အလုပ္သမားအခြင့္ အေရးေတာင္းဆိုျခင္းမ်ားကို အဓိကျပဳလုပ္ေလ့ ရွိပါတယ္။ ႏိုင္ငံတခ်ိဳ႕ဆိုရင္ အလုပ္သမားေတြ စစ္ေရးျပတာ၊ အလုပ္သမားသမဂၢေတြရဲ႕ လႈပ္ရွားမႈေတြ ပါဝင္ပါတယ္။ ေနာက္ပိုင္း ေမလ (၈)ရက္ကို “အျပည္ျပည္ ဆိုင္ရာအမ်ိဳးသမီးမ်ားေန႔” အျဖစ္ သတ္မွတ္ၾကဖို႔ျဖစ္လာခဲ့ပါတယ္။
(၁၈)ရာစုေႏွာင္းပိုင္း (၁၉)ရာစုအစ ကာလ စက္ယႏၲရားကိုအသုံးျပဳၿပီး ကုန္ပစၥည္းထုတ္လုပ္တဲ့ “စက္မႈေတာ္လွန္ေရး” ဟာ ၿဗိတိန္ႏိုင္ငံမွာအစျပဳၿပီး ဥေရာပနဲ႔ေျမာက္အေမရိကတိုက္ကို လ်င္ျမန္စြာ ကူးစက္သြားပါတယ္။ လက္မႈလုပ္ငန္းမွ စက္မႈအေျခ ျပဳစီးပြားေရးစနစ္ကို အရွိန္အဟုန္ျပင္းစြာ ေျပာင္း လဲသြားတာပဲျဖစ္ပါတယ္။ စိုက္ပ်ိဳးေရးနဲ႔ ကုန္ပစၥည္းထုတ္ လုပ္ရာမွာ ပိုမိုအားေကာင္းလာတဲ့အတြက္ စားနပ္ ရိကၡာထြက္ႏႈန္းပိုလာၿပီး လူဦးေရတိုးပြားလာေပမယ့္ က်န္းမာေရးနဲ႔ လူေနမႈအဆင့္အတန္း က်ဆင္းလာပါတယ္။ ၿမိဳ႕ျပေတြဆီ လူဦးေရစီးဆင္းမႈမ်ားျပားလာၿပီး ကုန္ၾကမ္းရင္းျမစ္ရရွိေရးနဲ႔ ကုန္ ေခ်ာေဈးကြက္ရရွိေရး အတြက္ ေခတ္ေနာက္က်ေနတဲ့တိုင္းျပည္ငယ္ေတြကို ကိုလိုနီ ဇာတ္သြင္းမႈ ေတြျဖစ္လာပါတယ္။
မတူျခားနားတဲ့ အလုပ္သမားေန႔ႏွစ္ခုဟာ ျဖစ္ေပၚလာပုံ၊ က်င္းပပုံနဲ႔ ႏိုင္ငံေရးဆိုင္ရာ ဆက္ႏႊယ္ မႈေတြရွိေနၾကပါတယ္။ တကယ္ေတာ့ ေမေဒးရဲ႕ မူလ အစ “ေဟး မားကက္အေရးအခင္း” ဟာ အေမရိ ကန္ ႏိုင္ငံအတြင္းမွာပဲျဖစ္ပြားခဲ့ပါတယ္။ ျပည္တြင္းစစ္အၿပီး ရွည္လ်ားတဲ့စီးပြားပ်က္ကပ္ကိုရင္ဆိုင္ေန ရခိုက္ အဲဒီကာလ အလုပ္သမားေတြဟာ တစ္ရက္ကို (၁.၅၀) ေဒၚလာသာရရွိၾကၿပီး ရက္သတၱပတ္ကို ပ်မ္းမွ် (၆)ရက္၊ တစ္ရက္ကို (၁၀)နာရီေက်ာ္ အလုပ္လုပ္ ၾကရပါတယ္။ ဒီအတြက္ တစ္ရက္ကို အလုပ္ ခ်ိန္ (၈)နာရီသတ္မွတ္ေပးဖို႔နဲ႔ ေဘးကင္းလုံၿခဳံတဲ့လုပ္ငန္းခြင္ ဖန္တီးေပးဖို႔ေတာင္းဆိုခ်က္ေတြနဲ႔ (၁၈၈၆)ခုႏွစ္ အေမရိကန္ႏိုင္ငံ အီလီႏြိဳက္ျပည္နယ္ ခ်ီကာဂိုၿမိဳ႕ စက္႐ုံတစ္႐ုံက စတင္သပိတ္ေမွာက္ပါ တယ္။ သပိတ္ေမွာက္မႈဟာ တျခားၿမိဳ႕ႀကီးေတြဆီကူးစက္သြားၿပီး စက္႐ုံအလုပ္႐ုံအမ်ားဆုံးရွိတဲ့ ခ်ီကာဂို မွာ အလုပ္သမား (၄၀,ဝဝဝ)ေက်ာ္နဲ႔ တျခားၿမိဳ႕ေတြက အလုပ္သမား (၁)ေသာင္းေက်ာ္တို႔က သပိတ္ ေမွာက္ရာမွာ ပါဝင္ခဲ့ၾကတယ္။
