ညောင်ပင်ပေါ်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု ရန်ကုန်၌ဖြစ်ပွား

 9708

သန့်ဇင်(NP News) - စက်တင်ဘာ ၇

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ ညောင်ပင်တစ်ပင်ပေါ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၇ ရက်)၊ နံနက် ၁၁ နာရီအချိန်တွင် ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ မင်းရဲကျော်စွာလမ်းပေါ်ရှိ ညောင်ပင်ပေါ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဖြစ်တာက မနက်ကဖြစ်တာပါ။ ဘယ်သူဘယ်ဝါရယ်နဲ့ ဘာကြောင့်ဆိုတာတွေတော့မသိရသေးပါဘူး။ သူနဲ့ပတ် သက်တဲ့အချက်အလက်တွေက တစ်ခုမှမရသေးတော့လေ”ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ကြိုးဆွဲချသေဆုံးသည့် အမျိုးသားသည် အသက်(၂၈)နှစ်ဝန်းကျင်အရွယ်ခန့်ဖြစ်ပြီး မိသားစုနှင့် အဆက် အသွယ်မရရှိသေးကြောင်း သိရသည်၊

“လက်ရှိတော့မိသားစုနဲ့အဆက်အသွယ်တွေမရသေးပါဘူး။ အဲဒီအတွက်လည်း သက်ဆိုင်ရာက စုံစမ်းနေတုန်းပါ။ အလောင်းကိုတော့ ရန်ကုန်ဆေးရုံကြီးက ရင်ခွဲရုံကိုပို့ထားပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသားအား လင်းလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံးကြီးရှိ ရင်ခွဲရုံသို့ပို့ဆောင်ကူညီပေးခဲ့ပြီး မိသားစုနှင့်အဆက်အသွယ်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။

zawgyi version
ေညာင္ပင္ေပၚ၌ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈ ရန္ကုန္၌ျဖစ္ပြား
သန႔္ဇင္(NP News) - စက္တင္ဘာ ၇

ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕နယ္ရွိ ေညာင္ပင္တစ္ပင္ေပၚတြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း လင္းလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၇ ရက္)၊ နံနက္ ၁၁ နာရီအခ်ိန္တြင္ ဒဂုံၿမိဳ႕နယ္၊ ၿမိဳ႕မေက်ာင္းလမ္း၊ မင္းရဲေက်ာ္စြာလမ္းေပၚရွိ ေညာင္ပင္ေပၚတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ျဖစ္တာက မနက္ကျဖစ္တာပါ။ ဘယ္သူဘယ္ဝါရယ္နဲ႔ ဘာေၾကာင့္ဆိုတာေတြေတာ့မသိရေသးပါဘူး။ သူနဲ႔ပတ္ သက္တဲ့အခ်က္အလက္ေတြက တစ္ခုမွမရေသးေတာ့ေလ”ဟု လင္းလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ႀကိဳးဆြဲခ်ေသဆုံးသည့္ အမ်ိဳးသားသည္ အသက္(၂၈)ႏွစ္ဝန္းက်င္အ႐ြယ္ခန႔္ျဖစ္ၿပီး မိသားစုႏွင့္ အဆက္ အသြယ္မရရွိေသးေၾကာင္း သိရသည္၊

“လက္ရွိေတာ့မိသားစုနဲ႔အဆက္အသြယ္ေတြမရေသးပါဘူး။ အဲဒီအတြက္လည္း သက္ဆိုင္ရာက စုံစမ္းေနတုန္းပါ။ အေလာင္းကိုေတာ့ ရန္ကုန္ေဆး႐ုံႀကီးက ရင္ခြဲ႐ုံကိုပို႔ထားပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသားအား လင္းလက္လူမႈကူညီေရးအသင္းမွ ရန္ကုန္ျပည္သူ႔ေဆး႐ုံးႀကီးရွိ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ကူညီေပးခဲ့ၿပီး မိသားစုႏွင့္အဆက္အသြယ္ရရွိရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္းသိရသည္။

Picture

L Mone

07/09/2023 20:05

သတင်းတွေက အစအပါ..အဆုံးမပါ..နာမည်မပါ..နာမည်ပါတော့လည်း.. အကြောင်းစုံမသိရဖြစ်နေတယ်ဗျာ...လူငယ်တွေကို...သနားနေမိသူ...တစ်ဦးအနေနဲ့ စိတ်မကောင်းအရမ်းဖြစ်ရပါတယ်..

Related news

© 2021. All rights reserved.