ကညနမှ ကားမူရင်း မှန်/မမှန် စစ်ဆေးမှုများကို မနက်ဖြန် ပြန်လည်လက်ခံမည်

3813
NP News - စက်တင်ဘာ ၅
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)က ကားမူရင်း မှန်/မမှန် စစ်ဆေးမှုများ ရပ်နားထားရာမှ မနက်ဖြန် (စက်တင်ဘာလ ၆ရက်)မှစတင်ပြီး ပြန်လည်လက်ခံစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကားအုံနာဘုတ်မူရင်း နှင့် တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ရာ တိုက်ကြေကားများ၊ ဖောက်စွပ်ကားများ အပါအဝင် ဈေးကွက်အတွင်း အငြင်းပွါးနေသည့် ကားအရောင်းအဝယ်ကိစ္စများအတွက် အဆင်ပြေနိုင်မည်ဟု ကားဝယ်ရောင်းးသမားများကပြောသည်။
“ယာဉ်စစ်ပိတ်ထားတာသုံးလလောက်ရှိပြီ။ လိုင်စင်သက်တမ်းတိုးရင်တောင် ယာဉ်မစစ်ဘဲတိုးပေးနေတာ။ အခုပြန်စစ်ပေးရင်တော့ ကားအရောင်းအဝယ်ကိစ္စတွေက ပြဿနာတွေပြေလည်လာနိုင်တာပေါ့”ဟု ကားဝယ်ရောင်းအသင်းရန်ကုန်မှ ဒုဥက္ကဋ္ဌကပြောသည်။
ယာဉ်စစ်ဝင်လိုသူများသည် သက်ဆိုင်ရာမြို့နယ် ခရိုင် ကညနရုံးများတွင် အွန်လိုင်းမှတဆင့် လျှောက်ထားရမည်ဖြစ်ပြီး တစ်ရက်လျှင်ကားအစီးရေ ၅၀ ခန့်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အုံနာဘုတ်နှင့်ကွဲလွဲသော တိုက်ကြေ၊ ဖောက်စွပ်ကားများကို အုံနာဘုတ်သိမ်းဆည်းကာ တိုက်ကြေစလစ်ထုတ်ပေးမည်ဟုသိရသည်။
zawgyi version
ကညနမွ ကားမူရင္း မွန္/မမွန္ စစ္ေဆးမႈမ်ားကို မနက္ျဖန္ ျပန္လည္လက္ခံမည္
NP News - စက္တင္ဘာ ၅
ကုန္လမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန(ကညန)က ကားမူရင္း မွန္/မမွန္ စစ္ေဆးမႈမ်ား ရပ္နားထားရာမွ မနက္ျဖန္ (စက္တင္ဘာလ ၆ရက္)မွစတင္ၿပီး ျပန္လည္လက္ခံစစ္ေဆးေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ကားအုံနာဘုတ္မူရင္း ႏွင့္ တိုက္ဆိုင္စစ္ေဆးမည္ျဖစ္ရာ တိုက္ေၾကကားမ်ား၊ ေဖာက္စြပ္ကားမ်ား အပါအဝင္ ေဈးကြက္အတြင္း အျငင္းပြါးေနသည့္ ကားအေရာင္းအဝယ္ကိစၥမ်ားအတြက္ အဆင္ေျပႏိုင္မည္ဟု ကားဝယ္ေရာင္းးသမားမ်ားကေျပာသည္။
“ယာဥ္စစ္ပိတ္ထားတာသုံးလေလာက္ရွိၿပီ။ လိုင္စင္သက္တမ္းတိုးရင္ေတာင္ ယာဥ္မစစ္ဘဲတိုးေပးေနတာ။ အခုျပန္စစ္ေပးရင္ေတာ့ ကားအေရာင္းအဝယ္ကိစၥေတြက ျပႆနာေတြေျပလည္လာႏိုင္တာေပါ့”ဟု ကားဝယ္ေရာင္းအသင္းရန္ကုန္မွ ဒုဥကၠ႒ကေျပာသည္။
ယာဥ္စစ္ဝင္လိုသူမ်ားသည္ သက္ဆိုင္ရာၿမိဳ႕နယ္ ခ႐ိုင္ ကညန႐ုံးမ်ားတြင္ အြန္လိုင္းမွတဆင့္ ေလွ်ာက္ထားရမည္ျဖစ္ၿပီး တစ္ရက္လွ်င္ကားအစီးေရ ၅၀ ခန႔္စစ္ေဆးေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အုံနာဘုတ္ႏွင့္ကြဲလြဲေသာ တိုက္ေၾက၊ ေဖာက္စြပ္ကားမ်ားကို အုံနာဘုတ္သိမ္းဆည္းကာ တိုက္ေၾကစလစ္ထုတ္ေပးမည္ဟုသိရသည္။