ေမလ (၃)ရက္ ခ်ီကာဂိုၿမိဳ႕ သီးႏွံရိတ္သိမ္း စက္႐ုံတစ္ခုမွာ သပိတ္ေမွာက္အလုပ္သမားေတြနဲ႔ သပိတ္ေမွာက္ဖို႔ျငင္းဆန္သူ အုပ္စုႏွစ္စုအၾကား အခ်င္းမ်ားၾကစဥ္ ရဲတပ္ဖြဲ႕က ဝင္ေရာက္ပစ္ခတ္တဲ့ အတြက္ သပိတ္ေမွာက္အလုပ္သမား (၂)ဦး ေသဆုံး ပါတယ္။ ဒီျဖစ္ရပ္ကို ကန႔္ကြက္ရႈတ္ခ်မႈနဲ႔ သပိတ္ ေမွာက္အလုပ္သမားေတြရဲ႕ေတာင္းဆိုခ်က္ကိုေထာက္ခံေၾကာင္း ေမလ(၄)ရက္ ခ်ီကာဂိုၿမိဳ႕ ေဟးမား ကက္ ရင္ျပင္မွာ အလုပ္သမား (၃၀ဝဝ) ခန႔္ စုေဝးၿပီး ညီလာခံက်င္းပပါတယ္။
လူစုလူေဝးကိုၿဖိဳခြင္းဖို႔အတြက္ ည (၁၀) နာရီခန႔္မွာ ရဲတပ္ဖြဲ႕ဝင္ အင္အား (၁၇၀)ခန႔္ ေရာက္ရွိ လာပါတယ္။ အဲဒီအခ်ိန္ လူအုပ္ထဲရွိ အမည္မသိလူ တစ္ဦးက ရဲတပ္ဖြဲ႕ဝင္ေတြၾကား ဗုံးနဲ႔ပစ္ေပါက္တဲ့အ တြက္ ရဲ(၁) ဦး ေသဆုံး၊ (၇)ဦး ဒဏ္ရာရရွိသြားပါတယ္။ ရဲတပ္ဖြဲ႕ဝင္ေတြက ေသနတ္နဲ႔စတင္ပစ္ခတ္ၿပီး အလုပ္သမားေတြက ျပန္လွန္လုံးေထြး ထိုးႀကိတ္ၾကပါတယ္။ ဒီျဖစ္ရပ္မွာ ရဲ (၇)ဦး အရပ္သား (၁)ဦး ေသ ဆုံးၿပီး လူေပါင္းရာခ်ီ ဒဏ္ရာရရွိခဲ့ပါတယ္။
ဗုံးပစ္ေပါက္သူဟာ ဘယ္သူဘယ္ဝါမွန္း မသိရွိရေပမယ့္ အလုပ္ရွင္ေတြက အလုပ္သမားေခါင္း ေဆာင္(၈)ဦးကို လူသတ္မႈနဲ႔တရားစြဲဆိုခဲ့ရာ (၇)ဦး မွာ ေသဒဏ္ခ်မွတ္ခံရပါတယ္။ တျခား အလုပ္သမား (၁)ဦးမွာလည္း ႏွစ္ႀကီးေထာင္ဒဏ္ခ်မွတ္ခံရပါတယ္။
အေမရိကန္ျပည္သူေတြရဲ႕ အလုပ္သမား အခြင့္အေရးေတာင္းဆိုမႈ ေဟးမားကက္အေရးအခင္း ကို အလုပ္ရွင္ေတြဘက္က ေသြးေခ်ာင္းစီး ႏွိမ္ နင္းပစ္ခဲ့ေပမယ့္ ေနာက္ပိုင္း အလုပ္ခ်ိန္ (၈)နာရီ စနစ္နဲ႔ အလုပ္သမားအခြင့္အေရးဥပေဒမ်ားျပ႒ာန္းေရး တိုက္ပြဲဝင္ရာမွာ အေရးပါတဲ့လႈံ႕ေဆာ္မႈတစ္ခုျဖစ္လာခဲ့ ပါတယ္။
