အရှေ့အလယ်ပိုင်းဒေသအကျပ်အတည်းကို ရုရှားနဲ့တရုတ်သမ္မတတို့ ဆွေးနွေး

 275

Pika (NP News) - ဇွန် ၂၁
အစ္စရေးနဲ့အီရန်တို့ကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ ပြေလည်မှုရရှိအောင်ကူညီပေးဖို့ ရုရှားအစိုးရက အဆင်သင့်ရှိတယ် ဆိုတာကို တရုတ်သမ္မတရှီကျင့်ဖျင်ကို ရုရှားသမ္မတပူတင်ကပြောကြားခဲ့တယ်လို့ သိရပါတယ်။ အရှေ့အလယ်ပိုင်း ဒေသမှာ ပိုမိုဆိုးရွားလာတဲ့ပဋိပက္ခကို အာရုံစိုက်တဲ့ ပူတင်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ဖုန်းခေါ်ဆိုမှုအပြီးမှာ ယခုလို ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အချိန်(၁)နာရီခန့်ကြာမြင့်ခဲ့တဲ့ အဲဒီဖုန်းခေါ်ဆိုမှုကို အပြုသဘောဆောင်တဲ့ဖုန်းခေါ်ဆိုမှုတစ်ခုအဖြစ် ရုရှားအစိုးရ တာဝန်ရှိသူ Yury Ushakov က ဖော်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် ရုရှားနဲ့တရုတ်တို့ဟာ အီရန်-အစ္စရေးစစ်ပွဲနဲ့ပတ်သက်ပြီး တူညီတဲ့ချဉ်းကပ်မှုတွေကို မျှဝေခဲ့ကြတယ်လို့ Yury Ushakov က ပြောကြားခဲ့ပါတယ်။ ပြီးတော့ ပူတင်နဲ့ရှီကျင့်ဖျင်တို့ဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တဲ့ အစ္စရေးရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။
Yury Ushakov က “လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲ ဒါမှမဟုတ် အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ဆက်စပ်တဲ့ ပြဿနာ တွေအတွက် စစ်ရေးအရဖြေရှင်းချက်တွေမရှိဘူးဆိုတာကို ရုရှားနဲ့တရုတ်တို့က ယုံကြည်ပါတယ်။ ဒါကို နိုင်ငံရေးနဲ့ သံတမန်နည်းလမ်းအရ သီးသန့်ဖြေရှင်းမှုတွေ လုပ်ဆောင်ရမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေရွ႕အလယ္ပိုင္းေဒသအက်ပ္အတည္းကို ႐ုရွားနဲ႔တ႐ုတ္သမၼတတို႔ ေဆြးေႏြး
Pika (NP News) - ဇြန္ ၂၁
အစၥေရးနဲ႔အီရန္တို႔ၾကားျဖစ္ပြားေနတဲ့စစ္ပြဲမွာ ေျပလည္မႈရရွိေအာင္ကူညီေပးဖို႔ ႐ုရွားအစိုးရက အဆင္သင့္ရွိတယ္ ဆိုတာကို တ႐ုတ္သမၼတရွီက်င့္ဖ်င္ကို ႐ုရွားသမၼတပူတင္ကေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။ အေရွ႕အလယ္ပိုင္း ေဒသမွာ ပိုမိုဆိုး႐ြားလာတဲ့ပဋိပကၡကို အာ႐ုံစိုက္တဲ့ ပူတင္နဲ႔ ရွီက်င့္ဖ်င္တို႔ရဲ႕ဖုန္းေခၚဆိုမႈအၿပီးမွာ ယခုလို ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အခ်ိန္(၁)နာရီခန႔္ၾကာျမင့္ခဲ့တဲ့ အဲဒီဖုန္းေခၚဆိုမႈကို အျပဳသေဘာေဆာင္တဲ့ဖုန္းေခၚဆိုမႈတစ္ခုအျဖစ္ ႐ုရွားအစိုးရ တာဝန္ရွိသူ Yury Ushakov က ေဖာ္ျပေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ႐ုရွားနဲ႔တ႐ုတ္တို႔ဟာ အီရန္-အစၥေရးစစ္ပြဲနဲ႔ပတ္သက္ၿပီး တူညီတဲ့ခ်ဥ္းကပ္မႈေတြကို မွ်ေဝခဲ့ၾကတယ္လို႔ Yury Ushakov က ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ ပူတင္နဲ႔ရွီက်င့္ဖ်င္တို႔ဟာ ႏိုင္ငံတကာဥပေဒကိုခ်ိဳးေဖာက္တဲ့ အစၥေရးရဲ႕လုပ္ရပ္ေတြကို ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။
Yury Ushakov က “လက္ရွိျဖစ္ပြားေနတဲ့စစ္ပြဲ ဒါမွမဟုတ္ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ဆက္စပ္တဲ့ ျပႆနာ ေတြအတြက္ စစ္ေရးအရေျဖရွင္းခ်က္ေတြမရွိဘူးဆိုတာကို ႐ုရွားနဲ႔တ႐ုတ္တို႔က ယုံၾကည္ပါတယ္။ ဒါကို ႏိုင္ငံေရးနဲ႔ သံတမန္နည္းလမ္းအရ သီးသန႔္ေျဖရွင္းမႈေတြ လုပ္ေဆာင္ရမွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.