ဒိုင်ဈေး တစ်အိတ် တစ်သိန်းခွဲအထိ မြင့်တက်ခဲ့သော ဆန်ချောဈေးပြန်ကျလာ

6224

NP News - စက်တင်ဘာ ၁
ဘုရင့်နောင်နှင့် ဝါးတန်းဆန်ဒိုင်များတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် တစ်သိန်းခွဲ နှင့် ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် တစ်သိန်းနှစ်သောင်းအထိ မြင့်တက်ခဲ့သည့် ဆန်ချောဈေးနှုန်းသည် ပြန်လည်ကျဆင်းလာကြောင်း ဆန်ကုန်စည်ဒိုင်များမှ သိရသည်။
ဆန်ချော ဈေးနှုန်းသည် ဩဂုတ်လလယ်မှစတင်ကာ တစ်အိတ်လျှင် နှစ်သောင်း ဝန်းကျင်ခန့်မြင့်တက်ခဲ့ပြီး လက်ရှိ တွင် တစ်သောင်းခွဲမှ နှစ်သောင်းအထိ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။
“အမြင့်ဈေးနဲ့ပဲ ရှိနေတယ် အရောင်းအဝယ်အေးသွားလို့ ဆန်ဈေးပြန်ကျလာတဲ့ သဘောပါပဲ။ အခြေခံလူတန်းစား တွေက ဆန်ကြမ်း ဧည့်မထတွေကို ပြောင်းလဲသုံးစွဲလာတာကြောင့်လည်း ဆန်ဈေးပြန်ကျလာတာပါ။ ရန်ကုန်ကို တော့ ဆန်အဝင်ပုံမှန်ပဲရှိတယ်” ဟု ဝါးတန်းဆန်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိ ဆန်ပေါက်ဈေးမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် တစ်သိန်းနှစ်သောင်း နှင့် ဧရာဝတီပေါ်ဆန်း တစ်အိတ် လျှင် တစ်သိန်းဝန်းကျင်ရှိပြီး လက်လီဆိုင်များတွင် ဆန်ချောပေါ်ဆန်းမွေး တစ်ပြည်လျှင် ၆၅ဝဝ ကျပ် ဝန်းကျင် အထိ အမြင့်ဆုံးပေါက်ဈေးရှိနေသည်။
ရက်ကိုးဆယ် နှင့် ဧည့်မထဆန်များမှာ တစ်အိတ်လျှင် ခုနှစ်သောင်းဝန်းကျင်ဖြင့် တည်ငြိမ်နေသည်။ ပြည်တွင်း ဆန်ဈေးနှုန်းကျဆင်းစေရန် ဆန်စပါးအသင်းချုပ်က အရန်ဆန်များ ရောင်းချပေးနေခြင်းကြောင့် ဆန်ချောသုံးစွဲသူ ကျဆင်းသွားပြီး လက်လီဈေးများလည်း ကျဆင်းနေကြောင်း သိရသည်။

Zawgyi Version;
ဒိုင္ေဈး တစ္အိတ္ တစ္သိန္းခြဲအထိ ျမင့္တက္ခဲ့ေသာ ဆန္ေခ်ာေဈးျပန္က်လာ
NP News - စက္တင္ဘာ ၁
ဘုရင့္ေနာင္ႏွင့္ ဝါးတန္းဆန္ဒိုင္မ်ားတြင္ ေ႐ႊဘိုေပၚဆန္းတစ္အိတ္လွ်င္ တစ္သိန္းခြဲ ႏွင့္ ဧရာဝတီေပၚဆန္း တစ္အိတ္လွ်င္ တစ္သိန္းႏွစ္ေသာင္းအထိ ျမင့္တက္ခဲ့သည့္ ဆန္ေခ်ာေဈးႏႈန္းသည္ ျပန္လည္က်ဆင္းလာေၾကာင္း ဆန္ကုန္စည္ဒိုင္မ်ားမွ သိရသည္။
ဆန္ေခ်ာ ေဈးႏႈန္းသည္ ဩဂုတ္လလယ္မွစတင္ကာ တစ္အိတ္လွ်င္ ႏွစ္ေသာင္း ဝန္းက်င္ခန႔္ျမင့္တက္ခဲ့ၿပီး လက္ရွိ တြင္ တစ္ေသာင္းခြဲမွ ႏွစ္ေသာင္းအထိ ျပန္လည္က်ဆင္းလာျခင္းျဖစ္သည္။
“အျမင့္ေဈးနဲ႔ပဲ ရွိေနတယ္ အေရာင္းအဝယ္ေအးသြားလို႔ ဆန္ေဈးျပန္က်လာတဲ့ သေဘာပါပဲ။ အေျခခံလူတန္းစား ေတြက ဆန္ၾကမ္း ဧည့္မထေတြကို ေျပာင္းလဲသုံးစြဲလာတာေၾကာင့္လည္း ဆန္ေဈးျပန္က်လာတာပါ။ ရန္ကုန္ကို ေတာ့ ဆန္အဝင္ပုံမွန္ပဲရွိတယ္” ဟု ဝါးတန္းဆန္ဒိုင္မွ ကုန္သည္တစ္ဦးက ေျပာသည္။
လက္ရွိ ဆန္ေပါက္ေဈးမွာ ေ႐ႊဘိုေပၚဆန္းတစ္အိတ္လွ်င္ တစ္သိန္းႏွစ္ေသာင္း ႏွင့္ ဧရာဝတီေပၚဆန္း တစ္အိတ္ လွ်င္ တစ္သိန္းဝန္းက်င္ရွိၿပီး လက္လီဆိုင္မ်ားတြင္ ဆန္ေခ်ာေပၚဆန္းေမြး တစ္ျပည္လွ်င္ ၆၅ဝဝ က်ပ္ ဝန္းက်င္ အထိ အျမင့္ဆုံးေပါက္ေဈးရွိေနသည္။
ရက္ကိုးဆယ္ ႏွင့္ ဧည့္မထဆန္မ်ားမွာ တစ္အိတ္လွ်င္ ခုႏွစ္ေသာင္းဝန္းက်င္ျဖင့္ တည္ၿငိမ္ေနသည္။ ျပည္တြင္း ဆန္ေဈးႏႈန္းက်ဆင္းေစရန္ ဆန္စပါးအသင္းခ်ဳပ္က အရန္ဆန္မ်ား ေရာင္းခ်ေပးေနျခင္းေၾကာင့္ ဆန္ေခ်ာသုံးစြဲသူ က်ဆင္းသြားၿပီး လက္လီေဈးမ်ားလည္း က်ဆင္းေနေၾကာင္း သိရသည္။