ေဟးမားကက္အေရးအခင္း စတင္ျဖစ္ပြားတဲ့ ေမလ(၁)ရက္ကို အျပည္ျပည္ဆိုင္ရာအလုပ္သမား ေန႔အျဖစ္ သတ္မွတ္ထားတာကေတာ့ အေမရိကန္ မွာမဟုတ္ဘဲ(၁၈၈၉)ခုႏွစ္ ျပင္သစ္ႏိုင္ငံပါရီၿမိဳ႕ “Second International” ေခၚ ႏိုင္ငံတကာအလုပ္ သမားပါတီမ်ားအစည္းအ႐ုံးျဖစ္ပါတယ္။ အဲဒီအဖြဲ႕ ေတြဟာ အရင္းရွင္စနစ္ကိုေဝဖန္ၿပီး လူတန္းစားမရွိ ဘုံလူ႔အဖြဲ႕အစည္းျဖစ္ေပၚေရးလႈံ႕ေဆာ္တဲ့ (ဂ်ာမန္ ဒႆနပညာရွင္ သတင္းစာဆရာ) ကားလ္မာ့က္စ္ရဲ႕ ဆိုရွယ္လစ္စနစ္နဲ႔ ကြန္ျမဴနစ္ဝါဒဆိုင္ရာသီအိုရီေတြ ကို တိုက္႐ိုက္ဆက္ခံသူေတြျဖစ္ပါတယ္။ ေနာက္ပိုင္း (၁၉၁၄)ခုႏွစ္ ပထမကမာၻစစ္ျဖစ္ပြားတဲ့အခါ ပါဝင္ တိုက္ခိုက္တဲ့ႏိုင္ငံေတြကို ေထာက္ခံကန႔္ကြက္ မတူညီၾကျခင္းေၾကာင့္ ႏိုင္ငံတကာ အလုပ္သမားပါတီ မ်ား အစည္းအ႐ုံးႀကီး ၿပိဳကြဲသြားရပါတယ္။
ေမလ (၁)ရက္ဟာ ဥေရာပတိုင္းျပည္မ်ား အတြက္ ေႏြဦးရာသီစတင္ဝင္ေရာက္တဲ့ “ေမေဒး” အျဖစ္ မူလကတည္းကရွိခဲ့ၿပီးသားပါ။ ခ်ီကာဂို ေဟး မားကက္သပိတ္ အလုပ္ခ်ိန္ (၈)နာရီေတာင္းဆိုမႈကို ဂုဏ္ျပဳတဲ့အေနနဲ႔ ေမလ (၁)ရက္ကို အျပည္ျပည္ဆိုင္ရာ အလုပ္သမားေန႔အျဖစ္သတ္မွတ္ၿပီး ကမာၻ တစ္ ဝန္းလုံးရွိ အလုပ္သမားအားလုံးပါဝင္ဖို႔ (၁၈၈၉)ခုႏွစ္ ပါရီအလုပ္သမားမ်ား လူထုအစည္းအေဝးက စတင္ ဆုံးျဖတ္ခဲ့တယ္။ ကြန္ျမဴနစ္တို႔ရဲ႕သတ္မွတ္ခ်က္ကို ေအာင့္ေအာင့္ညႇစ္ညႇစ္နဲ႔ လက္ခံလိုက္ရေပမယ့္ (၁၈ ၉၄) ခုႏွစ္ေရာက္မွ အေမရိကန္အစိုးရဟာ သူ႔တိုင္းျပည္ရဲ႕အလုပ္သမားေန႔ကို ေမလ (၁)ရက္အစား စက္ တင္ဘာလထဲ ေ႐ႊ႕ပစ္လိုက္ၿပီး “Labor Day” လို႔ အမည္ေပးျခင္းျဖင့္ ေသြးစြန္းတဲ့အတိတ္ျဖစ္ရပ္ကို ျပည္ ဖုံးကားခ်လိုက္ပါတယ္။
က်ေရာက္လာတဲ့အလုပ္သမားေန႔ကို ဂုဏ္ျပဳေၾကာင္း အေမရိကန္အစိုးရအဆက္ဆက္တို႔က မိန႔္ခြန္းေတြ၊ သဝဏ္လႊာေတြ ထုတ္ျပန္ေလ့ရွိပါတယ္။ ဒါေပမဲ့ အေမရိကန္ႏိုင္ငံတစ္ဝန္းလုံးရွိ အလုပ္ သမား ေတြရဲ႕အခြင့္အေရးေတြကေတာ့ ၿခိမ္းေျခာက္ခံေနရပါ တယ္။ ထရမ့္အစိုးရနဲ႔ ကြန္ဂရက္ လႊတ္ ေတာ္အတြင္းရွိ ေရွး႐ိုးစြဲသမားတို႔ဟာ အလုပ္သမားအကာအကြယ္ ေပးေရး စံခ်ိန္ စံႏႈန္းေတြကိုအားနည္း ေစခဲ့ၿပီး အလုပ္ခြင္စည္းမ်ဥ္းေတြကို ျပင္ဆင္ျဖတ္ေတာက္ကာ အလုပ္သမားသမဂၢတို႔ရဲ႕အခြင့္အေရးေတြ ကိုလည္း ေလွ်ာ့ခ်ခဲ့ၾကပါတယ္။ အလုပ္သမားေတြကို ကာကြယ္ေပးရမယ့္ ျပည္နယ္အာဏာပိုင္ေတြက လည္း ဖက္ဒရယ္အစိုးရရဲ႕လုပ္ရပ္ကို လက္ပိုက္ၾကည့္သလို ျဖစ္ေနပါတယ္။ ဒီအတြက္ အထူးသျဖင့္ Blue states ေခၚ ဒီမိုကရက္တစ္အမ်ားစု လႊမ္းမိုးရာျပည္နယ္ေတြ စုေပါင္းၿပီး ဦးေဆာင္ျပင္ဆင္သင့္ တယ္လို႔ ၿဗိတိန္အေျခစိုက္ “WEEKLY WORKER” (31 August 2025) က အေမရိကန္အလုပ္သမားေန႔ကို ဂုဏ္ျပဳေရးသားပါတယ္။
ပိုမိုအားေကာင္းတဲ့ အလုပ္သမားဥပေဒေတြကိုျပ႒ာန္းႏိုင္ေၾကာင္း၊ အကာအကြယ္ေပးေရးေတြ ကို တစ္ဖက္သတ္ျပ႒ာန္းႏိုင္ၿပီး မလုံၿခဳံတဲ့အေျခ အေနေတြ၊ လုပ္အားခခိုးယူမႈေတြ၊ မတရားသျဖင့္ ခ်ဳပ္ ဆိုထားတဲ့ ကန္ထ႐ိုက္လုပ္ငန္းမ်ားမွ အလုပ္သ မားမ်ားကိုကာကြယ္ေပးရန္စနစ္သစ္မ်ားကို ဖန္တီးႏိုင္ တယ္လို႔အႀကံျပဳထားပါတယ္။ တခ်ိဳ႕ျပည္နယ္ေတြမွာ စမ္းသပ္ေဆာင္႐ြက္လ်က္ရွိၿပီး နယူးဂ်ာစီ၊ ပင္ ဆယ္ေဗးနီးယားနဲ႔ ဒီလာဝဲလ္ျပည္နယ္တို႔မွာ လုပ္အားခ ခိုးယူမႈအကာအကြယ္ေပးေရး ညႇိႏႈိင္းေဆာင္ ႐ြက္ရန္ သေဘာတူညီထားၿပီးျဖစ္ေၾကာင္း၊ တျခားျပည္နယ္တခ်ိဳ႕မွာ အလုပ္ခြင္အကာအကြယ္ေပးမႈေတြ ကိုျပ႒ာန္းၿပီး အလုပ္ရွင္ကုမၸဏီေတြကို တရားစြဲ ဆိုခဲ့ၾကတယ္လို႔ဆိုပါတယ္။ ဒီေလာက္နဲ႔ မလုံေလာက္ ေသးဘဲ သေဘာတူညီခ်က္တခ်ိဳ႕ကိုတားဆီးဖို႔၊ အလုပ္ခြင္ အပူဒဏ္မွ ကာကြယ္ေရးစည္းမ်ဥ္းမ်ား မိတ္ ဆက္ေပးရန္၊ လုပ္အားခခိုးယူမႈေတြကို အႀကီးစား ရာဇဝတ္မႈအျဖစ္ အျပစ္ေပးရန္၊ ျပည္နယ္စာခ်ဳပ္ မ်ား၊ ပင္စင္ရန္ပုံေငြ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအတြက္ ခိုင္မာတဲ့အလုပ္သမားစံႏႈန္းလိုအပ္ခ်က္ေတြအပါအဝင္ ပိုမို ႀကီးမားရဲရင့္တဲ့လုပ္ေဆာင္ခ်က္ေတြျဖစ္လာေစဖို႔ တိုက္တြန္းေရးသားထားပါတယ္။
အေမရိကန္ျပည္ေထာင္စုရွိ အက်ဥ္းေထာင္မ်ားအတြင္း အလုပ္လုပ္ကိုင္သူေတြရဲ႕ အေျခအေန ဟာ အဓိကလူ႔အခြင့္အေရးျပႆနာတစ္ရပ္ အျဖစ္တည္ရွိေနတယ္လို႔ နယူးဂ်ာစီျပည္နယ္အေျခစိုက္ Breaking AC ေဒသႏၲရသတင္းစာ (26 November 2024) က ေရးခဲ့ဖူးပါတယ္။
ေထာင္သားေပါင္း (၈၀ဝ,ဝဝဝ) နီးပါး ခန႔္ဟာ ခ်က္ျပဳတ္တာ၊ သန႔္ရွင္းေရးလုပ္တာနဲ႔ ေဆာက္ လုပ္ေရးလုပ္ငန္းလိုမ်ိဳးအလုပ္ေတြကို လုပ္ကိုင္ေနရတယ္လို႔ သတင္းေတြထြက္ေပၚေနေၾကာင္း၊ ၎တို႔ အနက္ အမ်ားစုမွာ လုပ္ခလစာ လုံးဝမရရွိ သို႔မဟုတ္ အလြန္နည္းပါးတဲ့လုပ္ခကိုသာရရွိေၾကာင္း အလာ ဘားမား၊ ဖေလာ္ရီဒါနဲ႔ တကၠဆက္တို႔လို ျပည္နယ္တခ်ိဳ႕မွာ အက်ဥ္းေထာင္သား အလုပ္သမား အမ်ားစု ကို လုပ္အားခ လုံးဝမေပးေၾကာင္း၊ ေပးတဲ့အခါ မွာလည္း တစ္နာရီကို (၁၃) ဆင့္မွ (၅၂)ဆင့္အထိ သာ ရရွိတတ္ၿပီး ေထာင္အာဏာပိုင္ေတြက လုပ္အားခ ကို အႀကီးအက်ယ္ျဖတ္ေတာက္ထားေၾကာင္း၊ အဲဒီ စနစ္ဟာ ျပည္နယ္အစိုးရေတြနဲ႔ ပုဂၢလိကကုမၸဏီေတြ အတြက္ ႏွစ္စဥ္ ေဒၚလာ ဘီလ်ံေပါင္းမ်ားစြာ ဝင္ေငြရ ရွိေစေၾကာင္း၊ “Apple” “KFC” နဲ႔ ပက္ပ္စီကိုလာတို႔ လို နာမည္ႀကီးေတြအပါအဝင္ ကုမၸဏီ အေတာ္မ်ားမ်ား တို႔ဟာ အက်ဥ္းေထာင္အတြင္း အလုပ္သမားေတြကို အဓမၼအသုံးျပဳမႈနဲ႔ဆက္စပ္ေန ေၾကာင္း၊ ဒီလုပ္ရပ္ဟာ “ကြၽန္စနစ္”ရဲ႕ အႂကြင္းအက်န္လို႔ဆိုႏိုင္ၿပီး အသားအေရာင္ခြဲျခားမႈနဲ႔ အႀကီး အက်ယ္ပတ္သက္ေနတယ္လို႔ ေရးပါတယ္။
ႏိုင္ငံေပါင္း(၁၆၀)ခန႔္က အလုပ္သမား သမဂၢေတြကိုစုစည္းထားတဲ့ International Trade Union Confederation (ITUC) နဲ႔ American Civil Liberties Union (ACLU) ေခၚ အေမရိကန္ အရပ္ဘက္ မူလအခြင့္အေရးမ်ားကာကြယ္ေရးအဖြဲ႕ေတြက အေမရိကန္အက်ဥ္းေထာင္ေတြအတြင္း အတင္းအဓမၼ အလုပ္ခိုင္းေစမႈ ပေပ်ာက္ေရး၊ တရားမွ်တတဲ့လုပ္အားခရရွိေရးနဲ႔ အလုပ္သမားေတြရဲ႕အခြင့္အေရးကို ကာကြယ္ေပးေရး ေတာင္းဆိုလ်က္ရွိေၾကာင္း၊ မင္နီဆိုးတားျပည္နယ္မွ တက္ႂကြလႈပ္ရွားသူေတြဟာ ေျပာင္းလဲမႈအတြက္ ဦးေဆာင္လႈပ္ရွားေနၾကတယ္လို႔ ဆိုပါတယ္။